ရုရှား အနောက်ပိုင်း Ural တောင်တန်းတွေမှာ ရှိတဲ့ Korkino က စာသင်ကျောင်းမှာ တက်ရောက်နေသူ Viada Kholod အမည်ရ အသက် ၁၃ နှစ်ရှိ ကျောင်းသူတစ်ဦးကို ကျောင်းတူ အမျိုးသမီး ၄ ဦး အဖွဲ့က တိုက်ခိုက်နှိပ်စက်ထားသမျှကို ရုပ်သံရိုက်ကူးထားပါတယ်။
ရုပ်သံထဲမှာတော့ သူမကို ရိုက်နှက်ပြီး ရွှံဗွက်တွေနဲ့ ညစ်ပတ်နေတဲ့ လမ်းပေါ်မှာ လဲခိုင်ပြီးနောက် အဲဒီ ညီနံ့ဟောင်နေတဲ့ ရေဆိုးတွေကို သောက်ခိုင်းတာကို တွေ့ရပါလိမ့်မယ်။
အဲဒီ အဖြစ်အပျက်ကို ရိုက်ကူးခဲ့သူတွေက ကျောင်းသားနှစ်ဦး ဖြစ်ပြီး အဆိုပါ ရုပ်သံကို ရုရှား လူမှုကွန်ယက်တစ်ခု ဖြစ်တဲ့ VKontakte မှာ တင်ထားခဲ့ပါတယ်။ အဆိုပါ ရုပ်သံကို သူမတို့ကျောင်းက ဆရာတွေ မြင်ပြီးနောက်မှာတော့ သူမကို အုပ်စုဖွဲ့ နှိပ်စက် ခဲ့သူတွေကို အပြစ်မပေးခဲ့ပေမယ့် သူမထံ တောင်းပန်ဖို့ ဖိအားတော့ ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို နှိပ်စက်ခဲ့တဲ့ သူတွေကတော့ Viada ရဲ့ အတန်းဖော်တွေ ဖြစ်ကြတဲ့ Olga Guseva ( ၁၆ နှစ်) ၊Lyubov Goloborodko (၁၄ နှစ်)၊ Sasha Rattsova (၁၅ နှစ်) နဲ့ Ekatirina Streltsova (၁၅နှစ်) တို့ ဖြစ်ကြပါတယ်။ သူမတို့ ပြောဆိုချက်အရ Viada ဟာ သူမတို့ ထဲက တစ်ယောက်သော သူရဲ့ မိဘတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာကြောင့် ဘယ်သူမှ အခြား တစ်စုံတစ်ဦးရဲ့ မိဘနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုပိုင်ခွင့် မရှိကြောင်းကို နမူနာ ပညာပေး ဆုံးမရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် Viada ကတော့ အဲဒါ မှန်ကန်ခြင်း မရှိဘဲ VKontakete ဟာ သူမရဲ့ ဆွေမျိုးတစ်ယောက်နဲ့ ပတ်သက်ပြီး လိပ်ပြာမလုံတာကြောင့် ဖြစ်တယ်လို့ ပြန်လည် ချေပထားပါတယ်။ ဒါ့အပြင် Olga ဟာ သူမရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး အလွန် မနာလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အကြောင်းကတော့ Olga ရဲ့ ချစ်သူဟာ သူမကို ငေးမော ကြည့်ရှုလေ့ ရှိတဲ့ အတွက်လို့ ပြောပါတယ်။
အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသူများထဲက တစ်ဦးဖြစ်သူ Olga
Viada ကို တိုက်ခိုက်ခဲ့သူတွေရဲ့ တောင်းပန်ပြီး နောက်မှာတော့ Viada ဟာ တစ်ကျောင်းလုံးရှေ့မှာ သူမကို အနိုင်ကျင် နှိပ်စက်မှုတွေကို ပါးစပ်ကနေ ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူမက အရမ်း သတ္တိရှိတယ်။ သူမကို အနိုင်ကျင့် နှိပ်စက်သူတွေကို ရင်ဆိုင်ရဲသူ ဖြစ်တယ်လို့ ပြောပါတယ်။
World Myanmar News
ref: dailymail.co.uk
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။