Ads (728x90)


မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
ဝ ခုကြွင်းလျှင်
ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၎ ခုကြွင်းလျှင်
၎ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၎ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၎ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၎ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၎ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၎ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၎ခုကြွင်းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
😃😃😃😃😃😃😃😃😃😃😃😃
အထွန်းဖွား ဟောကိန်း
ဖွားဇာတာတွေထဲမှာ အထွန်းဖွားတွေက အလွန်ပဲ တည်ကြည်တဲ့သူတွေပါ။ ကိုယ်ကျင့်သိက္ခာကျစေမဲ့ ကိစ္စ ၊ လူများလက်ညှိုးထိုးမဲ့ ကိစ္စမျိုး တတ်နိုင်သ၍ရှောင်ကြ သူတွေပါပဲ။ အစိုးရဝန်ထမ်းပဲလုပ်လုပ် ၊အပြင်အလုပ်တွေပဲလုပ်လုပ် သူများအလုပ်တိုင်းကို မိမိအလုပ်လိုသဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိကိုယ်ကျင့်သိက္ခာကို ထိပါးပြောဆိုလာမယ်ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊
အလွန်ပဲစေ့စပ်သေချာတဲ့သူတွေပါ။ စနစ်ကောင်းတယ်။ အလုပ်ကိုတန်ဖိုးထားမြတ်နိုးတယ်။အလုပ်နဲ့လက်နဲ့ပြတ် နေရင် မနေတတ်ဘဲ တစ်ခုခုရှာပြီးလုပ်နေတတ်သူပါ။
လုပ်စရာမရှိရင် ပျင်းနေတတ်ပြီး တစ်ခုခုလုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့်အလုပ်ကိုမဆို လွယ်လွယ်နဲ့ လက်မလျော့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။ အလုပ်ကံကောင်းတတ်ကြတယ်။
မည်သည်အလုပ်ကို မဆို ရေရှည်ဇောက်ချပြီး လုပ်ပါကထွန်းပေါက်ပါလိမ့်မယ်။ လက်ရှိဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝတတ်လမ်းကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်းချင်းအောင်မြင်မှုတွေ
ရလာမှာပါ။ မည်သည့် ပညာရပ်ကိုမဆို သိလွယ်တတ်လွယ်သူတွေပါ။ မိဘတွေကသာ ပညာရေးကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန်ထူးချွန်ပါ လိမ့်မယ်။စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။
ဘာလုပ်လုပ် ဂရုတစိုက်ရှိတယ်။ လုပ်သလောက်အကျိုးဖြစ်ထွန်းပင်ပေမဲ့ အောင်မြင်မှုအသီးအပွင့်တွေ အခွင့်အရေးတွေကို အခြား
လူတွေကရသွားကြတာများပါတယ်။ မိမိကအခွင့်အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင်ကျေနပ်နေတတ်သူပါ။ လုပ်ချင်တာလုပ်ရရင် ပျော်နေတတ်သူပါ။
သူများအကျိုးစီးပွားကိုတောင်မှ အကူအညီတောင်းရင်မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်းသည်၊ရိုးသားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်။ အပြစ်လုပ်ထားရင်လဲ အားမနာတမ်းပြောတတ်ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက်နဲ့ နေတတ်သူ တွေပါ။ ရန်ညှိုးမထားတတ်ဘူး။ မိမိကအေးဆေးတည်ငြိမ်စွာနေတတ်တဲ့ အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ထင်တတ်ကြပါတယ်။ကိုယ်ကလဲ ခင်မင်သူများနဲ့ သာလိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ကတော့ ခပ်ကင်းကင်း
နေတတ်ပါတယ်။
ဒါပေမဲ့မိမိကံက အပေါင်းအသင်းကံညံ့ပါတယ်။ မိမိကစေတနာနဲ့ပြောဆိုရင်တောင် မိတ်ဆွေတွေကအကောင်းမထင်တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ်ပါတယ်။ မိမိက ကကျွေးလဲကျွေးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအဖော်ခင်တယ်။ အပေါင်းအသင်းမက်တယ်။ အပျော်အပါး ပွဲလမ်းသဘင် ဝါသနာထုံတယ်။ ခရီးထွက်ရတာ ဝါသနာပါတယ်။
မိမိဇာတာက သားသမီးအကျိုးပေးကံအားနည်းတယ်၊အနည်းဆုံး မိဘကို ဒုက္ခပေးမဲ့ စုန်းပြူးတစ်ယောက်လောက်တော့ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ်မျက်စိစပါးမွှေးစူးနေတတ်တယ်။ ဘာပဲလုပ်လုပ် အစမှာတော့ မိမိကအလွန်ပဲစိုးရိမ်တတ်ကြတယ်။ တကယ်လုပ်ကြည့်တဲ့အခါ မိမိအတွက်အခက်အခဲမရှိအဆင်ပြေသွားတတ်ပါတယ်။ ဇွတ်လုပ်တတ်ပြီး ဝီရိယရှိတဲ့အတွက် အောင်မြင်မှုလမ်းပေါ်ရောက်ပါလိမ့်မယ်။
ငြိမ်းအေးလူ ( ဗေဒင်သုတေသီ )


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...