Ads (728x90)




အောင်သီရိ ထုတ်လုပ်ရေးက စီစဉ်ပြီး ဇာတ်ညွှန်း ငြိမ်းမင်းရဲ့ “နို့ ဘီလူး” ရုပ်ရှင် ဇာတ်ကားကို သရုပ် ဆောင်၊ ဒါရိုက်တာ အဖြစ် လူမင်း ရိုက်ကူး ပြီး ဇေရဲထက် ၊ ရွှေမှုံ ရတီနဲ့ သရုပ်ဆောင် များစွာ ပါဝင်ကာ  အောင်ပန်းမြို့မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို သင်္ကြန်အကြို နေ့ဧပြီလ ၁၃ ရက်နေ့က စတင် ရိုက် ကူးခဲ့တာ လည်းဖြစ် ပါ တယ်။ ဇာတ် ကား တစ်ကား မရိုက်ကူးခင် ရုပ်ရှင် လုပ်ငန်းမှာ ဇာတ်လမ်း စိစစ်ရေးကို တင်ပြပြီး ခွင့်ပြုချက် ကျတာနဲ့ အစည်းအရုံးမှာ ရိုက်ကူးခွင့် တင်ရ တာဖြစ်ပါတယ်။

“နို့ဘီလူး” ရုပ်ရှင်ကား ရိုက်ကူးမှုမှာ ဇာတ်လမ်းစိစစ်ရေး ကို ဧပြီ ၁၁ရက်နေ့မှာ တင်ခဲ့ပေမယ့် သင်္ကြန် ပိတ်ရက်နဲ့ ကြန့်ကြာမှုတွေ ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ထွက် ပေါ် လာတဲ့ သတင်းတွေ ကိုပြန်လည် ရှင်းပြလာတဲ့ လူမင်းက “အဓိကက တော့ ကိုယ်ရိုက်တဲ့ “နို့ဘီလူး” ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြန်ရှင်းရ မယ်လို့ ယူဆလို့ပါ ။ပြောရရင် ဒီလို ကိစ္စ မျိုး ကကိုယ်ဖြစ်တဲ့ အတွက်ကိုယ့်ကို တိုက်ခိုက်ချင်တဲ့ လူတွေပိုပြီး ပုံကြီး ချဲ့ ကြတယ်လို့ မြင်တယ်။ ဒီလိုဖြစ်စဉ်မျိုး က ရှေ့တွေမှာလည်း ရှိခဲ့ဖူး တယ်။ ဒီနေ့ ခေတ် ကိုယ်တို့ဆီမှာ ရုပ်ရှင်ကားကြီး တွေ ထုတ်လုပ်မှု နည်းနေတဲ့ အချိန်မှာ ရုပ်ရှင် ကား ကြီးတွေပေါ် ထွက်လာ ဖို့ဆို တာ ပြန်ကြား ရေး ဝန်ကြီး ဌာနရော၊ ရုပ်ရှင် အစည်း အရုံး အနေနဲ့ ရောကား တစ် ကားရိုက်မယ် ဆို ဝိုင်းဝန်း ပံ့ပိုးကူညီရမယ့် အချိန်ပါ။ အခက်အခဲ အကြောင်းကြောင်း ကြောင့် တစ်ကားလုံး ရိုက်ကူးပြီးမှ ရိုက်ကူးခွင့် လာတင်တဲ့ ဖြစ်စဉ်တွေ လည်း ကိုယ်တို့ဆီမှာ အထင်ကရ ရှိ တယ်။ ဒီလိုဖြစ်စဉ်မျိုး ကို ကိုယ့်မှထူး ပြီး စဖြစ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကိုယ်တို့က လည်း သိသိ ကြီးနဲ့ ဒါ ငါဥက္ကဋ္ဌဖြစ်လို့ လုပ်ချင်သလိုလုပ် မယ်ဆိုတဲ့ စိတ်လုံးဝ မရှိတာတော့ ကိုယ့်သိက္ခာကို ရင်းပြီး ပြောရဲတယ်။ ဒီဇာတ်ကားက ၁လ ပိုင်းကတည်း က စစီစဉ်တာ။ ရိုက်ရက်တွေ လည်း သတ်မှတ်ပြီးသား ၊အခက်အခဲဖြစ် သွားတာက ကားရိုက် ထွက်ခါနီး အချိန်ထိ ဇာတ်လမ်း၊ ဇာတ်ညွှန်းက အချိန်မီ မပြီးတဲ့အခါ ကျတော့ ရုပ်ရှင် ကားကြီး ဆိုတာ ဇာတ်လမ်းစိစစ် ရေးကို အရင် တင်ရတာကိုး။ ဒါပေမဲ့ ကားရိုက် မထွက်ခင် ဧပြီ၁၁ရက် နေ့မှာ ဇာတ်လမ်း စိစစ်ရေးတင် ပါတယ်။ သင်္ကြန် ပိတ်ရက် ရှည်ကြီး ခံ သွားတယ်။ ဇာတ်လမ်း စိစစ်ရေး အစည်း အဝေးက ဧပြီ ၂၅ ရက်နေ့မှ ပဲ ရှိ တော့တယ်။ ဒါပေမဲ့ ဇာတ်လမ်း စိစစ်ရေးကို တင်တယ်။ မကျခင်မှာ ရိုက်တာ ဖြစ်တဲ့ အတွက် အကယ်၍ ပြန်ကျလာလို့ ဒီထဲမှာ သဘောမတူ နိုင်တဲ့ အချက်တွေ ပါလာလို့ကတော့ ဘယ်လောက်ပဲ ရိုက်ပြီးပေမယ့် ပြင် ဆင်ပြီး ရိုက်ကူးပါ့ မယ် ဆိုတဲ့ ဝန်ခံ ကတိတင်ပြီးမှ ရိုက်တာပါ။ အသိ မပေး၊ အကြောင်းမကြားဘဲ ရိုက်ကူး ခြင်း မဟုတ်ပါဘူး။ ဇာတ်လမ်းစိစစ် ရေးရုပ်ရှင် လုပ်ငန်းအနေ နဲ့ကတော့ ရှင်းလင်းတယ်။ မရိုက်ခင် ကတည်းက တင်ထားပြီးသား သင်္ကြန် အပြီးမှ ဇာတ်လမ်း စိစစ်ရေး ကကျမှ အစည်း အရုံးမှာ ရိုက်ကူးခွင့် တင်ရတာ ဆို တော့နောက် ကျသွား တာ။ ခုနက ပြောခဲ့တဲ့ အတိုင်း အခက်အခဲဖြစ် သွားတာပါပဲ။ ဒါပေမဲ့ ပုံကြီးချဲ့ပြီး ပြောဆိုချဲ့ကား လာတဲ့အခါ ပြန်ဖြေ ရှင်းရခြင်း ဖြစ်ပါတယ်” လို့ ပြောပြ ပါတယ်။

ဒီဇာတ်ကား ရိုက်ကူးမှုနဲ့ပတ် သက်ပြီး မေလ ၆ရက်နေ့က အဖွဲ့ တစ်ခု ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် သွားဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

“ဒီကားက ကိုယ်တိုင် သရုပ် ဆောင်၊ ဒါရိုက်တာ ဖြစ်နေတော့ ဒါနဲ့ ပတ်သက်ပြီး နာယကကြီးတွေ ပါတဲ့ အဖွဲ့နဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးပါ။ ဆုံး ဖြတ်တဲ့ အတိုင်း ခံယူမယ် ဆိုပြီး အဖွဲ့ ဖွဲ့ပြီး သွားပါပြီ။ EC အဖွဲ့ထဲမှာ ကိုယ်တော့ မပါဘူး။ ဒီအဖွဲ့လေးကို ထုတ်လုပ်သူ အနေနဲ့ဖြစ်စဉ် ကို တင်ပြ ရ မယ်။ အဲဒီ အပေါ် ဆုံးဖြတ်ချက်ပြန် ချမယ်။ ကိုယ် လည်း လောကသား တစ် ယောက်ပါပဲ။ အခက်အခဲ တစ်ခု ကြောင့် ဒီလိုဖြစ်တဲ့ အပေါ်မှာ ကိုယ် နဲ့ပတ်သက်မိ လို့ ကိုယ်နဲ့ အလုပ်လုပ် တဲ့ ထုတ်လုပ်ရေး က ထိခိုက် နစ်နာ ရမယ် ဆိုရင်လည်း မကောင်းဘူး။ ကိုယ် ရိုက်ခဲ့တာ လည်း အစွမ်းကုန် ကြိုးစားခဲ့တာ။ အစကတော့ မရှင်း ဘူးလို့ လုပ်ထားတာ။ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာလို့ ရှင်း ရတာပါ”လို့ ပြော ပြခဲ့ပါတယ်။

Popular Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...