Ads (728x90)



တကြီးဘိုးသီက တာဝန်တွေ ချအပြီး ….

“ဟေ့ မယ်ကွင်းသားလေး Bobo Aung ကျန်တာတွေတော့ မင်းဆက်လုပ်လိုက်တော့ …. လူရွေးပြီးရင် ငါ့ကို စာရင်းလာပြ … ငါအခု ရွာဦးကျောင်းဆရာတော်ဆီ သွားလျှောက်လိုက်ဦးမယ် …. အကြီးမ မီးကြီး Yu Yu Yu ငါနဲ့လိုက်ခဲ့ …. အမယ်ကြီး M Ay K Ha နဲ့ သမီးငယ် ဂီဂီ Hnin Theingi Hlaing Npg လူရွေးတာ ကြည့်ထားလိုက်” ဆိုပြီး တကြီး ဘိုးသီ Thiha Kyaw Zaw ရွာဦးဘုန်းကြီးကျောင်းဆီ သွားဖို့ ခြေလှမ်းပြင်သည်။

တကြီးဘိုးသီက နည်းပြချုပ် ခန့်တယ် ဆိုတဲ့ အသံကြားတော့ ဘိုဘိုအောင် ၀မ်းသာလုံးဆို့ပြီး ပေါင်ကိုပဲ ကုတ်ရမလို၊ ခြေမပဲဖမ်းဆုပ်ရမလို ဖြစ်နေတာ။ ဒါပေမယ့် ဘယ်ရမလဲ၊ မြို့ကျောင်းမှာ (၈)တန်းထိ တက်ထားတဲ့ အရည်အချင်းကြောင့် ၀မ်းသာစိတ်ကိုဖုံး၊ ချက်ချင်း ကိုယ်နေဟန်ကိုပြင်လိုက်သည်။ ကိုယ်ကို မတ်မတ်ရပ် …. ခြေနှစ်ချောင်းကိုခွဲ၊ စဉ်းစားဟန်နဲ့ မေးစေ့ကိုပွတ်၊ တကယ့်ကို နည်းပြဂိုက် တန်းဖမ်းလိုက်တာ ….

“ချစ်ကိုကြီး … ညနေ ထန်းရေ သောက်မလား … ညီလေး တိုက်မယ်လေ” ဆိုတဲ့ ပြီတီတီ ညောင်နာနာ အသံကြားလို့ ဘိုဘိုအောင် နောက်ကို လှည့်ကြည့်တော့ ချက်ကြီး Aüñg Kÿáw Sôë Npg

“ကျနော် ပါချင်လို့အကို …. ဘယ်နေရာပဲ ဖြစ်ဖြစ် တစ်နေရာလောက် ထည့်ပေးနော် အကို” ဆိုပြီး ချက်ကြီး စကားဆက်တော့ ဘိုဘိုအောင် လှည့်ကို မကြည့်။ ဒီလောက်နဲ့ နည်းပြချုပ် နေရာကို ဘယ်လဲမလဲ။ ဒါပေမယ့် တစ်ခွန်းတော့ ပြောလိုက်ရဲ့ “အေးကွာ စမ်းသပ်ကြည့်ရတာပေါ့”

“လူရွေးမယ် …. လူရွေးမယ် …. တိုက်စစ်မှူး နေရာအရွေးခံမယ့်သူတွေ တရုတ် ကြီးကို နာမည်ပေး၊ ကွင်းလယ် နေရာ ကစားမယ့်သူတွေ Nyi Moe ကို စာရင်းပေး၊ နောက်တန်းနဲ့ ဂိုးသမား နေရာ အရွေးခံမယ့်သူတွေ ငါ့ကို စာရင်းပေး” ဆိုတဲ့ နည်းပြချုပ်ကြီး ဘိုဘိုအောင်ရဲ့ အသံနဲ့အတူ ဗွေးတုတ်ကုန်း တစ်ရွာလုံး လှုပ်ရှားသက်ဝင်သွားရဲ့ …..

တစ်ရွာလုံးက ယောင်္ကျားလေးတွေ အကုန်စာရင်းပေးနေကြတော့ နည်းပြချုပ်ကြီး မျက်မှောင်ကျုံ့ရင်း တစ်ခုခု မှားနေပြီ ဆိုရင်း အတွေးအခေါ် ပညာရှင် စတိုင်ဖမ်းပြီး စဉ်းစားသည်။ နောက်တစ်ခုခုကို စဉ်းစားမိပြီး အလန့်တကြားဖြင့်

“ဟေ့ ဟေ့ အကုန် မရဘူး …. အကုန် မရဘူး …၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းပဲ ရမယ်။ ကျန်တာတွေ ကန်လို့မရဘူး” ဆိုပြီး ထအော်တော့ …..

ဦးဆုံး ထအော်တာက အသက်(၇၀) ရှိပြီဖြစ်တဲ့ သူ့အဖေ ဦးပလာတာ ….. “ဟေ့ကောင် ငါ့သား ကြုံတောင့်ကြုံခဲ ဘောလုံးပွဲမှာ ငါတို့လည်း နွှဲချင်တာပေါ့ကွ … မင်းခွဲခြား ခွဲခြား မလုပ်ပါနဲ့” ဆိုတော့ ကျန်တဲ့ အဘိုးကြီးတွေ ဖြစ်ကြတဲ့ ဦးကျော်ဟိန်းတို့၊ ဦးအံ့ကျော်တို့၊ ဦးသန်းဖေလေး တို့ကလည်း “ဟုတ်တယ် မင်းဘာ လူမျိုးရေး အဲလေ အသက်ရေး ခွဲခြားတာလဲ ….. ငါတို့လည်း ကန်ချင်တယ် ….. ငါတို့ကိုလည်း ရွေးပါ” ဆိုတော့ကာ နည်းပြချုပ်ကြီး ချွေးပြန်ရဲ့ …. နောက် တစ်ယောက်တစ်ပေါက်နဲ့ အသံပေါင်းစုံကို နားထောင်ပြီး နည်းပြချုပ် ဘိုဘိုအောင် ဆုံးဖြတ်ချက် ချလိုက်သည်။

“ကဲ ယောင်္ကျားမှန်သမျှ ရွေးခွင့်ပြုတယ်။ ပထမအဆင့် အနေနဲ့ အခု တကြီးအိမ်ကနေ ရွာထိပ်၊ ရွာထိပ်ကနေ တကြီးအိမ် ပြေးရမယ်။ နာရီဝက်အတွင်း ပြန်ရောက်တဲ့လူ ပထမအဆင့် အရွေးခံရမယ်ဆိုပြီး ကဲ ခုက စပြီး ပြေးပေတော့” ဆိုပြီး တာလွတ်လိုက်တော့

မြင်းဇောင်းကလွှတ်လိုက်သလိုပဲ လူတွေ ပြေးထွက်သွားကြတာ တကြီးအိမ်ဝိုင်းရှေ့မှာ ဈေးရောင်းနေကြတဲ့ ဈေးသည်တွေရဲ့ ဗန်းတွေ၊ ခုံတွေကို ၀င်တိုက်မိလို့ ဈေးရောင်းနေကြတဲ့ နန်း အိKo Light Day
Maryar KoMa Ma SandarThihasoe Soe တို့ရဲ့ အရင်းပြုတ်ပါပြီ၊ အရင်းပြုတ်ပါပြီ ... ဘယ်သူဒီလိုလုပ်တာလဲ ဆိုတဲ့ မေတ္တာပို့ ဆဲဆိုသံတွေနဲ့ ဗွေးတုတ်ရွာ တစ်ခုလုံး ကြွပ်ကြွပ်ကိုညံသွားရဲ့………

သိပ်မကြာပါဘူး …. ပြန်ရောက်လာကြတဲ့ သူတွေကို စာရင်းမှတ်ရင်း နည်းပြချုပ် ဘိုဘိုအောင်၊ လက်ထောက်နည်းပြတွေ ဖြစ်ကြတဲ့ တရုတ်ကြီး၊ ညီမိုးတို့လည်း ဇယ်ဆက်သလိုကို အလုပ်ရှုပ်နေကြတာ ….. နာရီဝက်ပြည့်လို့ စာရင်းချုပ်လိုက်ချိန်မှာ လူစာရင်းက (၂၀)။ လူအိုတွေဆို တစ်ယောက်မှကို ပန်းမ၀င်။

ဒုတိယအဆင့် ဘောလုံးနဲ့ စမ်းသပ်လူရွေးမယ် လုပ်တော့ …. ရွာထဲ ရွာထဲကနေ ထမိန်စွန်တောင်ဆွဲပြီး ထွက်လာကြတာ

လား.... လား ဘွားတော်ကြီးတွေ ... ဘွားတော်ကြီးတွေ

ဒေါ်ဂွက်ထော်၊ ဒေါ်ကုလားမ၊ ဒေါ်မဲတူ၊ နှုတ်ကြမ်းလွန်းတဲ့ ဒေါ်ဂျမ်းစိန် အပါအ၀င် အဘွားကြီးတွေ အများကြီးမှ အများကြီး။ သူ့အမေ မယ်ကွင်း Rose Angel ပါ ပါရဲ့။ လာရင်းနဲ့ အယုတ်တ ... အနတ္တတွေလည်း ဆဲဆိုလာသေး…..

“ဟဲ့ ဘယ်သေနာကောင် ကမျဉ်းကြောထပြီး …. ငါတို့ အဘိုးကြီးတွေကို ပြေးခိုင်းတာလဲ ..... သေခါနီး အဘိုးကြီးတွေကို ပြေးခိုင်းတော့ အခု အိမ်မှာ လျှာထွက်နေပြီ ….. ငါတို့ ဆေးကုရတော့မယ် … တွေ့မယ် တွေ့မယ် ပြောစမ်း ဘယ်သူလဲ” ဆိုပြီး အဘွားကြီးအုပ်စု အော်ဟစ်ပြီး လာတာကိုလည်းတွေ့ရော နည်းပြချပ် ဘိုဘိုအောင် အိုက်တင် အခွဲသားနဲ့ နည်းပြကြီး စတိုင် ဖမ်းလို့မရတော့ဘူး .....

ဝတ်ထားတဲ့ ပုဆိုးကို ကွင်းသိုင်း ...." နောက်နေ့မှ လူဆက်ရွေးမယ် .... နောက်နေ့မှ လူဆက်ရွေးမယ်" လို့ အော်ရင်း တချိုးတည်း လစ်တာ လစ်တာ ဖင်မှာ ဂျက်တပ်ထားသလား အောက်မေ့ရရဲ့ ......

ဗွေးတုတ်ရွာ ဘောလုံးအသင်း နည်းပြချုပ်ကြီး ဘီအို (ခ) ဘိုဘိုအောင်ကား အဲသလို တာထွက်ခဲ့ချေအိ 





U Bo Htun




အပိုင်း(၉)ကို ဆက်လက်စောင့်စား ဖတ်ရှုပေးကြပါဦး



Facebook ပေါ်မှ တကယ့် သက်ရှိ ဇာတ်ကောင်များပါဝင်သော
"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" ဆိုတဲ့ဟာသ ဇာတ်လမ်းလေးကို ဖတ်ရှုလိုသူများအနေနဲ့ 
အောက်ပါ Link များမှာ ၀င်ရောက်ဖတ်ရှုအားပေးနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် အခြားသော ဇာတ်လမ်းအပိုင်းလေးများ မဖတ်ရသေး သူများအတွက်
 


"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၁)
http://www.news-myanmar.com/2014/05/blog-post_2194.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၂)
http://www.news-myanmar.com/2014/05/blog-post_5133.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၃)
http://www.news-myanmar.com/2014/05/blog-post_5845.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၄)
http://www.news-myanmar.com/2014/05/blog-post_9.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၅)
http://www.news-myanmar.com/2014/05/blog-post_11.html

   
"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၆)
http://www.news-myanmar.com/2014/05/blog-post_14.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၇)
http://www.news-myanmar.com/2014/05/blog-post_19.html

"ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(ဂ)
http://www.news-myanmar.com/2014/05/blog-post_9174.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...