အစွန်းရောက်တို့ သိမ်းပိုက်ထားသည့် မိုစူးလ်နှင့် တိကရစ်မြို့များတွင် တွေ့ရသော လက်ကမ်းစာစောင်များ၌ ဘုရာသခင်၏အလိုတော်ကို ချိုးဖောက်သူများ ရိုတ်နှက်နှိပ်စက်ခြင်း၊ သတ်ပစ်ခြင်း ခံရမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။
ဆော်ဒီနိုင်ငံမှ ဘာသာရေးခေါင်းဆောင်တဦး ပေးထားသော အစ္စလာမ်ဘာသာရေးဆိုင်ရာ စည်းမျည်းစီရင်ထုံး(fatwa) တခုအရ ISIS စစ်သွေးကြွများအား ဆီးရီးယားအမျိုးသမီးများအပေါ် အဓမပြုကျင့်ခွင့်ပေးထားသည်။
“ဒါဟာ အစ္စလာမ်ဘာသာရဲ့အဆုံးအမတွေအားလုံးနဲ့ ဆန့်ကျင်ဖီလာဖြစ်ပါတယ်၊ သူတို့(စစ်သွေးကြွများ)က မိန်းမတွေအပေါ် ဒီလိုမဒိန်းပြုကျင့်တာကို လိင်ဂျီဟတ်တမျိုးလို့ ထင်နေတယ်၊ မဟုတ်ပါဘူး။ ဒါဟာ စစ်ရာဇ၀တ်မှုပါ” လို့ ဘဂ္ဂဒက်တက္ကသိုလ်မှ လက်ချာဆရာ နာဆာကတ်တောက ပြောသည်။
Ref ; TNP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။