ဒီနေ့  လက်ဘက်ရည်ဆိုင်ထိုင်တော့ မျက်လုံး ထဲ ခရော့ စ် ဖြစ်တာတွေ တွေ့ လိုက်ရပါတယ်...
ဆိုင်ထဲ ကို ကိုရင် ငယ် တစ်ပါး (အသက် ၆ နှစ်ခန့်  ) ဆွမ်းခံကြွ ပါတယ်... တစ်ချို့  ၀ိုင်းတွေ က ငွေ အကြွေ လှူကြပါတယ်.. တစ်ချို့  က မသိချင်ယောင်ဆောင်ကြပါ တယ်.. တစ်ချို့  ၀ိုင်း က လက်ကာ ပြ ပါတယ်... ကိုရင် ကတော့ ခေါက်ရိုး ကျိုး နေလို့ လား မသိ ဘာမှ ထွေထွေ ထူးထူး ခံစား ရတဲ့ ပုံ မပေါ်ပါဘူး ....... ကိုရင်တော်တော်များများ လည်း ဒီလို မျိုး ကြုံဖူးမယ်လို့  ယူဆပါတယ်...
တကယ်တော့ ကိုယ်ထက် ဘုန်ကံကြီး တဲ့  သူ ကို ရိုသေကန် တော့ရတာချစ်စရာကောင်းလှတဲ့  မြန်မာဓလေ့ပါ ..(ယိုးဒယားလို တွေ့ ကရာ လက်အုပ်ချီတာ မျိုးမဟုတ် ).. အခုခေတ်လူငယ်တွေမှာ ဒီလို ဓလေ့တွေ ခေတ်မစားတော့ဘူးလား လို့  စိတ်မကောင်းဖြစ်မိပါတယ်..
(( ဘုန်းကံဆိုတာ အသက်ကြီးတာ ငယ်တာ ၊ အာဏာရှိတာ မရှိတာ၊ ထင်ပေါ်ကျော်ကြားတာ မကျော်ကြား တာ နဲ့  တိုင်းတာ လို့ မရပါဘူး ... သူ သီလ ၊သမာဓိ၊ပညာ ဘယ်လောက်ပြည့်စုံလဲ ဆိုတာ နဲ့  တိုင်းတာ ပါတယ်... (ပညာဆိုတာ ခေတ်ပညာမဟုတ်.. အရာရာ ကို ထိုးထွင်းသိမြင်သော ဥာဏ် )ဒီတော့ ကျတော်တို့ လို ငါးပါးသီလ စောင့်ရတဲ့ သာမန် လူသား နဲ့  ၁၀ ပါးသီလ စောင့်ပြီး သိက္ခာပုဒ် ၁၀၉ ပါး ကို စောင့်စည်းရတဲ့ ကိုရင်ငယ် နှိုင်းယှဉ်လိုက်ရင် မိုးနဲ့ မြေလောက် ကို ကွာ ပါ တယ်.... ))
ကျတော်တို့ လို လူတွေ အနေနဲ့  အများဆုံးလုပ်နိုင်တာ ၈ ပါးသီလ ဥပုပ် နဲ့  မေတ္တာပွားလို သူတွေ အတွက် ၉ ပါးသီလ စောင့်တာ ..ဒါအလွန်ဆုံးပါပဲ....
ဒါနဲ့  ပတ်သက်ပြီး ကျတော် ကိုယ်တိုင်ကြုံ ခဲ့ ရတဲ့ ကိုရင် ငယ် တစ်ပါး ကို လူတွေ သူဖုန်းစားလို သနားနေကြတဲ့  အဖြစ်တစ်ခု ပြောချင်လာပါတယ်....ဒါကို မပြောခင် ဗလီရှေ့ မှာ တောင်းရမ်းစားသောက်နေတဲ့  အစ္စလမ် ကလေးငယ် အကြောင်း ကို အရင် ပြောပါမယ်... နှိုင်ယှဉ်ပြချင်လို့ ပါ
ည 8နာရီခွဲ ကိုးနာရီ ၀န်ကျင်လောက်..သမိုင်းလမ်းဆုံ City Mark ရှေ့ မှာဗလီအုပ်ထုတ်ဆောင်းထားသော (၇)နှစ် ၀န်ကျင်ခန့်  ကလေးတစ်ယောက် နဲ့  သူ့ ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်နေတဲ့  ၃ နှစ် အရွယ် ခန့်  ကလေးတစ်ယောက် တောင်းရမ်း နေတာ ကို တွေ့ လိုက်ရပါတယ်... အဲ့ဒီကလေး ကိုင်ထားတဲ့  ငွေတွေမှာ တစ်ထောင်တန်တွေရော ငါးရာတန်တွေ ရောတော်တော်များများ အထပ်လိုက် ကိုင်ထားတာကိုလည်း သတိထားမိပါတယ်.. ( ၅ထောင် ၀န်ကျင်လောက်ရှိမလား ပဲ )ဒါနဲ့  ကျတော်လည်း အမြင်မတော် တာ နဲ့ .. ကလေးငယ်ဆီကို ငွေ ၂၀၀ ပေးပြီး ပိုက်ဆံတွေ သိမ်းထားဖို့ သတိပေးလိုက်ပါတယ်.. ကလေးငယ်ကလည်း ဖော်ရွေစွာပဲ သူ ဗလီမှာနေတဲ့  အကြောင်း ယခုပဲ သိမ်းပါ့မယ်ဆိုတဲ့ အကြောင်း ပြောပြီး သူ နေတဲ့ ဗလီ ကို လက်ညိုးထိုးပြပါတယ်... ကျတော်လည်း စိတ်မချ တစ်ချ နဲ့  ထွက်လာလိုက်ပါတယ် ... မလှမ်းမကမ်းရောက်တော့မှ ကလေးစကားနားထောင်ရဲ့ လား လို့  လှည့်အကြည့်မှာတော့......
ကလေးငယ်ကို ပ၀ါအမဲရောင် တစ်ကိုယ်လုံးခြုံ ထားတဲ့  (ဘိုခါ ခေါ်မလား ) အမျိုးသမီး တစ်ဦး က စောင့်ကြောင့်ထိုင်ပြီး ကလေးကို ပိုက်ဆံပေးနေတဲ့  မြင်ကွင်း ကို တွေ့ လိုက်ရပါတယ်... စကားတွေလည်း ပြောနေပုံပါပဲ ... ဒီမြင်ကွင်းကြောင့် ကျတော် စိတ်ထဲ ဘာကြောင့်မှန်းမသိ ပီတိ ဖြစ်သွားမိပါရဲ့ ... ပြောချင်တာက အစ္စလမ် ဘာသာဝင်တွေ ဟာ ဗုဒ္ဓဘာသာနိုင်ငံမှာ အခြေချ နေထိုင်ပေမဲ့  သူတို့ ရဲ့  ဘာသာဝင်အချင်းချင်း ကို ရိုင်းပင်းကူညီမှု ဟာ ကျတော်တို့ ထက်သာပါတယ်... ဟုတ်တယ်.. ကျတော်တို့ ထက်သာတယ်... ဘာကြောင့် ဒီစကားပြောသလဲ ဆိုရင် .....
လွန်ခဲ့  တဲ့  သုံးနှစ်ခန့် က မဟာဗန္ဓုလ ပန်းခြံ အပြင်ဘက်မှာ ကြုံခဲ့ ရတဲ့  အဖြစ်တစ်ခု ကို သတိရသွားစေလို့ ပါပဲ...
ကိုရင်ငယ်တစ်ပါးဟာ ပန်းခြံ နံရံ ကို မှီပြီး ငုတ်တုတ်ထိုင်နေပါတယ်... သူ့ ဘေးမှာ ခြင်တွေ ဖြုတ်တွေ ကလည်း ၀ိုင်းနေပုံ က စိတ်မသက်သာစရာပါပဲ... ကိုရင်ငယ် ခင်မျ ငိုထားပုံလည်းရပါတယ်... လက်ထဲမှာ လည်း (မှတ်မှတ်ရရ) တစ်ရာတန် တစ်ရွက် နဲ့  နှစ်ရာတန် သုံးရွက် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး ဟိုလူ ကို မော့ကြည့်လိုက် ဒီလူ ကို မော့ ကြည့် လိုက် နဲ့  ပါ... ကျတော် ကလည်း မနေနိုင်တာ နဲ့  ကိုရင် ကိုမေး လျှောက်မိတော့မှ....
ကိုရင်ဟာ သူ ဘဘုန်းကြီး နဲ့  လမ်းကွဲ သွားပြီး လမ်းပျောက်နေကြောင်း ပြောပါတယ်..အစက ရှမ်းလို ပြောတာ ပါ ... ကျတော်လည်း သိပ်နားမလည်တာ နဲ့ သူ ဗမာလို ကြိုးစားပြီး ပြောတာပါ..သူလက်ထဲမှာ ကိုင်ထားတဲ့  ပိုက်ဆံတွေ ကလည်း လမ်းသွားလမ်းလာတွေ က ပေး တယ် ဆိုတဲ့ အကြောင်းသိရပါတယ်... (စိတ်မကောင်းစရာက သူ ဒီပိုက်ဆံတွေ ကိုင်ထားပေမဲ့  .. ဒါဘယ်လောက်လဲ ဘာတန်လဲ ဆိုတာ ကို မသိတာပါပဲ)..
သူ ကျတော့် ကို ရင်းနှီးသွားလို့ လား မသိ .... ရှိုက်ကြီးတငင် ငို ကာ သူ့ ကို ပြန်ပို့ ပေးဖို့ ပြောပြီး သူ့ လက်ထဲက ပိုက်ဆံ ကိုလည်း ကျတော် ကိုအတင်း ပေးပါတယ်... သူ့  ကို ဒီပိုက်ဆံ နဲ့ လိုက်ပို့ ပေးလို့ ရရင် ပို့ ပေး ပါဆိုတဲ့ သဘောပါ ...
ကျတော် မျက်ရည်ဝဲရတဲ့  အထိ စိတ်မကောင်းဖြစ်ရတယ်... ဒေါသလည်း ဖြစ်ရပါတယ်... ဒီလောက် လူတွေ သွားလာနေတဲ့ လမ်းမှာ ကိုရင် ငယ်တစ်ပါး အကူအညီလို တာ ကို မသိလေရော့သလား ... ပို အံ့သြဖို့ ကောင်းတာက ကိုရင်ကို သနားလို့ ဆိုပြီး ငွေ ကို သူဖုန်းစားပေးသလို ဖြစ်ကတက်ဆန်း ပေးသွားတဲ့ သူတွေ ကလည်း ရှိနေသေးပါ့လား လို့  ဒေါသ ဖြစ်မိတယ်.. ဟူးးးးးးးး ... ဒါနဲ့ ကျတော်လည်း သူ့  ကျောင်းရှိတဲ့ ကမ္ဘာအေး ကိုပြန်ရောက်အောင် စီစဉ်ပေးဖြစ်ပြီး ရိုသေစွာ ကန်တော့လိုက်ပါတယ်...(ရုံးနောက်ကျတော့ သဌေးဆဲတာ ခံလိုက်ရတာ... တန်ပါတယ်.. )
ပြောချင်တာ က ကိုရင်တွေ ကို ဖြစ်ကတက်ဆန်း မဆက်ဆံပါနဲ့ ... ငွေလှူမယ်ဆိုရင်လည်း သနားလို့ ဆိုတာ ထက် ကြည်ညို လို့ လှူတာ မျိုး ပဲ ဖြစ်သင့်ပါတယ်... အနည်းဆုံးတော့ လက်အုပ်လေးတော့ ချီသင့်ပါတယ်...
ကိုရင်ဆိုတာ တောင်းရမ်းစားသောက်သူ မဟုတ်ပါဘူး...။
ဖိုးသူတော်(www.phothutaw.com)
Credit : shwemyotaw
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။