Ads (728x90)



နေရာ - တကြီးအိမ်ဝိုင်း

သူကြီးဘိုးသီရဲ့ တိုတိုတုတ်တုတ် မိန့်ခွန်းအပြီး တကြီးရဲ့ ဘယ်ညာနှစ်ဖက်မှာ ထိုင်နေတဲ့ ရွာလူကြီး နှစ်ဦးဖြစ်တဲ့ ဦးNi Zaw Ye နဲ့ ဦးAung Paing တို့ တပြိုင်တည်းလို ထရပ်ရင်း စကားပြောဖို့ပြင်သည်။

“ဟေ့ကောင် အောင်ပိုင် ငါအရင် ပြောမယ်ကွ” ဆိုပြီး ဦးနီရဲဇော် အဟမ်းအဟမ်း ဆိုပြီး ချောင်းဟန့်တော့

“ဒီလိုမရဘူးလေ ငချာ … ကျုပ်ပြောပြီးမှ ခင်ဗျားပြောပါ … ခင်ဗျားက ရပ်ရေးရွာရေးမှာ နှမ်းဖြူးပြီး ခေါင်းရင်းခန်း ထိုင်စားနေတဲ့လူ ….. ကျုပ်က လူငယ်တွေနဲ့ အောက်ခြေသိမ်း အကုန်လိုက်လုပ်ရတာ …. ဒါကြောင့် ကျုပ်အရင် ပြောတာ သဘာဝ ကျပါတယ်” ဆိုပြီး ဦးအောင်ပိုင်က ဦးနီရဲဇော် မကြိုက်တဲ့ ငချာဆိုတဲ့ နာမည်ကြီး ထည့်ပြောသည်။

ဦးနီရဲဇော် ဆိုတာ ဒေါသတွေထွက်ပြီး တရှုးရှုးတောင် ပါးစပ်က အသံတွေ ထွက်လာသည်။ စိတ်မဆိုးခံနိုင်ရိုးလား။ ငချာဆိုသည့် နာမည်က ငယ်စဉ်က ဦးနှောက်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် တစ်ရွာလုံးက နောက်ပြောင်ပြီး ပေးထားသည့်နာမည်။ ဦးနီရဲဇော် နှာတွေကို တရှုးရှုးမှုတ်ရင်း ဦးအောင်ပိုင်ကို လက်သီးနဲ့တောင် ဆွဲထိုးဖို့ လုပ်တော့ အလယ်မှာ ထိုင်နေတဲ့ တကြီး မော့ကြည့်တာနဲ့ဆုံလို့ အသာရပ်ရင်း ကြိတ်မနိုင်ခဲမရနဲ့ ….

“ဟေ့ကောင် နဖောင်ပြူး အဲ နဖူးပြောင်အောင်ပိုင် မင်း .. မင်း တွေ့မယ်” ဆိုပြီး ကြိမ်းတော့ ဦးအောင်ပိုင် ရီကျဲကျဲ လုပ်ရင်း လာလေ ရတယ်ဟု စိန်ခေါ်သည်။

လူရွေးပွဲကို စောင့်မျှော်နေကြတဲ့ ရွာသားများရဲ့ "ဟားဟား ဖြစ်ပြန်ပြီ ဒီလူကြီး နှစ်ယောက်ကတော့" ဆိုတဲ့ ခိုးခိုးခိခိ ရီသံများကြောင့် တကြီး ဘိုးသီ မျက်နှာကြီးနီပြီး ထပ်ရပ်တော့ ဟိုနှစ်ယောက်လည်း ထိုင်ရမလို ထရမလိုနဲ့ ကြောက်အားလန့်အား တကြီးကိုကြည့်သည်။

မကြောက်ခံနိုင်ရိုးလား …. တကြီးက ရိုးရိုးထတာ မဟုတ် …. နှစ်လုံးပြူးကြီး ကိုင်ပြီးကို ထတာကိုး

"မင်းတို့ မပြောနဲ့တော့ ငါပဲပြောမယ်" ဆိုကာ တကြီး ရှေ့မှာ ငုတ်တုတ်ထိုင်နေကြတဲ့ ရွာသားများကို ဝှေ့ကြည့်ရင်း

“အခု ငါက နည်းပြဆရာတွေကို ရွေးပေးမယ် …. အေး ငါရွေးပေးတဲ့ နည်းပြဆရာတွေက မင်းတို့ကို ပြန်ရွေးလိမ့်မယ် …. ဘယ်သူမှ အထွန့်တက်တာ မကြားချင်ဘူး … အေး မကျေနပ်တဲ့ကောင် ဒါနဲ့တွေ့မယ်” ဆိုပြီး နှစ်လုံးပြူးကြီး ထောင်ထောင်ပြတော့ တကြီးဒေါသကို သိတဲ့ တစ်ရွာလုံးက လူတွေ တုတ်တုတ်တောင် မလှုပ်ရဲဘူး

“နည်းပြချုပ်ကိုတော့ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘူး … ငါတို့တစ်ရွာလုံးမှာ မြို့ကျောင်းတက်ပြီး (၈)တန်းရောက်ခဲ့တဲ့ ဘီအို Bobo Aung ကို ခန့်တယ်ကွာ …… သူ့ကို ကူဖို့တော့ တရုတ် ကြီးနဲ့ Nyi Moe ပေါ့ … ခုကစပြီး ဘီအို လူရွေးလိမ့်မယ် … အားလုံးနာခံကြ … ဒါပဲ” ဆိုပြီး တကြီး ထိုင်ချရင်း ဦးနီရဲဇော် ငှဲ့ပေးတဲ့ ရေနွေးကို တရှိန်ထိုး မော့ချလိုက်သည်။

"အား ...ဖလူး ဖလူး ပူလိုက်တာ" ဆိုပြီး တကြီး ပါစပ်က လျာအတောင့်လိုက် ထွက်လာပြီး ရေနွေးတွေ ပြန်အန်ထွက်သည်။ ပူလွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်နေတော့ တကြီး ကတော် ဒေါ် M Ay K Ha နဲ့ အကြီးမမီးကြီး Yu Yu Yu တို့ ပြေးလာသလို အငယ်မ စွာတေးလန် ဂီဂီ Hnin Theingi Hlaing Npg ကလည်း လေးဂွကို ထိုးချိန်ရင်း အပြေးလာသည်။

လျှာအပူလောင်သွားလို့ ခုန်ဆွခုန်ဆွဖြစ်နေတဲ့ တကြီးဘိုးThiha Kyaw Zaw လည်း

"ဟေ့ကောင် ငချာ မင်းငါ့ကို သတ်တာလား" ဆိုပြီး နှစ်လုံးပြူးကိုင်တော့ ဦးနီရဲဇော် ပြေးတာမှ မှုန်နေတာပဲ။ ပြေးရင်းနဲ့ “ဆောရီးတကြီးရေ အဲ့ဒါ ဟိုကောင် အောင်ပိုင်ကို တိုက်ဖို့ လုပ်ထားတာ”လို့လည်း အော်သွားသေးရဲ့

တကြီးက နည်းပြချုပ်အဖြစ် ရွေးတယ်ဆိုတဲ့ အသံကြားတာနဲ့ ချောင်ထဲမှာ ကုပ်ကုပ်လေး ထိုင်နေတဲ့ ဘီအိုရဲ့ ပုံက ချက်ချင်းကို ပြောင်းသွားတယ်

 


U Bo Htun

အပိုင်း(၈)     ကို ဆက်လက်စောင့်စား ဖတ်ရှုပေးပါဦး

Facebook ပေါ်မှ တကယ့် သက်ရှိ ဇာတ်ကောင်များပါဝင်သော
"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" ဆိုတဲ့ဟာသ ဇာတ်လမ်းလေးကို ဖတ်ရှုလိုသူများအနေနဲ့ 
အောက်ပါ Link များမှာ ၀င်ရောက်ဖတ်ရှုအားပေးနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် အခြားသော ဇာတ်လမ်းအပိုင်းလေးများ မဖတ်ရသေး သူများအတွက်
 


"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၁)
http://www.news-myanmar.com/2014/05/blog-post_2194.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၂)
http://www.news-myanmar.com/2014/05/blog-post_5133.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၃)
http://www.news-myanmar.com/2014/05/blog-post_5845.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၄)
http://www.news-myanmar.com/2014/05/blog-post_9.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၅)
http://www.news-myanmar.com/2014/05/blog-post_11.html

   
"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၆)
http://www.news-myanmar.com/2014/05/blog-post_14.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၇)
http://www.news-myanmar.com/2014/05/blog-post_19.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(ဂ)
http://www.news-myanmar.com/2014/05/blog-post_9174.html


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...