Ads (728x90)


မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
ဝ ခုကြွင်းလျှင်
ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၎ ခုကြွင်းလျှင်
၎ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၎ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၎ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၎ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၎ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၎ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၎ခုကြွင်းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
😃😃😃😃😃😃😃😃😃😃😃😃
သိုက်ဖွားဟောကိန်း
စိတ်ကူးတွေနဲ့ ဖန်တီးလို့မရ၊ အမြဲတမ်းလက်တွေ့ကျကျပဲအဆင်ပြေမည်။ စိတ်ကူးစိတ်သန်းတွေနဲ့ ရေရှည်ရည်မှန်းပြီးလုပ်သမျှ အဆင်ပြေဖို့မလွယ်။ ဘဝကိုလက်တွေကျကျ အကောင်အထည်ဖော်နိုင်မှရမည်။ အလုပ်ကိုလဲ အပင်ပန်းခံပြီးလုပ်ရမဲ့ ဇာတာပေါ့။ သူများတွေ တစ်နှစ်ထဲကြိုးစားပြီးအောင်မြင်တဲ့အလုပ်ကို ကိုယ်က သုံးနှစ်လောက်ကြိုးစားရမည်။ အလုပ်နှင့် လက်နဲ့မပြတ် လုပ်တတ်ပေမဲ့ မကြာခဏ ကြွေးတင်နေတတ် သည်။ လက်ထဲငွေပြတ်နေတယ်။ မိမိကစည်းကမ်းရှိသည်။ ငွေကိုစနစ်တကျသုံး တတ်သော်လည်း မိသားစုကြောင့် ကျန်းမာရေးကြောင့် ငွေသုံးရတတ်သည်။
မိမိကိုယ်တိုင်ကလဲ အလုပ်မရှိရင်မနေတတ်။ တစ်ခုခုအမြဲလုပ်နေတတ်သည်။ လုပ်သလောက် အလုပ်အကျိုးမခံစားရတတ်ပေ။ အလုပ်ကံညံ့သည်။ နှစ်ပေါင်းများစွာလုပ်ပြီး ရာထူးမတိုးတာ လစာမတိုးတာမျိုးကြုံရတတ်တယ်။ ဘယ်လောက်လုပ်လုပ်အကောင်းပြောမခံရတတ်။ မကြာခဏ စေတနာဝန်ထမ်း လုပ်နေရမည်။ အိတ်စိုက်လုပ်ရမည်။
တာဝန်ကျေပွန်အောင်လုပ်ပေးပေမဲ့ နောက်ကွယ်မှာ
အပြစ်ပြောခြင်းခံရမည်၊
မိမိကစိတ်ကောင်းရှိသည်။ သည်းခံစိတ်ရှိသည်။ လူအများကိုလဲ ခင်တွယ်စိတ်ရှိတယ်။ မိမိက ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ဆိုးနေတတ်သည်။ ကလေးတစ်ယောက်လို စိတ်ကောက်လိုက် စိတ်ပြေလိုက် မကြာခဏဖြစ်တတ်သည်။ မိမိသည် အပေါင်းအသင်းများသည်။ ဒါပေမဲ့ ရေရှည်လက်မတွဲတတ်။ အပေါင်းအသင်းသစ်တွေနဲ့ လဲ အမြဲတွေ့နေတတ်တဲ့အဖွားတွေပါပဲ။ အပျိုကြီး လူပျိုကြီးတွေလဲ ဖြစ်လွယ်ကြတယ်။ မိမိသည် လူအပင်ပန်းခံနိုင်ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။ ဒါပေမဲ့ကံကလဲ စိတ်ပင်ပန်းအမြဲခံရမည်။ တစ်ယောက်ထဲဆို အားငယ်နေတတ်သည်။ ဝမ်းနည်းနေတတ်သည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေတတ်သည်။ အလုပ်တစ်ခု ကိုယ်လဲမိမိဆုံးဖြတ်ချက်ဖြင့်မဆုံးဖြတ်နိုင်ပါ။ အမြဲသူများဆီက အကြံဉာဏ်တောင်းနေရတတ်သည်။
မိမိက ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ ခင်မင်အောင်နေတတ်တယ်။ မိမိက တစ်ပါးသူကို အထင်ကြီးပြီး အယုံလွယ်တတ်တဲ့ အတွက်အလိမ်ခံရတတ်တယ်။မိမိကစိတ်အပြောင်းအလဲမြန်တယ်။ တစ်ခုမပြီးသေးခင်နောက်အသစ်တစ်ခုလုပ်တတ် တယ်။ မိမိကကံကိုယ်ယုံကြည်သည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့
ခံယူထားသည်။ စိတ်ရှည်ပြီး မည်သည့်အလုပ်ကိုယ်မဆို သေသပ်စွာ လုပ်တတ်သည်။ မိမိကလဲ အများအထင်ကြီး အောင်လဲနေတတ်ကြသည်။
နှုတ်မှုရေးရာ ၊ အနုပညာ အလုပ်တွေ နဲ့အောင်မြင်တတ်သည်။ သိပ်မရင်းနှီးတဲ့သူဆို မိမိက စကားနည်းတဲ့သူလိုထင်ရပေမဲ့ မိမိကအရမ်းရင်းနှီးရင်တော့ စကားကိုကရားရေလွှတ်ပြောတတ်သူပါ။ စကားကိုအတုံးအလိုက်ပြောတတ်သည်။ ချီးကျူးစရာရှိလျှင် အလွန်အကျူး ချီးကျူးတတ်သလို အပြစ်တွေ့ရင်လဲ အာမနားတမ်းပြောတတ်တဲ့ အကျင့်ရှိသူပါ။ ဘွင်ဘွင်ရှင်းရှင်းပြောတတ်သည်။ မသွယ်ဝိုက်တတ်ပေ။
မိမိသည် စိတ်ကူးအလွန်ယဉ်သည်။ စိတ်ကူးနဲ့ လေထဲတိုက်အိမ်ဆောက်နေတတ်သည်။ စိတ်ကူးထားတာ ဖြစ်မလာရင်လဲ လွန်စွာ စိတ်ဓာတ်ကျတတ်သည်။ မိမိကထိုသို့ စိတ်ကူးနဲ့လုပ်မရပါ။ လက်တွေ့လုပ်ပါ။ အလုပ်ထဲကမှ ဘဝအတွက်အဆီအနှစ်တွေထုတ်ယူပါ။ လက်တွေဘဝကနေ အောင်မြင်မှုရှာပါ။ ။
ငြိမ်းအေးလူ( ဗေဒင်သုတေသီ)


Post a Comment

Blogger Disqus
  1. သိုက်ဖွားဟောကိန်း (မြန်မာ မဟာဘုတ်ဗေဒင်ပညာ) >>>>> Download Now

    >>>>> Download Full

    သိုက်ဖွားဟောကိန်း (မြန်မာ မဟာဘုတ်ဗေဒင်ပညာ) >>>>> Download LINK

    >>>>> Download Now

    သိုက်ဖွားဟောကိန်း (မြန်မာ မဟာဘုတ်ဗေဒင်ပညာ) >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...