Ads (728x90)

Photo: ဧရာဝတီကို ရန်ကုန်အသင်း သေချာပေါက် ဂိုးသွင်းနိုင်မည်ဟု ကျော်ကိုကို ယုံကြည်
---------------------------------------------------------------------------
 
   ရန်ကုန် ယူနိုက်တက် အသင်း၏ မြန်မာ့ လက်ရွေးစင် တိုက်စစ် မှူး ကျော်ကိုကို က ဧရာ ၀တီ ယူနိုက်တက် နှင့် ပွဲတွင် ရန်ကုန် အသင်း သေချာ ပေါက် ဂိုးရမည် ဖြစ်ပြီး အဖိုးတန် အနိုင် ၃ မှတ် ရယူ ရန် ကြိုးစား သွားမည် ဟု ဆိုသည်။ ရန်ကုန် အသင်းသည် လာမည့် ဖေဖော် ၀ါရီ ၂၁ ရက်နေ့ (သောကြာ နေ့) ညနေ ၄း၀၀ နာရီတွင် အောင်ဆန်း ကွင်း၌ ဧရာ ၀တီ အသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

“ကျွန်တော်တို့ အသင်း တိုက်စစ် ကို ယုံတယ်။ သေချာ ပေါက် ဂိုးရ ကိုရမယ်။ ၂-၁၊ ၃-၁ လောက် နဲ့ နိုင်မယ်” ဟု ကျော်ကိုကို ကဆိုသည်။ လက်ရှိ အချိန်တွင် ရန်ကုန် အသင်း သည် ၃ ပွဲ၌ သွင်းဂိုး ၉ ဂိုး သွင်းထားပြီး ဂိုးအများ ဆုံးသွင်းသည့် အသင်း အဖြစ် ရပ်တည် နေသည်။

၂၀၁၄ ဘောလုံး ရာသီ အမှတ် ပေးပွဲ ၃ ပွဲတွင် ပွဲချိန် ပြည့် ကစား ရသည့် ပွဲ မရှိသော် လည်း ၁ ဂိုးသွင်း ထားသည့် ကျော်ကိုကို က ပြည်တွင်း ကစား သမားများ နှင့် နိုင်ငံ ခြား သား ကစား သမား များ အကြား ကွာဟ ချက်ကို ယခုလို ပြောကြား သည်။ “နိုင်ငံ ခြားသား ကစား သမား တွေက ခန္ဓာ ကိုယ် ကြံ့ခိုင်မှု ကောင်းတယ်၊

အဆုံးသတ် သေချာတယ်။ အဲဒီ အပိုင်းတွေ မှာ ကျွန်တော်တို့ ပြည်တွင်း ကစား သမားတွေ ထက် သာတယ်။ အသင်းတွေ ကလည်း အနိုင် ရလို ရေးကို ဦးတည် ကစား နေတော့ သူတို့ကို နေရာ ပေးတာ သဘာဝ ကျပါ တယ်။ ကျွန်တော် တို့ မြန်မာ ကစား သမားတွေ အခု ထက် ပိုကြိုးစား မှ ပုံမှန် နေရာ ရမယ်” ဟု ကျော်ကိုကို က ဆိုသည်။

ပြီးခဲ့သည့် ဇေယျာ ရွှေမြေ နှင့်ပွဲတွင် ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ် နှင့်ပတ် သက်၍ လည်း မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူးက မည်သူ့ကိုမျှ ထိခိုက် နစ်နာ စေရန် မရည် ရွယ်ကြောင်း နှင့် မိမိ၏ ကံကြမ္မာ ကိုသာ အားမလို အားမရ ဖြစ်မိ ကြောင်း ပြောသည်။ “ပြီးခဲ့တဲ့ ရာသီက ရန်ကုန် အသင်း အတွက် ကောင်းကောင်း မကစား နိုင်ခဲ့ ဘူး။

အသင်းကလည်း ပြောင်းကာစ၊ ဒဏ်ရာ တွေကလည်း ရဆိုတော့ အဆင် မပြေဘူး။ ဒီနှစ် အကောင်းဆုံး ကစားမယ် ဆိုပြီး အားခဲ ထားတာ။ ဇေယျာ နဲ့ပွဲမှာ မမျှော်လင့် ဘဲ ဒဏ်ရာ ရသွားပြီး ဆက်ကစား ခွင့် မရမှာ စိုးလို့ ဖြစ်သွား တာပါ။ ဘယ်သူ့ကို မှ မရည် ရွယ်ပါ ဘူး” ဟု ကျော်ကိုကို က ဆိုသည်။

ရန်ကုန် အသင်း နှင့် ဧရာဝတီ အသင်းတို့ သည် ပြီးခဲ့သည့် ဘောလုံး ရာသီက မြန်မာ နေရှင်နယ် လိဂ်တွင် ၂ ကြိမ် ဆုံခဲ့ရာ ဧရာဝတီ ၃-၁ ဖြင့် ၁ ကြိမ် နိုင်ခဲ့ သလို ရန်ကုန်က ၂-၁ ဖြင့် ၁ ကြိမ် အနိုင်ရ ခဲ့သည်။ ပွဲစဉ် ၃ ပွဲ ကစားပြီး ချိန်တွင် ရန်ကုန် က ၇ မှတ်ဖြင့် ဒုတိယ၊ ဧရာဝတီ က ၃ မှတ် ဖြင့် အဌမ နေရာ၌ ရပ်တည် နေသည်။

Ref ; #YUFC ygnutd.com

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...