တရုတ် ဈေးကွက်သုတေသန ကုမ္ပဏီ Eguan နှင့် ဂိမ်းကုမ္ပဏီ Giant Interactive တို့၏ ပူးတွဲ လေ့လာဆန်းစစ်မှု အရ တရုတ်နိုင်ငံတွင် ဗီဒီယိုဂိမ်းများကြောင့် ဦးနှောက်ချို့ယွင်းသည့် ဝေဒနာ ခံစားနေရသူ သန်း ၁၀၀ ခန့်ရှိကြောင်း Sina Tech မှ ဖော်ပြခဲ့သည်။
အဆိုပါ လေ့လာဆန်းစစ်မှုတွင် ဖော်ပြထားချက်အရ ဦးနှောက်ချို့ယွင်းသည့် အွန်လိုင်း ဂိမ်းကစားသူများသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မရှိသည့် အပြင် ဂိမ်းမျာအပေါ်တွင်သာ အကြောင်းမဲ့ မှီခိုနေကြောင်း သိရသည်။ ထို့အပြင် အစီရင်ခံစာတွင် ၎င်း ဂိမ်းကစားသူများကို ဦးနှောက်ချို့ယွင်းသူများဟု သုံးနှုန်းထားကြောင်း၊ ၎င်း အသုံးအနှုန်းသည် ဂိမ်းကို အရူးအမူး စွဲလမ်းသူများ ဆိုသည့် အသုံးအနှုန်းထက် ပိုမိုသင့်လျော်ကြောင်း ဖော်ပြထားသည်။ Giant Interactive နှင့် Eguan တို့သည် အချက်အလက်များကို အင်တာဗျူးများမှ လည်းကောင်း၊ ကွင်းဆင်းလေ့လာခြင်းဖြင့် လည်းကောင်း ရယူစုဆောင်းခဲ့ပြီး ဂိမ်းကစားသူ ၆၇.၅ ရာခိုင်နှုန်းက ဦးနှောက်ချို့ယွင်းသည့် ၎င်းတို့၏ သူငယ်ချင်းများကို သိရှိသည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် အထက်ပါ လေ့လာဆန်းစစ်မှုတွင် ဂိမ်းကို အရူးအမူး စွဲလမ်းသူ အများဆုံးရှိသည့် ဒေသများကိုပါ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဂိမ်းကို အရူးအမူး စွဲလမ်းသူ ၂၉.၇ ရာခိုင်နှုန်းရှိကြောင်း ဟန်နန်တွင် ၁၇.၇ ရာခိုင်နှုန်းရှိပြီး ဖူကျင်းတွင် ၁၂.၉ ရာခိုင်နှုန်းရှိကာ ကျန် ၄၀.၂ ရာခိုင်နှုန်းမှာ နိုင်ငံ အနှံ့အပြား ဒေသမှ ဖြစ်ကြောင်း သိရသည်။ ဦးနှောက်ချို့ယွင်းသူများ အနက် အမျိုးသားဦးရေသည် အမျိုးသမီး ဦးရေထက် ၃၀ ရာခိုင်နှုန်း ပိုမိုကြောင်းလည်း သိရသည်။
Ref: TechInAsia
Internet Journal


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။