Ads (728x90)

Photo: ပိုကောင်းတဲ့သူ ပွဲထွက်ခွင့်ရမည်ဟု နည်းပြချုပ် ပြော
==============================

ရတနာပုံ အသင်းနည်းပြချုပ် ဦးခင်မောင်တင့်က ရတနာပုံအသင်း၏ ပွဲထွက် ကစားသမား ရွေးချယ်ရာတွင် အခက်အခဲရှိကြောင်းနှင့် နေရာအလိုက် အကောင်းဆုံး စွမ်းဆောင်နိုင်မည့် ကစားသမားသာ ပွဲထွက်ခွင့်ရမည်ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

`အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ လူစားလဲဖို့ စိတ်ပူစရာ မလိုဘူး။ ဒါပေမယ့် ပွဲထွက် ကစားသမား၊ လူစားဝင်မယ့် ကစားသမား ရွေးချယ်ဖို့တော့ အခက်အခဲရှိတယ်။ ပွဲထွက် ကစားသမားကို ကျွန်တော် တစ်ယောက်တည်း မရွေးပါဘူး။ နည်းစနစ်အကြံပေး၊ လက်ထောက် နည်းပြတွေနဲ့ တိုင်ပင်ပြီး အားလုံး သဘောတူတဲ့သူကို ရွေးချယ်ပါတယ်´ဟု ကစားသမား ရွေးချယ်မှုနှင့် ပတ်သက်၍ နည်းပြချုပ် ဦးခင်မောင်တင့်က ရှင်းပြသည်။

ရတနာပုံအသင်းတွင် နည်းစနစ်အကြံပေး ဦးတင်ဟန်၊ နည်းပြချုပ် ဦးခင်မောင်တင့်၊ လက်ထောက် နည်းပြ ဦးဇော်လေးအောင်၊ ဦးမြင့်ကို၊ ဦးအောင်ကျော်မိုး၊ ဦးယဉ်မင်းအောင်နှင့် ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦးတို့ကို ခန့်အပ်ထားသည်။

`လူရွေးဖို့အတွက် ဗုဒ္ဓဟူးနေ့တိုင်း နှစ်သင်းခွဲကစားတယ်။ အဲဒီပွဲမှာ အကောင်းဆုံး လုပ်မပြနိုင်ရင် (၁၈) ယောက်စာရင်းထဲ မပါနိုင်ဘူး။ နည်းပြအဖွဲ့ဝင် အားလုံးက နေရာအလိုက် အကောင်းဆုံး ကစားသမားတွေကို ရွေးပေးတယ်။ မတူတဲ့ကစားသမား ရွေးချယ်ထားရင် ပြန်ဆွေးနွေးပြီး ရွေးတယ်။ ဘယ်သူပါဆိုပြီး နာမည်ကြည့် မရွေးဘူး´ဟု နည်းပြချုပ် ဦးခင်မောင်တင့်က ပြောသည်။

ရတနာပုံအသင်းကြီးတွင် ပြည်ပ ကစားသမား လေးဦးနှင့် သီဟစည်သူ၊ ညီညီလွင်၊ ဇော်မင်းထွန်း၊ သက်နိုင်၊ အောင်မြင့်အေး၊ ရဲဇော်ထက်အောင်၊ ရဲဝင်းအောင်၊ ရန်ပိုင်၊ ရန်အောင်ဝင်း၊ ကောင်းစည်သူ၊ ရဲကိုဦး၊ ဒွေးကိုကိုချစ်၊ အာကာနိုင် စသည့် ၀ါရင့် ကစားသမား (၁၃)ဦး ရှိနေသည်။ အသစ်ခေါ်ယူထားသော မင်းချစ်သူ၊ အောင်သူနှင့် ချစ်မင်းစိုးတို့သည်လည်း ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ယူ-၂၂ လက်ရွေးစင် အောင်သူသည် ဧရာဝတီယူနိုက်တက်အား ၁-၀ ဂိုးဖြင့် အနိုင်ရသောပွဲတွင် လူစားဝင် ကစားခွင့် ရခဲ့သည်။

ထို့အပြင် ၂၀၁၃ လူငယ်လိဂ် ချန်ပီယံအသင်းမှ သန့်ဇင်ညို၊ အောင်ကျော်ဖြိုး၊ ဇော်ရဲထွန်း၊ ကျော်မင်းထွန်း၊ သက်ရှိုင်းနောင်၊ ဟိန်းနေဆန်း၊ ဇင်မင်းထွန်း၊ လှိုင်းဘိုဘို၊ ရှိုင်းသူရ စသဖြင့် (၉)ယောက်ရှိနေပြီး ယူ-၂၂ တိုက်စစ်မှူး ရှိုင်းသူရသာ ဇွဲကပင် ယူနိုက်တက် အသင်းနှင့် ပွဲတွင် လူစားဝင် ကစားခွင့် ရခဲ့သည်။

by admin T^T

Ref ; #YDNBFC

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...