Philani ဆိုတာ တောင်အာဖရိကနိုင်ငံ Johannesburg မြို့က တောင်ရမ်းစားသောက်နေရတဲ့ အိမ်ခြေရာမဲ့ လူငယ်လေးတစ်ဦးပါ။ သူ့လိုအခြေအနေနဲ့ အိမ်ခြေရာမဲ့ လူတော်တော်များများကတော့ လမ်းထောင့်မှာ ထိုင်ပြီး တောင်းလိုက်ကြတာပါပဲ။
စားဖို့သောက်ဖို့တော့ ရတယ်ဆိုပေမဲ့ ကားနဲ့ဖြတ်မောင်းသွားတဲ့ လူတွေ၊ လမ်းလျှောက်သွားတဲ့ လူတွေဆီက ပိုက်ဆံပစ်ချသွားဖို့ ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ဒါပေမဲ့ သူက တစ်မျိုးလုပ်ပါတယ်။ နေ့စဉ်နေ့တိုင်း သူဖတ်ပြီးသား စာအုပ်တွေကို သယ်သွားပါတယ်။ လမ်းထောင့်တွေမှာ လက်တန်းဆွေးနွေးပွဲလေး လုပ်ပါတယ်။ တကယ်လို့ စိတ်ဝင်စားသူရှိရင် သူက အဲ့စာအုပ်ကို သုံးသပ်ပေးပါတယ်။
စာအုပ်တွေက သူအကုန်ဖတ်ပြီးသားတွေပါ။ သူသုံးသပ်တာကိုကြိုက်လို့ ဝယ်ချင်တယ်ဆိုလည်း စာအုပ်တွေကို သူက ရောင်းပေးပါတယ်။
အမှန်တော့ သူက အိမ်ခြေရာမဲ့ဖြစ်နေတဲ့ စာအုပ်ကြမ်းပိုး တစ်ယောက်ပါ။ ဒီလိုစာအုပ်တွေအကြောင်း ပြောရတဲ့အတွက် ပျော်တဲ့အပြင် သူနဲ့ သူ့လိုအိမ်ခြေရာမဲ့ သူငယ်ချင်းတွေအတွက်ပါ ပိုက်ဆံစုပေးနိုင်နေတယ် လို့ဆိုပါတယ်။
Credit:Phothutaw


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။