Ads (728x90)

Photo: အဆင့်(၂)နေရာသို့ တက်လှမ်းလာခဲ့သည့် နေပြည်တော် FC
-------------------------------------------------------------

ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့ (ယနေ့) ညနေ(၄)နာရီအချိန်တွင် မြန်မာနေရှင်
နယ်လိဂ်ပွဲစဉ်(၄)အဖြစ် နေပြည်တော်အသင်းနှင့် မနောမြေအသင်းတို့ YTC
ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အသင်းက မနောမြေအသင်းကို
(၂-၁)ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားအဆင့်(၂)နေရာသို့ ရောက်ရှိ
လာခဲ့သည်။

နေပြည်တော်အသင်းသည် ယနေ့ပွဲစဉ်တွင် ပြည့်ဖြိုးဦးနှင့် စည်သူသန်းကို
အနားပေးကာ လူငယ်ကစားသမားတစ်ချို့ကို ပွဲထွက်အသုံးပြုခဲ့သည်။ နေ
ပြည်တော်အသင်းသည် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဗန်လား၊ နောက်
တန်း-နေဇော်အောင်၊ Obabin ၊ လတ်ကိုကိုအေး၊ နီမောင်မောင်အောင်၊
အလယ်တန်း - ဂျောင်၊ အေးမိုး၊ အောင်ကျော်နိုင်၊ Delgado ရှေ့တန်း - Di
Piedi ၊ အောင်ကိုကိုဦးတိုကို အသုံးပြုခဲ့သည်။ ယနေ့ပွဲစဉ်တွင် ပွဲပယ်ပြစ်
ဒဏ်မှ ပြန်လည်လွတ်မြောက်လာသည့် ဦးမျိုးလှိုင်ဝင်းနှင့် ဦးမျိုးဝင်းတို့
ပြိုင်ပွဲကို ပြန်လည်ကြီးကြပ်ခွင့်ရရှိခဲ့သည်။

နေပြည်တော်အသင်းသည် အိမ်ကွင်း(၃)ပွဲကျင်းပခွင့် ပိတ်ပင်ခံထားရပြီး
ကြားကွင်းအဖြစ် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း မနောမြေ
အသင်းကို အသာစီးကစားနိုင်ခဲ့ပြီး ပွဲကိုစောစီးစွာ ဦးဆောင်နိုင်ခဲ့သည်။
ပွဲအစ(၂)မိနစ်၌ပင် နေပြည်တော်အသင်း ဦးဆောင်ဂိုးရရှိခဲ့ခြင်းဖြစ်ပြီး Delgado ၏ ပြစ်ဒဏ်ဘောမှ ပြန်လျှံထွက်လာသည့် ဘောလုံးကို နီမောင်
မောင်အောင်က လှပစွာ အဆုံးသတ်ပြီး ဦးဆောင်ဂိုးရရှိစေခဲ့သည်။ ယင်း
နောက် မနောမြေအသင်းက တစ်ဖန်ပြန်လည် တိုက်စစ်ဆင်ကစားလာနိုင်ခဲ့
ပြီး အကြိတ်အနယ်ရှိခဲ့သည်။ ပွဲချိန်(၁၂)မိနစ်၌ မနောမြေအသင်း ချေပဂိုး
ပြန်လည်ရရှိခဲ့ပြီး မနောမြေအသင်းအတွက် အဆာလေက ပြန်လည်ချေပခဲ့
ခြင်းဖြစ်သည်။ ယင်းသွင်းဂိုးမှာ နေပြည်တော်အသင်းနောက်ခံလူများ လူကပ်
ပုံမှားယွင်းမှုမှတစ်ဆင့် ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်း
တွင် နေပြည်တော်အသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့သော်လည်း အောင်ကိုကိုဦး
၏ ကန်ချက်တစ်ကြိမ်၊ Di Piedi ၏ ခေါင်းတိုက်ခဲ့မှုတစ်ကြိမ်၊ Delgado ၏ ပြစ်
ဒဏ်ဘောကန်ချက်တစ်ကြိမ် ဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း ဂိုးကံခေခဲ့သည်။

ဒုတိယပိုင်းတွင် နေပြည်တော်အသင်းအနေဖြင့် ခြေစွမ်းမပြသနိုင်သည့်
အောင်ကိုကိုဦးအစား ရန်ကျော်ထွေးကို လူစားလဲခဲ့သည်။ ယင်းနောက် နေ
ပြည်တော်အသင်း တိုက်စစ်ကစားပုံပိုမို ကောင်းမွန်လာခဲ့ကာ ဂိုးသွင်းခွင့်များ
စွာ ဖန်တီးနိုင်ခဲ့သည်။ ပွဲချိန်(၅၈)မိနစ်တွင် နေပြည်တော်တိုက်စစ်မှူး Di Piedi ဂိုးဧရိယာထိပ်မှ ကန်သွင်းချက် ကောင်းမွန်ခဲ့သော်လည်း ဂိုးပေါက်လွဲ
ချော်ခဲ့သည်။ ပွဲချိန်(၆၂)မိနစ်တွင် တောင်ပံတစ်လျှောက် ရန်ကျော်ထွေး
ဆွဲယူလာသည်ကို မနောမြေအသင်းနောက်ခံလူများ ဆွဲထားခဲ့သဖြင့် ပင်နယ်
တီရရှိခဲ့ပြီး Delgado က အကောင်းဆုံးအဆုံးသတ်ကာ ဒုတိယဂိုးဦးဆောင်
ဂိုးဖြစ်စေခဲ့သည်။

ပွဲချိန်(၇၆)မိနစ်တွင် ဟန်ဆောင်လှဲချခဲ့သည့် ရန်ကျော်ထွေးကို ကွင်းလယ်ဒိုင်
လူကြီး ဦးဝင်းချိုက အ၀ါကတ်ပြား ပြသခဲ့သည်။ ယင်းနောက် မနောမြေ
အသင်းမှ အဆာလေက လူကျွံထောင်ချောင်မှ ကျော်ဖြတ်ကာ ဂိုးရရှိရန်
ကြိုးပမ်းမှု ဂိုးရရှိရန် နီးစပ်ခဲ့သေးသော်လည်း ဗန်လား လက်စွမ်းပြကာကွယ်
နိုင်ခဲ့သည်။ ပွဲကစားချိန်(၈၅)မိနစ်တွင် Di Piedi အစား ပြည့်ဖြိုးဦး၊ အေးမိုး
အစား ချမ်းချမ်း ကို လူစားလဲခဲ့ကာ အနိုင်ရလဒ်ကို ထိန်းချုပ်ကစားရန်
ကြိုးပမ်းလာခဲ့သည်။ ပွဲပြီးဆုံးခါနီး နောက်ဆုံးမိနစ်တွင် ရန်ကျော်ထွေးက
ဂိုးရှေ့တွင် ရှိနေသည့် Delgado ထံ ပေးပို့ရန် ကြိုးပမ်းခဲ့သော်လည်း လွဲ
ချော်မှုကြောင့် နောက်ထပ်ဦးဆောင်ဂိုးနှင့် ဝေးကွာနေခဲ့ပြီး ပွဲအပြီးတွင်
နေပြည်တော်အသင်းက မနောမြေအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိကာ
အမှတ်ပေးဇယားအဆင့်(၂)နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

နေပြည်တော်အသင်းသည် လာမည့် မတ်လ(၃)ရက်နေ့တွင် အောင်ဆန်း
ကွင်း၌ GFA အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၅)အဖြစ် ဆက်လက်
ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Admin - ZNA

Ref ; #NPTFC

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...