Ads (728x90)


အီရန်နှင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံများကြား နျူကလီးယား သဘော တူညီချက် ရဖို့ မျှော်လင့်ချက် ရှိသေးသည် ဟု အီရန် နိုင်ငံခြား ရေးဝန်ကြီး မိုဟာမက် ဂျာဗတ် ဇာရစ်ဖ်က ပြောကြား လိုက်သည်။

အီရန်နှင့် ကမ္ဘာ့္ဘ့ အင်အားကြီး ခြောက်နိုင်ငံ ဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ အမေရိကန်၊ ဂျာမနီတို့ ဗီယင်နာမြို့ ၌ စတုတ္ထ အကြိမ်မြောက် အီရန် နျူကလီးယား အရေး ဆွေးနွေးပွဲ ပြီးဆုံးသွား သည့်တိုင် အားရစရာ သဘော တူချက်မျိုး မရခဲ့သဖြင့် အီရန် နိုင်ငံခြား ရေးဝန်ကြီးက အထက်ပါ အတိုင်း ကာကွယ် ပြောကြား လိုက်ခြင်း ဖြစ်သည်။

““သဘော တူချက်ရဖို့ ဖြစ်နိုင်ခြေ ရှိသေးတယ်။ အထင်လွဲ မှားမှုတွေ ပြေပျောက်အောင် နှစ်ဖက် ကြိုးပမ်းကြ ဖို့တော့ လိုမယ်။ ဒီတစ်ကြိမ် အခွင့်အရေး လက်လွတ် မခံသင့်ဘူး””ဟု မစ္စတာဇာရစ်ဖ် က ၎င်း၏ တွစ်တာ စာမျက်နှာ တွင် ရေးသား ထားသည်။

အင်အားကြီး နိုင်ငံများနှင့် သဘော တူညီချက် အရ အီရန် နျူကလီးယား လုပ်ငန်းများ အရှိန် လျှော့ချ ထားမှုသည် ဇူလိုင် (၂၀) တွင်သက်တမ်း ပြည့်မည် ဖြစ်ရာ ထိုနောက်ပိုင်း မည်သို့ ဆက်လက် ဆောင်ရွက်ကြမည် ကို ဆွေးနွေးဆဲ ဖြစ်သည်။

အီရန် နျူကလီးယား လက်နက် မပိုင်ဆိုင်စေရေး အတွက် အီရန်၏ နျူကလီးယား လုပ်ငန်း အားလုံးကို အနောက် နိုင်ငံများက ရပ်ဆိုင်း စေလိုသည်။ အီရန်က တန်ပြန် အားဖြင့် ပိတ်ဆို့ အရေးယူ ခံထားရမှု အားလုံး ပယ်ဖျက်ပေးဖို့ တောင်းဆို ထားသည်။ အီရန် နျူကလီးယား အစီအစဉ် သည် နျူလက်နက် ထုတ်လုပ် ရန်ဟု အနောက် နိုင်ငံများက စွပ်စွဲထားပြီး အီရန်ကမူ အရပ်ဘက် လုပ်ငန်းများ တွင် ငြိမ်းချမ်းစွာ အသုံးပြုရန် သာဖြစ်သည်ဟု တုံ့ပြန် ထားသည်။

ငါးကြိမ် မြောက် ဆွေးနွေးပွဲကို ဇွန်လ တွင် ဗီယင်နာမြို့ ၌ ထပ်မံ ပြုလုပ် မည်ဖြစ်သည်။

Messenger News Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...