Ads (728x90)




အေသင်အောင်

အိန်္ဒိယနိုင်ငံက အသက် (၂၀) အရွယ်ရှိ အင်ဂျင်နီယာ ကျောင်းသား ဗာမာဟာ You Tube ၀က်ဘ်ဆိုက်မှာ ထူးခြားတဲ့ အကြောင်း အရာတင်ရှိနိုင်ဖို့ နောက်ပြောင်မှု တစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗာမာဟာ သူ့ရဲ့ ဖခင်ဖြစ်သူကိုပဲ နောက်ပြောင်သွားဖို့ စဉ်းစားခဲ့ပြီး သူ့ဆီမှာ ချစ်သူ တစ်ဦးရှိနေကြောင်း၊ အဲဒီချစ်သူမှာ ကိုယ်ဝန်ရနေပြီ ဖြစ်ကြောင်း ဖခင်ဖြစ်သူအား ပြောပြခဲ့ပါတယ် ။ ဒီလို ပြောကြားရာမှာ မိခင်ဖြစ်သူ မသိစေဖို့ တံခါးကို ပိတ်ပြီး ဖခင်ဖြစ်သူ နဲ့ နှစ်ကိုယ်ကြားပြောကြားခဲ့ခြင်း ဖြစ်ပေမယ့် မထင်မှတ်တဲ့ တုံ့ပြန်မှု ရရှိခဲ့ပါတယ်။

ဗာမာရဲ့ ဖခင်ဖြစ်သူဟာ မခံနိုင်လောက်အောင် ဒေါသထွက်ခဲ့ပြီး ကန်ကျောက် ထိုး ကြိတ်ခဲ့ပါတယ်။ နောက်ဆုံး ပုလင်းနဲ့ပစ် ပေါက် ဖို့ ပြုလုပ်ချိန်မှာတော့ ဗာမာက မိမိအနေနဲ့ နောက်ပြောင်ခြင်းသာဖြစ်ကြောင်း ရှင်း ပြခဲ့ပြီး ဗီဒီယို မှတ်တမ်းတင်ထားပုံကို ပြသတဲ့ အခါမှ သက်သာရာရ သွားခဲ့ပါတယ်။ ချစ်သူ ဖြစ်သူကို မယူရသေးခင်မှာ ကိုယ်ဝန်ရှိအောင် ပြုလုပ်ခဲ့တဲ့သားဖြစ်သူကိုဖခင်ဖြစ်သူကရိုက်နှက်ဆုံးမတဲ့ မြင်ကွင်းဟာ နောက် ပြောင်စရာတစ်ခု မဟုတ်ခဲ့ဘူး ဆိုရင် အခုထက် ပိုနာကျင်ရဖို့ ရှိပါတယ်။ ဒီဗီဒီယို မှတ်တမ်းဟာ You Tube မှာ လူကြိုက်များခဲ့ပြီး တစ်ပတ်အတွင်း ကြည့်ရှုတဲ့ အရေအတွက် က (၅၀၀၀၀၀)ကျော် ရှိသွားခဲ့ပြီဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။


The Messenger

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...