ဆွီဒင်နိုင်ငံကျောင်းတစ်ကျောင်းက အမျိုးသမီး ကျောင်းသူတွေဟာ တစ်တန်းမှာ တစ်ယောက်နီးပါးနှုန်း အမျိုးသမီး အင်္ဂါကို လှီးဖြတ်(FMG) ခံထားရတယ်လို့ဆိုပါတယ်။
ဆွီဒင်သတင်းစာ Norrköpings Tidningar ရဲ့အဆိုအရ ဆွီဒင်နိုင်ငံအရှေ့ဘက် Norrköping မြို့ရှိ ကျောင်းကျန်းမာရေး အဖွဲ့က FMG ဖြစ်ရပ်ပေါင်း ၆၀ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
တစ်ချို့FMG များဟာ အလွန်ပြင်းထန်ပြီး အပေါ်ယံတစ်ခုလုံးကို လှီးဖြတ်ကာ ပြန်လည်ချုပ်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီလို FMG ပြုလုပ်မှုဟာ ယဉ်ကျေးမှုနဲ့ ဘာသာရေးအစဉ် အလာအရ ပြုလုပ်ရမယ်လို့ခံယူထားတဲ့ မိသားစုတွေမှာ ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။
FMG ဟာ အင်္ဂလန်လို နိုင်ငံကြီးတွေမှာပါ ပြဿနာတစ်ခုအဖြစ်ရှိနေပြီး ခန့်မှန်းခြေအရ အင်္ဂလန်နိုင်ငံရဲ့ ၁၅ နှစ်အောက် မိန်းကလေးပေါင်း ၂၀၀၀၀ ဟာ ဒီအန္တရယ်နဲ့ ရင်ဆိုင်နေရကာ အမျိုးသမီးပေါင်း ၆၀၀၀၀ ဟာ FMG ပြုလုပ် ခံထားရပါတယ်။
ဆွီဒင်မှာလိုပဲ အင်္ဂလန်နိုင်ငံက မိန်းကလေးတွေဟာလည်း ဒီအန္တရယ်အား သူတို့မိဘတွေရဲ့ ဌာနေတိုင်းပြည်ကို အလည်အပတ် သွားတဲ့အခါမှာ အများဆုံးကြုံ့နေရတယ် လို့ဆိုပါတယ်။
Credit: Phothutaw


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။