Ads (728x90)


အေသင်အောင်

အမျိုးသမီးတွေဟာ မီးရထားစီးနင်း တဲ့အခါ၊ ဘတ်စ်ကား စီးနင်းတဲ့ အခါတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ဟောင်ကောင်မှာအခြေစိုက်နေထိုင်တဲ့ အမေရိကန်အမျိုးသမီး မက်ဒါမော့စ်ကထူးခြားတဲ့အ၀တ်အစားကို တီထွင် မိတ်ဆက် ပြသခဲ့ပါတယ်။ အဖြူရောင်နဲ့ ပန်းရောင်ရောစပ်ချုပ်လုပ်ထားတဲ့ အ၀တ်အစားဟာ ထီးပုံသဏ္ဍန်နဲ့ ဆင်တူပြီး ကိုယ့်နားကို အန္တရာယ်ပြုသူ ရောက်မလာ အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒီအ၀တ်အစားကို ချုံ့နိုင်၊ ချဲ့နိုင်အောင် ပြုလုပ်ထားပြီး အန္တရာယ်ပေးနိုင်သူလို့ ယူဆပါက ဆန့်ထုတ်နိုင်အောင်စီစဉ် ထားခြင်းဖြစ်ပါတယ်။ အ၀တ်အစားရဲ့ အောက်ခြေပိုင်းကို ထီးဖွင့်ထားသလိုဖြစ်အောင် ပြုလုပ်ထားတာမို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့ရ တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အများ နဲ့သက်ဆိုင်တဲ့ နေရာတွေကိုသွားလာတဲ့အခါ နေရာယူတဲ့ အ၀တ်အထည်ဝတ်ဆင်လိုက်ခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာကွယ်နိုင်ကြောင်း မက်ဒါမော့က ဆိုခဲ့ပါတယ်။ အ၀တ်အစားအတွင်းမှာငြမ်းပုံစံကော်ချောင်းတွေထည့်ထားတာမို့ ပြန့်ကားသွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ကမ္ဘာတစ်ဝန်းမှာ မြေအောက်မီးရထားစီးနင်တဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ နှစ်ပတ်က လော့စ်အိန်ဂျလိစ်မြို့မှာပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ မြေအောက်မီးရထား စီးနင်းတဲ့ အမျိုးသမီးငါးဦးမှာ တစ်ဦးစော်ကား ခြင်းခံနေရတယ်လို့သိရပါတယ်။ တိုကျိုမြို့ မှာလည်း ရုံးတက်၊ ရုံးဆင်းချိန်မှာ အမျိုးသမီးတွေ စော်ကားခံရမှုများပြားလာတာမို့ အမျိုးသမီးသီးသန့် စီးနင်းတဲ့ ယာဉ်တွေကို စီစဉ်ပေးနေ ရပါတယ်။ မက်ဒါမော့ကသူ့ရဲ့အ၀တ်အစားကို ကျယ်ပြန့်စွာ ရောင်းချနိုင်ဖို့ စီစဉ်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။


The Messenger

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...