အေသင်အောင်
နေအိမ်မှာ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ကြည့်ရှုစဉ် အတောအတွင်းမှာ ချစ်သူ၊ ဇနီးမယားတွေရဲ့ အနှောင့်အယှက်ကို မခံရဖို့ နည်းတစ်နည်း ပေါ် ထွက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနည်းက လက်ရှိ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ ဖလားပြိုင်ပွဲ မှာ ပြစ်ဒဏ်ဘောတွေကန်တဲ့ အခါမှာ ကစားသမားတွေရဲ့ ရှေ့မှာ ဒိုင်လူကြီးက မှုတ်ဆေးဗူး နဲ့ စည်းတားတာ ကို မြင်တွေ့ကြမှာဖြစ်ပါတယ်။ ဒီနည်းကို တောင်အမေရိက ဘောလုံးပြိုင်ပွဲတွေမှာ ကျင့်သုံးနေတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲ မှာတော့ ပထမဆုံးအကြိမ် ကျင့်သုံး ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး အမျိုးသားတွေက အမျိုးသမီးတွေရဲ့ နှောင့်ယှက်မှုကို မခံရဖို့ ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဘောလုံးပွဲကြည့်စင် အတောအတွင်းမှာ ချစ်သူဇနီးမယားတွေရဲ့ နှောင့်ယှက်မှုကနေ ကင်းဝေးဖို့ တီဗွီကြည့်ရာ အခန်းအတွင်းမှာ စည်းတစ်ခုတားလိုက်ခြင်း ဖြစ်ပါတယ်။ ဒီစည်းကို တားရာမှာလည်း အလွယ်တကူ ဖြစ်အောင် ရေချိုးခန်းထဲက မုတ်ဆိတ်ရိတ်ရာမှာ အသုံးပြုတဲ့ အမြှုပ်ကို ယူပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စည်းတားထားခြင်းကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဘောလုံးပွဲကြည့်ရှုမှုကို အလွယ်တကူ နှောင့်ယှက်လို့ မရတော့ဘူးလို့ ဆိုထားပါတယ်။ ဒီနည်းဟာ အမျိုးသားတွေကြားမှာ ရေပန်းစားနေပေမယ့် အမျိုးသမီးတွေကတော့ ဒေါသဖြစ်စရာ ဖြစ်ခဲ့ပါတယ်။
Messenger


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။