Ads (728x90)


လိင်တူချစ်သူတွေဖြစ်တဲ့ LGBT တွေကို မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ မှားယွင်းနေသူတွေအဖြစ် ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ ခွဲခြားဆက်ဆံနေတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ်ေ
ကြာက်ရွံ့မုန်းတီးမှုများကို ဆန့်ကျင်ရေးနေ့ဖြစ်တဲ့ မေလ ၁၇ရက်နေ့မှာ လိင်တူချစ်သူတွေက ဘယ်လိုတုံ့ပြန်ကြလဲ။

LGBT လို့အတိုကောက်ခေါ်တဲ့ လိင်တူချစ်သူတွေဟာ ရောဂါတစ်ခုမဟုတ်ဘဲ မွေးကတည်းက ဖြစ်လာတဲ့ဖြစ်တည်မှုပါလို့ ပြောလာသူက ကိုဖြိုးသစ်လူပါ။

ဗုဒဘာသာဟာ ချစ်ခြင်းမေတ္တာကို အခြေခံထားပြီး ကျားမခွဲခြားမှုမရှိတဲ့အကြောင်း၊ LGBT တွေဟာ ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့သလို ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ခွဲခြားဆက်ဆံဖို့ ဟောကြားခဲ့တာ မရှိဘူးလို့ ကိုလှမြတ်ထွန်းက ဆိုပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၁၉၉ဝမှာ စတင်သတ်မှတ်ခဲ့တဲ့ နိုင်ငံတကာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေးနေ့ကို မြန်မာနိုင်ငံမှာတော့ ၂ဝ၁၂ခုနှစ်ကစပြီး ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ Colors Rainbow နဲ့ Myanmar LGBT Network တို့ဦးဆောင်ပြီး ပြည်သူ့ရင်ပြင်မှာ ဓာတ်ပုံပြပွဲနဲ့ ပညာပေးဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပါတယ်။

LGBT တွေကို နားလည်ပြီး ကိုယ်ချင်းစာစေချင်တယ်လို့ မိုးအောင်က ဆိုပါတယ်။ သူက လမ်းသွားရင် နားမခံစရာတွေ ပြောကြပေမယ့် အခုတော့ တီးတိုးပြောဆိုမှုတွေလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေး၊ လားရှိုး၊ မုံရွာ၊ ပုခုက္ကူ၊ ကျောက်ပန်းတောင်း၊ မြိတ်၊ ထားဝယ်၊ ပြည်နဲ့ ကော့သောင်း စတဲ့ မြို့ ၁ဝမြို့မှာလည်း မေလ ၁၇ရက်နေ့မှာ အခမ်းအနားတွေ တပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။

Kamayut Media

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...