Ads (728x90)

 
----------------------------------------------------------------

၂၀၁၄၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ (၄) နာရီတွင် ရန်ကုန်မြို့ Y.T.C ကွင်း၌ နေပြည်တော်အသင်းနှင့် မနောမြေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ
နေပြည်တော်အသင်းက မနောမြေအသင်းကို ရေကုန်ရေခန်းကစားပြီး ၂ - ၁ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် နေပြည်တော်အသင်းသည် Di Piedi၊ နေဇော်အောင်နှင့် Jung စသည့် အဓိကကစားသမားများဖြင့် ပွဲထွက်လာခဲ့ပြီး၊ မနောမြေအသင်းက
လည်း အက်စလေ၊ လာကျဲလွယ်၊ ကမ်ဘူး အစရှိသည့် အဓိကကစားသမားအစုံအလင်ဖြင့် နေပြည်တော်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး
သူတစ်ပြန်၊ ကိုယ်တစ်ပြန်ကစားခဲ့ပြီး သုံးမိနစ်မှာ နံပါတ်(၆) ကစားသမား နီမောင်မောင်အောင် ဂိုးဧရိယာအတွင်း အပိုင်ကန်သွင်းယူခဲ့သည့်ဂိုးဖြင့် နေပြည်တော်အသင်း အဖွင့်ဂိုးရရှိ
သွားခဲ့သည်။ မနောမြေအသင်းကလည်း အရှိန်မြှင့်ကစားလာခဲ့ပြီး (၁၃) မိနစ်၌ နံပါတ်(၂၁)ကစားသမားအက်စလေက ကွင်းဘယ်ခြမ်းကနေ မတင်ပေးလိုက်တဲ့ဘော
လုံးကို အပိုင်းပိတ်သွင်းပြီး အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။ ပထမပိုင်းအချိန်ပို (၁) မိနစ်မှာ နေပြည်တော်အသင်းနံပါတ်(၂၀) ကစားသမား Obadin ပြစ်ဒဏ်
ဘောမှတဆင့် ဦးဆောင်ဂိုးထပ်မံသွင်းယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ၁ - ၁ ရလဒ်ဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း၌ နေပြည်တော်
အသင်းဂိုးရဖို့ ပိုမိုကြိုးပမ်းကစားခဲ့ပြီး နံပါတ်(၁၀) ကစားသမား ဒယ်လ်ဂါဒို ပင်နယ်တီမှတဆင့် ကန်သွင်းယူပေးခဲ့သည့်ဂိုးကြောင့် ၂ - ၁ ဖြင့် ပြန်လည်ဦးဆောင်ထားနိုင်
ခဲ့သည်။ ဒုတိယပိုင်းလက်ကျန်ချိန်များ၌ မနောမြေအသင်း ပြန်လည်တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဂိုးမရရှိခဲ့သောကြောင့် နေပြည်တော်အသင်း ၂ - ၁ မနောမြေ
အသင်းရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

အခြားပွဲစဉ်ရလဒ်များ

ဧရာဝတီယူနိုက်တက် ၂ - ၄ ရန်ကုန်ယူနိုက်တက်
နန္ဒာလင်းကျော်ချစ် ၃၇' အီမာဆင် ၄၅'
နေလင်းထွန်း ၉၀' ဆီဆာ ၅၅'
ကျော်ကိုကို ၇၂'
စည်သူအောင် ၈၆'

Ref ; #MFF



Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...