Ads (728x90)





ဆူဒန်တရားရုံးမှ သူ၏ ကိုယ်ဝန်ရှိနေသာ ဇနီးဖြစ်သူအား ခရစ်ယန်ယုံကြည်မှုကိုစွန့်လွှတ်ရန် ငြင်းဆန်သည့်အတွက် သေဒဏ်ချမှတ်ခဲ့ကြောင်း ယောက်ျားဖြစ်သူမှ ပြောကြားခဲ့သည်။
“ ကျွန်တော် အရမ်းကို စိတ်ဆင်းရဲနေရပါတယ်။ ဘာလုပ်ရမှန်းလည်း မသိပါဘူး ” ဟု ဒန်နီရယ်ဝါနီမှ ပြောဆိုခဲ့သည်။

“ ကျွန်တော် ဘုရားသခင်ဆီမှာပဲ ဆုတောင်းနေရပါတယ် ” ဟုလည်း ပြောဆိုသွားသည်။
ယခုသီတင်းပတ်အတွင်းက ခါတွန်တရားရုံးမှ မစ္စတာ ဝါနီ၏ ဇနီးဖြစ်သူ မာရီယမ်ယက်ဟာအီဘရာဟင် အသက် ၂၇ နှစ်အား ယုံကြည်မှုကို စွန့်ပစ်မှုအတွက် သေဒဏ်ချမှတ်ခဲ့သည်။
မစ္စ အီဘရာဟင်သည် ခရစ်ယာန်ဖြစ်ကြောင်း သူ၏ ယောက်ျားဖြစ်သူမှ ပြောဆိုခဲ့သော်လည်း တရားရုံးမှ မူဆလင်အဖြစ် သက်မှတ်ခဲ့သည်။
တရားရုံးမှ မစ္စအီဘရာဟင်အား အိမ်ထောင်ရေး ဖောက်ပြန်မှုဖြင့် ကြိမ်ဒဏ် အချက် ၁၀၀ ကိုလည်း ချမှတ်ခဲ့သည်။ မွတ်စလင်တို့၏ ရှာရီးယား ဥပဒေအရ ခရစ်ယာန်ယောက်ျားဖြစ်သူအား လက်ထပ်မှုသည် တရားမဝင်သောကြောင့် ဖြစ်ကြောင်း သိရှိရသည်။
တရားရုံးမှ မစ္စအီဘရာဟင်အား ခရစ်ယာန် ယုံကြည်မှုကို စွန့်ပယ်ရန်အတွက် ကြာသပတေးနေ့အထိ အချိန်ပေးခဲ့သည်။ သို့ရာတွင် မစ္စ အီဘရာဟင်၏ ရှေ့နေဖြစ်သူမှ အမှုသည် သည် ယင်းကဲ့သို့ လုပ်ဆောင်ရန် ငြင်းပယ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
ကြာသပတေးနေ့ တရားရုံးကြားနာမှုတွင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦးမှ ယခုကဲ့သို့သော ဒုစရိုက်ပြစ်မှုမျိုးသည် အစ္စလာမ်နှင့် အစ္စလာမ်နိုင်ငံအတွက် အလွန်ပင် အန္တရာယ်ကြီးသည်ဟု ပြောဆိုခဲ့ကြောင်း  မစ္စ အီဘရာဟင်၏ ရှေ့နေဖြစ်သူ မိုဟာမက် ဂျာအယ်လ်နာဘီမှ ပြောကြားသွားသည်။ မစ္စအီဘရာဟင်မှ သူသည် ခရစ်ယာန်ဖြစ်ကြောင်းနှင့် ခရစ်ယာန်အဖြစ် ဆက်လက် နေထိုင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မစ္စအီဘရာဟင်၏ တရားရေးအဖွဲ့မှ စီရင်ချက်ကို အယူခံဝင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုခဲ့သည်။ ၎င်းစီရင်ချက်အား ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များမှ ပြစ်တင်ရှုံ့ချခဲ့ကြသည်။ လက်ရှိအချိန်တွင် မစ္စအီဘရာဟင်သည် ကိုယ်ဝန်ရှစ်လ ရှိပြီး အကျဉ်းထောင်အတွင်း၌ သူ၏ တစ်နှစ် ရှစ်လသားအရွယ် ကလေးငယ်ဖြင့် အတူ အကျဉ်းကျခံနေရကြောင်း သိရှိရသည်။
မစ္စအီဘရာဟင်သည် ဆူဒန် မွတ်စလင်အဖေဖြစ်သူနှင့် အီသီယိုးပီးယား အော်သိုဒေါ့ အမေဖြစ်သူမှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ အသက် ၆ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှ စွန့်ခွာသွားခဲ့ပြီး မိခင်ဖြစ်သူမှ ခရစ်ယာန်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အဖေဖြစ်သူမှာ မူဆလင် ဖြစ်သောကြောင့် တရားရုံးမှ မစ္စအီဘရာဟင်အား မွတ်စလင်အဖြစ် သက်မှတ်ခဲ့ခြင်း ဖြစ်ပြီး
မူဆလင် အမျိုးသားမဟုတ်သူကို လက်ထပ်မှုမှာလည်း တရားမဝင်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Amensty International အဖွဲ့မှ မစ္စအီဘရာဟင်အား ယုံကြည်ချက် အကျဉ်းသားအဖြစ် သက်မှတ်ခဲ့သည်။ “ အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာကို ရွေးချယ်မှုအတွက် သေဒဏ်ချမှတ်ခံရတာ။ ပြီးတော့ ဘာသာမတူတဲ့
အမျိုးသား တစ်ယောက်ကို လက်ထပ်မှုအတွက် ရိုက်နှက်ခံရတယ်ဆိုတာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ဘယ်လိုမှကို ထည့်သွင်းစဉ်းစားလို့ မရနိုင်တဲ့ အဖြစ်အပျက်မျိုးပါ
” ဟု Amnesty International အဖွဲ့၏ ဆူဒန် သုတေသန ပညာရှင်ဖြစ်သူ မနာအိုက်ဒရစ်မှ ပြောဆိုခဲ့သည်။
“သေဒဏ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အကြီးမားဆုံး ပြစ်မှုစံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ ကိုးကွယ် ယုံကြည်မှုတို့ကို စွန့်လွှတ်ခြင်းတို့ဟာ ဒုစရိုက်ပြစ်မှုတစ်ခု မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအတွက် အင်မတန်မှ ဆိုးရွားယုတ်မာပြီး ရှက်ဖို့ကောင်းတဲ့ စီရင်ချက်ပါ ” ဟု မစ္စတာ အိုက်ဒရစ်မှ ပြောဆိုသွားခဲ့သည်။
ဆူဒန်နိုင်ငံသည် ခရစ်ယာန်အဖြစ် နေထိုင်ရသည့် နိုင်ငံများတွင် အခက်ခဲဆုံး နိုင်ငံအဖြစ် ပါဝင်ကြောင်း နိုင်ငံတကာ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု စောင့်ကြည့်ရေး အဖွဲ့၏ အချက်အလက်များအရ သိရှိရသည်။
သမ္မတ အိုမာအယ်လ်ဘာရှား၏ လက်အောက်တွင် ဆူဒန်နိုင်ငံသည် ဘာသာရေးများနှင့် ကိုးကွယ်ယုံကြည်မှုတို့ကို ဖောက်ဖျက်လျက် ရှိကြောင်း အမေရိကန်၏ နိုင်ငံတကာ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်ခဲ့သည်။ ဆူဒန်သည် မူဆလင်များနှင့် မူဆလင် မဟုတ်သူများအပေါ်တွင် ရှာရီးယားဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး သင့်တင့်လျောက်ပတ်မှု မရှိသည့် အကျင့်ပျက် ဖောက်ပြန်သော ရိုက်နှက်ခြင်း၊ ခြေလက် ဖြတ်တောက်ခြင်း ပြစ်ဒဏ်များကို ချမှတ်ခဲ့ကြောင်း ကော်မရှင်မှ ပြောဆိုခဲ့သည်။
ဆူဒန် အစိုးရသည် ယုံကြည်ချက်ကို ဖြန့်ဖြူးခြင်းအတွက် ခရစ်ယာန်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ချာ့ခ်ျကျောင်းများကို ဖျက်ဆီးကာ ခရစ်ယာန်ပိုင်မြေများကို သိမ်းယူခဲ့ကြောင်း ကော်မရှင်မှ ပြောဆိုသွားသည်။ 

တရားရုံးကြားနာမှု မတိုင်မီ တစ်ရက်အလိုတွင် မစ္စအီဘရာဟင်၏ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ခြင်း မပြုပါက အသက်ဘေးကို ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း ရှေ့နေဖြစ်သူ အယ်လ်နာဘီမှ ပြောဆိုခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် မစ္စအီဘရာဟင်၏ ကိုယ်စားလှယ်အဖြစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ ဒီအမှုကို ကျွန်တော် မစွန့်ခွာနိုင်ပါဘူး။ ဒါဟာ ယုံကြည်မှုနဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ ကိစ္စရပ်ပါ။ ကျွန်တာ့်ရဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရရင်တောင်မှ အကူအညီ လိုအပ်နေတဲ့သူ တစ်ယောက်ကို ဆက်လက် ကူညီရမှာပါ ” ဟု မစ္စတာ အယ်လ်နာဘီမှ ပြောဆိုသွားခဲ့သည်။
 From : .. bbc

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...