Ads (728x90)


သတင်း ၊ ကိုတိုးကြီး
ဆားလင်းကြီး၊ မေ ၁၈
တန်တစ်ရာမြေသယ်ယာဉ်ကားကြီးမှ တိုယိုတာဟိုင်းလတ် ဒါဘရယ်ကဒ် ဖိုးဝှီးယာဉ်လေးအား တက်ကြိတ် မိသည့်အတွက် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည့် ဖြစ်စဉ်တစ်ရပ်အား မေလ ၁၇ ရက်နေ့ မနက်
၉ နာရီ ၁၅ မိနစ်အချိန်က ဆားလင်းကြီးမြို့နယ်၊ ကြေးစင်တောင် ကြေးနီးတူးဖော်ထုတ်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင် လုပ်ကွက်အမှတ်(၅၇၅)နေရာ၌ ဖြစ်ပွားခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံမှ သိရ သည်။




မြေသယ်ယာဉ်ကြီးမှ ဟိုင်းလတ်ကားလေးအားတက်ကြိတ်မိသည့်အတွက် လူသေဆုံးမှုဖြစ်ပွားရာ အရပ်သို့ ကြေးစင်တောင် နယ်မြေရဲကင်းစခန်းမှူး ရဲအုပ် ကျော်မင်းနိုင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အုပ်စု ဖောင်းကား(မြောက်) ကျေးရွှာနေ ကိုမျိုးကိုကို ဆိုသူမှ အမှတ်(၇၄) စာတမ်းပါ တန်တစ်ရာမြေသယ်ယာဉ်ကြီးအား မြေသယ်ယူ ရန်မောင်းနှင်လာစဉ် အဆိုပါ မြေသယ်ယာဉ်ကြီး၏ ရှေ့၌ရပ်ထားသော တိုယိုတာ ဟိုင်းလတ် ဒါဘရယ်ကဒ် ဖိုးဝှီး အဖြူရောင် အမျိုးအစား ယာဉ်အမှတ် ၇ခ/ ၁၅၂၃ ကားအား တက်ကြိတ်မိခဲ့ခြင်းဖြစ်သည်။
မြေသယ်ယာဉ်ကြီး၏ တက်ကြိတ်မိခြင်းခံရသော တိုယိုတာကားအတွင်း၌ ထိုင်နေသူ ဦးမင်းမင်းစိုး အသက်(၄၉)နှစ်၊ စက်ပြင်ဆရာဆိုသူသည် မြေသယ်ယာဉ်ကြီး၏ တက်ကြိတ်မိသည့်အတွက် မျက်နှာချိုင့် ၀င်၊ ဦးခေါင်းသွေးထွက်၊ ရင်ဘတ်ပွန်းပဲ့ဒဏ်ရာများဖြင့် ထိုနေရာတွင် သေဆုံးသွားခဲ့ခြင်းသည်။ ထိုသူနှင့် အတူ ဟိုင်းလတ်ကားလေးအတွင်းထိုင်နေသူ ကိုမင်းသက်နိုင် အသက်(၂၂)နှစ်ဆိုသူသည် ၀ဲဘက်ပေါင်း ပွန်းပဲ့ဒဏ်ရာ၊ ၀ဲဘက်ခြေသလုံး စုပ်ပြဲဒဏ်ရာနှင့် ၀ဲဘက်ခြေမျက်စိအထက် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တန်တစ်ရာမြေသယ်ယာဉ်ကြီးအား မောင်းနှင်သူကို ကြေးစင်တောင် နယ်မြေရဲကင်းစခန်းမှူး ရဲ အုပ်ကျော်မင်းနိုင် ဆိုသူမှ တရားလိုပြုလုပ်၍ ဆားလင်းကြီးမြို့မရဲစခန်း၌ တိုင်တန်းခဲ့ရာ ရဲစခန်းက ယာဉ်(ပ) ၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က) ၃၃၇/ ၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...