Ads (728x90)

Photo: Fair Play ဘာလဲလို့ မေးကြည့် ချင်ပါတယ် ရတနာပုံအသင်းနဲ့  MFF ရေ..
--------------------------------------------------------------------------

ရတနာ Vs ရန်ကုန်  ဆိုတာ MNL မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးအသင်း
နှစ်သင်းလို့ ပြောလို့ ရပါတယ် သမိုင်းတစ်လျှောက်မှာ ဒီနှစ်သင်းထိပ်တိုက်
တွေ့ ဆုံလေတိုင်း  MNL ရဲ့ အမြင့် ဆုံး ရသတစ်ခုကိုပေးစွမ်းနိုင်တဲ့ ပွဲစဉ်လို့ 
ပြောမယ်ဆိုပြောလို့ ရပါတယ် ဒီနှစ်သင်း ထိပ်တိုက်တွေ့ ဆုံလေတိုင်းမှာ
ဟိုဘက်ပရိတ်သတ် ဒီဘက်ပရိတ်သတ်တွေဆိုတာ ပြဿနာလေးတွေ
အနည်းနဲ့ အများတစ်ခုမဟုတ်တစ်ခုတော့ ဖြစ်ကြတာတွေချည်းပါပဲ။

သို့ ပေမယ့် MNL Myanmar 2013 Week-5 ပွဲစဉ်အဖြစ်ထိပ်တိုက်
တွေ့ ဆုံမယ့်  2.3.2014 (တနင်္ဂနွေနေ့ ) ပွဲစဉ်မှာတော့ ရတနာပုံအသင်းရဲ့ 
ဗထူးကွင်းမှာ ရန်ကုန်ပရိတ်သတ်တွေကို ခြေချခွင့် မပေးချင်ဘူးထင်ပါတယ်။
တရားမျှတမှု။ စည်းကမ်းလိုက်နာမှု။ တရားသဖြင့် ဆောင်ရွက်ခြင်း။ တရားသဖြင့် ကစားသောပွဲ။ တစ်ခုအဖြစ် မမြင်တွေ့ ရမယ့် အနေအထားမျိုး
တွေ တွေ့ ရှိလာရတယ် ဧည့် သည်ရန်ကုန်အသင်းနဲ့ ကန်မယ့် ပွဲမှာ
ဧည့် သည်ရန်ကုန်ပရိတ်သတ်တွေကို လုံခြုံရေး အပြည့် အ၀တာဝန်ယူပေးဖို့ 
ရတနာပုံအသင်းမှ တာဝန်ရှိသူတွေက တာဝန်ယူမပေးနိုင်ပါဘူးဆိုတာကို
ကြားသိလိုက်ရပါတယ်။ 

ကျွန်တော်တို့ ရန်ကုန်ပရိတ်သတ်တွေဆိုတာMNLကလပ်အသင်းတွေထဲမှာ စိတ်ဓာတ်အပြင်းထန်ဆုံး အသင်းကိုချစ်တဲ့ နေရာမှာ အားပေးတဲ့ နေရာမှာ အခြားသောကလပ်အသင်းဖန်တွေအားလုံးထက်သာလွန်တာအများအမြင်ပါ
2009 MNL စတင်ကတည်းက2014 ယခုနှစ်အထိ အဝေးကွင်းပွဲစဉ်တွေမှာ အစဉ်အလာမပျက်လိုက်ပြီးအားပေးခဲ့ ကြတာ ဘယ်အသင်းဖန်မှမရှိသေး
ပါဘူး ကျွန်တော်တို့ ရန်ကုန်အသင်းပရိတ်သတ်တွေပဲရှိပါသေးတယ်။

ခုလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲမျိုးမှာ  Fair Play ဆိုတဲ့ ခေါင်းစဉ်ကိုမေ့ထားပြီး
ဧည့် သည်ပရိတ်သတ်တွေရဲ့ လုံခြုံရေးကို တာဝန်ယူမပေးနိုင်ဘူးဆိုတာက
တော်တော် တရားလွန်တဲ့ အနေအထားလို့ မြင်မိပါတယ် ကျွန်တော်တို့ ရဲ့ 
ပရိတ်သတ်တွေ အဝေးကွင်းမှာ လိုက်ပြီးအားပေးတဲ့ အမာခံပရိတ်သတ်
အင်အားက အလွန်ဆုံးရှိလှမှ 150 နဲ့  200 ကြားမှာပဲ ရှိမှာပါ ဒီလူအင်အား
လောက်လေးလေးကို တာဝန်ယူမပေးနိုင်ဘူးလား သီးသန့် ခွဲထားပြီးတော့ 
မထားပေးနိုင်ဘူးလား ကိုယ့် ပရိတ်သတ်သောင်းကျန်းမှာကိုတာဝန်မယူနိုင်
လို့ လား ဒါမှမဟုတ် ရန်ကုန်ပရိတ်သတ်တွေသောင်းကျန်းမှာကိုစိုးရိမ်နေလို့ 
များလား။ ကျွန်တော်တို့ သောင်းကျန်းမှာကိုတော့ မစိုးရိမ်ပါနဲ့ MNL အသင်း
ိထိပ်သီးအသင်းတွေထဲမှာတော့အယဉ်ကျေးဆုံးဖန်အဖွဲ့ လို့ ပြောလို့ ရပါတယ်
ဘယ်တော့ မှပြဿနာမရှာပါဘူး ရန်ကုန်ရဲ့ အိမ်ကွင်းမြက်ခင်းတုမှာရော
ရေသန့် တစ်ဘူး ခဲတစ်လုံး ကျခဲ့ဘူးတာ မြင်တွေ့ ခဲ့ ဘူးပါသလား
ကြုံတွေ့ ခဲ့ ဘူးပါလား ကျခဲ့ တယ်ဆိုတဲ့ရာဇ၀င်မရှိခဲ့လောက်အောင်
ဧည့် သည်ပရိတ်သတ်တွေပေါ်မှာတော့ အိမ်ရှင်ရန်ကုန်အသင်းရော
အိမ်ရှင်ပရိတ်သတ်တွေပါ ပွဲစဉ်တိုင်းမှာဧည့် ဝတ်ကျေပြွန်ခဲ့ကြပါတယ်။

ကဲ...ဒီလိုဆို ရတနာပုံအသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကိုမေးပါရစေ..
ကျွန်တော်တို့ ရန်ကုန်ပရိတ်သတ်တွေ ဧည့် သည်လာလုပ်မယ့် ကွင်းမှာ
အိမ်ရှင်က ဧည့် သည်ကိုအန္တရာယ်ကင်းစွာဘေးရှင်းစွာနဲ့ စိတ်လွတ်
ကိုယ်လွတ်အားပေးနိုင်ဖို့  တာဝန်ယူမပေးနိုင်ကြဘူးလား တာဝန်ယူမပေး
ရဲကြဘူးလားဗျာ ... ဒါက Fair Play ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်လို
တရားမျှတမှု။ တရားသဖြင့် ဆောင်ရွက်ခြင်း။ တရားသဖြင့် ကစားသောပွဲ။
တစ်ခုဖြစ်လာအောင်ဆောင်ရွက်မပေးနိုင်ဘူးလား အဲ့ ဒါလေးသိချင်ပါတယ်။

နောက်ပြီးကျွန်တော်တို့ ကြားသိရသလောက်က ပရိတ်သတ် 2500 ဆံ့ တဲ့ 
ကွင်းတခြမ်းလုံးကို ကျပ်သိန်း ၅၀ နဲ့ ဝယ်လိုက်ရင် ရန်ကုန်ပရိတ်သတ်တွေ
ချည်းပဲသီးသန့် ထားပေးနိုင်မယ် ထားပေးထားမယ် လို့ သိရတယ် စဉ်းစား
ကြည့် ပါဦးဗျာ ... အဝေးကွင်းပွဲစဉ်ဆို အမြဲတမ်းလိုက်အားပေးနေတဲ့ 
ရန်ကုန်အသင်းကို ချစ်တဲ့ ပုံမှန်အားပေးတဲ့ အမာခံပရိတ်သတ်တွေဆိုတာ 
၂၀၀ ၀န်းကျင်လောက်ပဲရှိတာပါ ဒီလူလောက်နဲ့ ကွင်းတခြမ်းလုံးသိန်း ၅၀
ပေးပီး ၀ယ်ကြည့် ရမယ်ဆိုရင် တန်နိုင်ပါရဲ့ လားပြောကြပါဦး။

လက်ရှိအတိုင်းဆိုရတနာပုံအသင်းကတာဝန်ရှိသူတွေရဲ့ တာဝန်မယူနိုင်မှု
တွေက ရန်ကုန်အသင်းကို ပရိတ်သတ်မဲ့  ကွင်းပိတ်ကစားဖို့ အတွက်
ကြံစည်ကြိုးစား အားထုတ်နေသလိုဖြစ်နေတယ် အဲ့ လိုများဖြစ်နေမလားပဲ။
ပရိတ်သတ်ဆိုတာ ဘောလုံးအသင်းတစ်သင်းရဲ့ ၁၂ယောက်မြောက်ဖြစ်တဲ့ 
ကစားသမားပါပဲ ပရိတ်သတ်အားပေးမှုမဲ့ တဲ့ အသင်းတစ်သင်းရဲ့ စိတ်ဓာတ်
တွေဆိုတာ အားပေးတဲ့ သတ်ရှိနေသလောက်မတက်ကြွနိုင်ဘူး ကြိုးစားလို
စိတ်အနိုင်ယူလိုစိတ် တွေဘယ်လောက်ပြင်းပြနေပါစေ အားပေးတဲ့ 
သူတို့ ကိုချစ်တဲ့ ပရိတ်သတ်တွေ ရဲ့ အားပေးတဲ့ လက်ခုပ်သံတွေမကြားရရင်
သူတို့ တွေဘယ်လိုနေမလဲကိုယ့်အသင်းနဲ့ ယှဉ်ပြီးကိုယ်ချင်းစာကြည့်ပေါ့ဗျာ။ 

ဒီလိုဘာကြောင့် လုပ်ရတာလဲ... ဘာကြောင့် တာဝန်မယူနိုင်ရတာလဲ....
တနှစ်ပီး တနှစ်ဆက်တိုက်ဖလားတွေယူနေတဲ့ ရန်ကုန်အသင်းကိုများ
ကြောက်နေခဲ့ တာလား  အားပေးတဲ့ ပရိတ်သတ်ကြောင့် ရန်ကုန်အသင်း
ကိုယ့် အိမ်ကွင်းမှာ အနိုင်ယူသွားမှာကိုစိုးရိမ်လွန်နေခဲ့ တာလား ....
အဲ့ လိုတွေကြောင့် ပဲတာဝန်မယူနိုင်ဘူးလို့ ပြောထွက်ခဲ့လေသလား။

ရန်ကုန်ဆိုတာလဲ မြို့ ကြီးတစ်မြို့ ပါ မန္တလေးဆိုတာလဲ မြို့ ကြီးတစ်မြို့ ပါ
ဂုဏ်သိက္ခာရှိရှိ တရားမျှတမှုရှိရှိ အစဉ်အလာအတိုင်းရန်ကုန်အသင်းရဲ့ 
တာဝန်ယူမှုတွေလို ဧည့် ဝတ်ကျေပြွန်မှုတွေလို မန္တလေးကွင်းမှာ
လုပ်မပြနိုင်ဘူးလား လုပ်မပြရဲဘူးလား။ ဒီလိုအနေအထားနဲ့ အနိုင်ရခဲ့ မယ်
ဆိုရင်တောင်မှပဲ ဂုဏ်သိက္ခာရှိရှိ တရားမျှတမှုရှိရှိ အနိုင်ရခဲ့ တယ်လို့ 
သတ်မှတ်လို့ မရတော့ ဘူးဆိုတာကိုမမေ့ပါနဲ့ ။

ဘောလုံးပွဲဆိုတာ ပြိုင်ပွဲတစ်ခုပါပဲ တသင်းထဲကန်လို့ မရဘူးနှစ်သင်းကန်မှ
ပဲဖြစ်တာပါ အဲ့လိုပဲ နှစ်သင်းပြိုင်ပီဆိုမှတော့ အားပေးတဲ့ပရိတ်သတ်ရှိပြီ
နှစ်သင်းဆိုတော့ နှစ်သင်းလုံးရဲ့ ပရိတ်သတ်က ဟိုဘက်ဒီဘက်မှာ ရှိကို
ရှိနေရမယ်လေ နှစ်သင်းကန်ပြီး တစ်သင်းထဲပဲပရိတ်သတ်ရှိတယ်
နောက်တသင်းကတော့ ပရိတ်သတ်မဲ့ ဆိုတော့ ဖြစ်သင့် ပါရဲ့ လား။ 
fair play မဖြစ်တဲ့ အတွက် အားပေးတဲ့ ပရိတ်သတ်ရှိတဲ့ အသင်းက
အနိုင်ရခဲ့ မယ်ဆိုရင် တရားမျှတမှုရှိနိုင်တော့ ပါဘူးနိုင်တဲ့ အနိုင်ဆိုတာ
ဂုဏ်သိက္ခာရှိရှိ တရားမျှတမှုရှိရှိနဲ့ အနိုင်ရခဲ့ တာမဟုတ်တဲ့ အတွက်
ဂုဏ်ယူနေနိုင်ဦးမှာလား   နေနိုင်တယ်ဆိုရင်တော့လဲမပြောတော့ ပါဘူး။
အဲ့ လိုမှမဟုတ် တရားမျှတစွာ အစဉ်အလာအတိုင်းပုံမှန်အနေအထားအတိုင်း
ယှဉ်ပြိုင် အနိုင်ယူမယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့  တာဝန်မယူနိုင်ဘူး
တာဝန်ယူမပေးနိုင်ဘူးဆိုတဲ့  တာဝန်မဲ့ စိတ်ကိုဘေးချိတ်ထားပြီးတော့ 
ရောက်လာမယ့် ဧည့် သည်တွေကို ဘယ်လိုဧည့်ဝတ်ကျေပြွန်ရမလဲဆိုတာပဲ
စဉ်းစားသင့်ပါတယ်  စဉ်းစားပေးသင့် ပါတယ်လို့ ပြောချင်ပါတယ်။

.....အထက်ကပြောတာတွေကရတနာပုံအသင်းကိုပြောထားတာပါ...

MFF ကိုတော့မေးချင်ပါတယ် ဒီလိုတွေဖြစ်လာတာဟာ
ဒီလိုတွေဖြစ်နေတာဟာ ဘယ်သူ့ ကြောင့် ပါလဲ ဘာတွေလိုအပ်နေသလဲ
ဘာတွေပြင်ဆင်သင့် သလဲ ဘယ်လိုလုပ်သင့် သလဲ သတ်မှတ်ထားတဲ့ 
စည်းကမ်းတွေကဘာတွေပါလဲ ...ချမှတ်ထားတဲ့လမ်းစဉ်တွေကဘာတွေပါလဲ
ဒီတိုင်းဆိုရှေ့ ဆက်ပြီးတော့ ဘယ်လိုစခန်းသွားမှာပါလဲလို့ ပဲမေးချင်ပါတယ်။

Myanmar National League ကြီးရေရှည်တည်မြဲဖို့ အတွက်တော့ ဒီလို ဒီလို
ကဏ္ဍလေးတွေမှာ သေချာကြပ်ကြပ်မတ်မတ်နဲ့ စည်းကမ်းတကျ နည်းလမ်း
တကျ နဲ့ လမ်းမှန် ကမ်းမှန်ဖြစ်ဖို့ လိုနေပါကြောင်းကိုပြောကြားလိုက်ပါရစေ။

င်္>>>>>>>Don't Forget The Fair Play<<<<<<<

From : Yangon United Warriors ( Ygnutdfans warriors )

To. Myanmar Football Federation  And Yadanarbon FC

We <3 Myanmar National League don't delete that League

We Myanmar National League don't delete that League
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...