
မြန်မာ နေရှင်နယ် လိဂ် အသင်း ကြီး တစ်သင်း ဖြစ်သော ဇေယျာ ရွှေမြေ ကို ဂိုးပြတ် အနိုင် ရပြီး ထပ်မံ ကစား သည့် အမှတ် ပေးပွဲစဉ် တွင် အခြား အသင်း ကြီး တစ်သင်း ဖြစ်သည့် ဧရာ ၀တီ ယူနိုက်တက် ကို ပါ အဝေး ကွင်းတွင် ၄-၂ ဖြင့် ဂိုးပြတ် အနိုင် ရခဲ့ သောကြောင့် ကစား သမား များ၏ စွမ်းဆောင် ရည်နှင့် စိတ်ဓာတ် ကို အထူး ကျေနပ် အားရ သည်ဟု ရန်ကုန် ယူနိုက် တက် အသင်း နည်းပြ အဲရစ် ၀ီလျံ က ပြောကြား သည်။ ရန်ကုန် နှင့် ဧရာ ၀တီ တို့သည် ဖေဖော် ၀ါရီလ ၂၁ ရက်နေ့ ညနေ ပိုင်းက အောင်ဆန်း ကွင်းတွင် မြန်မာ နေရှင် နယ်လိဂ် အပတ် စဉ် ၄ ပွဲစဉ် တစ်ပွဲ အဖြစ် ယှဉ်ပြိုင် ခဲ့ရာ ရန်ကုန်က ၄-၂ ဖြင့် အနိုင် ရခဲ့သည်။
ဧရာ ၀တီက ပထမ ပိုင်း ၃၇ မိနစ်တွင် နန္ဒ လင်းကျော် ချစ်၏ သွင်းဂိုး ဖြင့် ဦးဆောင် နိုင်ခဲ့ သော်လည်း ရန်ကုန် အသင်းက အီမာဆင်၊ ဆီဇာ၊ ကျော်ကိုကို နှင့် စည်သူ အောင်တို့က ဂိုးများ ပြန်လည် သွင်းယူ သောကြောင့် ၄-၁ ဖြင့် ဦးဆောင် နိုင် ခဲ့ပြီး ပွဲပြီး ရန် ၂ မိနစ် အလိုတွင် နေလင်း ထွန်းက ဧရာ ၀တီ အတွက် ချေပ ဂိုးတစ် ဂိုး သွင်းယူ ခဲ့သော ကြောင့် ပွဲအပြီး တွင် ရန်ကုန် က ၄-၂ ဖြင့် အနိုင် ရခဲ့သည်။
“အခြေခံ ကျကျ ပဲ စဉ်းစား ခဲ့ပါတယ်။ ပြိုင်ဘက် ကို ဘောလုံး ပေးမကိုင် ဘဲ ကျွန်တော် တို့ အသင်း စိုးမိုး နိုင်အောင် ကြိုးစား ခဲ့တယ်။ ပထမ ပိုင်းပြီး ကာနီး ချေပ ဂိုး ပြန်ရတာ အရမ်း ကောင်းတယ်။ ဒုတိယ ပိုင်းမှာ တော့ အကောင်း ဆုံး ပုံစံ ရခဲ့ပြီး ဂိုးတွေ ဆက်တိုက် ရခဲ့ တယ်” ဟု ရန်ကုန် နည်းပြ ချုပ် အဲရစ် က ဆိုသည်။
ပွဲပြီး ကာနီး တွင် ရန်ကုန် အသင်း သည် ချေပ ဂိုး တစ်ဂိုး ပြန်ပေး ခဲ့ရပြီး ဇေယျာ ရွှေမြေ နှင့် ကစား ခဲ့သည့် ပွဲစဉ် တွင်လည်း ပွဲပြီး ကာနီး ၌ အလား တူ ချေပ ဂိုး တစ်ဂိုး ပေး ခဲ့ရ ဖူးသည်။ “ပွဲပြီး ကာနီး တွေမှာ ဂိုးတွေ ပြန် ပေးနေ ရတာ မကောင်း ဘူး။ ဒီနေ့ ပွဲမှာ ညာနောက် ခံလူ၊ ဘယ်နောက် ခံလူတွေ ကို လူစား လဲလိုက် တာကြောင့် အထိုင် မကျ ဘဲ ဖြစ်သွား တာပါ။ လူငယ် တွေက အရည် အချင်း ရှိပေမယ့် အချိန် တစ်ခု တော့ စောင့် ရမယ်”ဟု အဲရစ် က ပြောသည်။
ယနေ့ ပွဲတွင် ရန်ကုန် အသင်း သည် လူငယ် ကစား သမား ၂ ဦး ဖြစ်သော စည်သူ အောင်နှင့် ဇာနည် ထက် တို့ကို လူစား လဲခဲ့ ရာ နှစ်ဦး စလုံး ခြေစွမ်း ပြနိုင် ခဲ့သည့် အပြင် စည်သူ အောင် က အသင်း အတွက် စတုတ္ထ မြောက် သွင်း ယူနိုင် ခဲ့ပြီး ထိုဂိုး သည် ၄င်း အတွက် မြန်မာ နေရှင်နယ် လိဂ် ဒုတိယ မြောက် ဂိုး ဖြစ်ခဲ့ သည်။ စည်သူ အောင်သည် ပြီးခဲ့ သည့် ၂၀၁၂ ဘောလုံး ရာသီ ရတနာပုံ ၁-၁ ရန်ကုန် ယူနိုက်တက် ပွဲစဉ် တွင် ရန်ကုန် အသင်း အတွက် အဖိုး တန် ချေပ ဂိုး သွင်းပေး ခဲ့ဖူးသည်။
ရန်ကုန် အသင်း သည် အမှတ် ပေး ပြိုင်ပွဲ ၄ ပွဲတွင် တောင်ကြီး ကွင်းတွင် ကစား ရသည့် ကမ္ဘောဇ အသင်း နှင့် ပွဲစဉ် ကို သာ သရေ ကျခဲ့ပြီး ကျန်သည့် ၃ ပွဲစလုံး အနိုင် ကစား နိုင် ခဲ့သည်။ ယခု လို ပုံစံ ကောင်း ရနေခြင်း က AFC Cup 2014 ပွဲစဉ် အဖြစ် ကီလန်တန် နှင့် ကစားရ မည့် ပွဲအတွက် ယုံကြည် မှု ပိုစေ သည်ဟု သြစတြေးလျ လူမျိုး နည်းပြ ကဆိုသည်။ “အခု ဆိုရင် အသင်းက အလယ် တန်းနဲ့ တိုက်စစ် မှာ အတော် လေး ကောင်းနေပြီ။ ပေါင်းစပ် ကစား တဲ့ နေရာ တွေ အရမ်း အားရ တယ်။ အထူး သဖြင့် ကျော်ကိုကို ရဲ့ လုပ်အား နှုန်း ကို အကျေနပ် ဆုံးပဲ။ ကီလန်တန် နဲ့ပွဲမှာ ရလဒ် ကောင်းရ မယ်လို့ ယုံကြည် တယ်” ဟု အဲရစ် က ပြောကြား သည်။
Ref ; #YUFC ygnutd.com
Ayeyawady United 2 - 4 Yangon United Football Club (FT)
37 Minutes - Nanda Lin Kyaw Chit (AUFC)
45 Minutes - Emerson (YUFC)
54 Minutes - Cezar (YUFC)
71 Minutes - Kyaw Ko Ko (YUFC)
85 Minutes - Si Thu Aung (YUFC)
90 Minutes - Nay Lin Tun ((AUFC)
Ref ; #YUFC
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။