ဂျန်ဇီ ပြည်နယ်မှာ မြစ်ရေလျှံမှုတွေ ဖြစ်ခဲ့စဉ် ကလေးငယ် ၃ဦး မြစ်ထဲမျောပါသွားခဲ့တာကို ကူရှာပေးဖို့ ရောက်ရှိလာတဲ့ အဲဒီပုဂ္ဂိုလ်ဟာ သူစီးလာတဲ့ သားရေ ရှူးဖိနပ် ရေစိုသွားမှာ စိုးရိမ်ခဲ့ပုံ ရပါတယ်။
အခုလို လက်အောက်ငယ်သားက ကုန်းပိုး ချီပို့ပေးရတာဟာ မလျော်ကန်တဲ့ လုပ်ရပ်အဖြစ် သူ့ရဲ့ အထက်အရာရှိတွေက ဆုံးဖြတ်ခဲ့ပြီး အခုလို အလုပ်ထုတ်လိုက်တာပါ။
အင်တာနက်ပေါ်မှာ အဲဒီ ဓာတ်ပုံတွေ ပျံ့နှံ့သွားအပြီးမှာ လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို အင်တာနက်တွေပေါ်ကနေ ထောက်ပြ ဝေဖန်လေ့ ရှိပါတယ်။
BBC Burmese


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။