Ads (728x90)

===================================

အာရှတစ်လွှားမှ လူငယ်ဘောလုံး သမားလေးများ ခြေစွမ်း တိုးတက်မြင့်မား လာရေးအတွက် တစ်ထောင့်တစ်နေရာ မှ အထောက်အပံ့ ဖြစ်စေရန် ကျင်းပခြင်းဖြစ်သော Asia Champions Trophy U-16 2014 လူငယ် ဘောလုံးပြိုင်ပွဲ၏ အုပ်စု(ခ) အဖွင့်ပွဲစဉ် အဖြစ် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်း တွင် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) ယူ-၁၆ အသင်းနှင့် လာအို တိုယိုတာ ယူ-၁၆ အသင်းတို့ ရင်ဆိုင် တွေ့ခဲ့ကြသည်။

မြန်မာအသင်းသည် အိမ်ကွင်းဖြစ်သော ကြောင့် ရာသီဥတု အနေအထားနှင့် ကွင်းအနေအထား တို့ကို ကြေညက်နေသော် လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် လာအိုလူငယ် တို့အတွက်မူ ရာသီဥတု မကွာခြားလှ သောကြောင့် ခြေရည်တူ ကစားခဲ့ကြသည် ကိုတွေ့ရသည်။

ပွဲအစပိုင်းတွင် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) အသင်းသည် ကောင်းစွာ ဖိကစားနိုင် ခဲ့ပြီး လာအို တိုယိုတာကလည်း ပိုမို သာလွန်မြင့်မားသည့် အရပ်အမောင်းနှင့် ကြံ့ခိုင်မှုကို အားပြုတုန့်ပြန် ခဲ့သည်။ မည်သို့ပင် ဖြစ်စေ ပွဲချိန် (၁၃) မိနစ်တွင် မြန်မာ ကျောနံပါတ် (၉) ဥက္ကာဘိုက လာအို ဂိုးသမားလက်မှ လျှံထွက်လာသော ဘောလုံးကို အနီးကပ် ပိတ်သွင်းကာ အဖွင့်ဂိုး သွင်းယူ ပေးခဲ့သလို ပွဲချိန် (၁၈)မိနစ်တွင်လည်း မြန်မာ ကျောနံပါတ် (၇) ဇွဲသက်ပိုင်က ၁၈ ကိုက်စည်းထိပ်မှ မြေလျှပ်ဘော အပြင်းကန်သွင်းပြီး (၂-၀) ဂိုးရလဒ်ကို ဖန်တီး ပေးခဲ့ကြသည်။

ပွဲချိန် (၃၇)မိနစ်တွင် မြန်မာ ကျောနံပါတ် (၁၁) ရွှေကိုသည် လာအို ဂိုးသမားနှင့် တစ်ယောက်ချင်း တွေ့ခဲ့သော်လည်း ဂိုးသမား တည့်တည့် ကန်မိခဲ့သဖြင့် ပွဲကို ထပ်မံဦးဆောင်ခွင့် နစ်နာခဲ့ရသည်။ ပထမပိုင်း ပြီးခါနီးတွင် လာအို ကျောနံပါတ် (၁၇) လိုင်သာယာ ဆီဆွန်ခမ်သည် မြန်မာနောက်တန်းကို ဖြတ်ကျော်ပြီး ဂိုးအနီးတိုင် ထောင့်ကျဉ်းသို့ ကပ်သွင်းနိုင်ခဲ့သော ကြောင့် (၂-၁) ဂိုးရလဒ် ဖြစ်လာခဲ့သည်။

ဒုတိယပိုင်း ပွဲချိန်တွင်မူ လာအို တိုယိုတာ အသင်းသည် အချိတ်အဆက် ပိုမိလာပြီး အိမ်ရှင် လူငယ်အသင်းကို ကောင်းကောင်း ဖိအားပြန်ပေး နိုင်ခဲ့သည်။ တစ်ဖက်ကလည်း မြန်မာလူငယ်တို့ ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရရှိခဲ့သော်လည်း အဆုံးသတ် ညံ့ဖျင်းမှုကြောင့် ထင်တိုင်း မပေါက်ခဲ့ချေ။ ပွဲချိန် (၅၅)မိနစ်တွင် မြန်မာ ဂိုးသမား စောဌေးသည် ဂိုးဘားအောက်သို့ ကန်သွင်းသော လာအို အလွတ်တည်ကန်ဘော ကို လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ သို့သော် လာအို အသင်းအတွက် အဖိုးတန် ချေပဂိုးကို ကျောနံပါတ် (၁၇) လိုင်သာယာ ကပဲ ပွဲချိန် (၇၄)မိနစ်တွင် မြန်မာ ဂိုးသမားနှင့် တစ်ယောက်ချင်း အတွေ့၌ သွင်းယူခဲ့ သောကြောင့် သရေပွဲ အဖြစ် အဆုံးသတ်ခဲ့ ရတော့သည်။

ပွဲပြီးရလဒ်
----------
Myanmar Football Academy (MDY) 2 - 2 Lao Toyota FC
Okkar Bo 13'
Zwe Thet Paing 18'
- Laithaya Sisongkham 45', 74'

Ref ; #MFF

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...