------------------------------
အာရှ ဘောလုံး အဖွဲ့ချုပ် (AFC)သည် ယခုနှစ်အတွင်း ကျင်းပမည့် AFC Cup 2014 ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင် ရေးအတွက် မြန်မာနိုင်ငံမှ ဒိုင်လူကြီး ၃ ဦးအား ရွေးချယ် တာဝန်ပေးအပ် လိုက်သည်။ AFC သည် မြန်မာ နေရှင်နယ်လိဂ်နှင့် နိုင်ငံတကာ ပြိုင်ပွဲများ တာဝန်ယူ ကိုင်တွယ် နေသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီး များဖြစ်သော ဦးဝင်းချို၊ ဦးဝင်းထွဋ်နှင့် ဦးအောင်မိုး တို့အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် 2014 AFC Cup ပွဲစဉ် ဖြစ်သည့် အင်ဒိုနီးရှား ကလပ် ပါစီပူရာ ဂျယာပူရာ နှင့် အိန္ဒိယ ကလပ် ချာချီ ဘရားသားစ် တို့ပွဲစဉ်အား တာဝန်ပေး မည်ဖြစ်သည်။
ဦးဝင်းချို၊ ဦးတင်ထွဋ်၊ ဦးလှမင်း၊ ဦးဝင်းထွဋ်၊ ဦးအောင်မိုးတို့ အပါအ၀င် ဖီဖာ အသိအမှတ်ပြု မြန်မာ ဒိုင်လူကြီးများသည် အာရှ အဆင့်မြင့် ပြိုင်ပွဲများ ဖြစ်သည့် AFC Champions League နှင့် အာရှ ဖလားပြိုင်ပွဲများ၊ အာဆီယံ ဒေသတွင်း ပြိုင်ပွဲများတွင် သက်ဆိုင်ရာ အဖွဲ့ချုပ်များ၏ တာဝန်ပေး အပ်မှုအရ ကွင်းလယ်ဒိုင်၊ အကူဒိုင်၊ မှတ်တမ်းဒိုင် များအဖြစ် မကြာခဏ သွားရောက် တာဝန် ထမ်းဆောင်လျက် ရှိသည်။
Ref ; #MFF
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။