Ads (728x90)

Photo: မြန်မာနေရှင်နယ်လိဂ်-၂ (ပွဲစဉ်၎)
Rakhine United Football Club 2-0 Horizon FC ပွဲပြီးသုံးသပ်ချက်

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သောရခိုင်ယူနိုက်တက်အသင်းနှင့်Horizon အသင်းတို့ပွဲစဉ်တွင်၂ပွဲဆက်သရေကျထားသောရခိုင်ယူနိုက်တက်အသင်းကတိုက်စစ်တွင်အောင်စိုးမိုးကိုအထောင်ထားကာမြတ်မင်းသူအားနောက်ချန်တိုက်စစ်မှူးအဖြစ်အသုံးပြုထားသောကစားကွက်ဖြင့်ပွဲထွက်လာခဲ့ပြီးကွင်းလယ်တွင်လည်းလူငယ်ကွင်းလယ်အတွဲဖြစ်သည့်သက်ထွန်းအောင်နှင့်သူရကိုကိုတို့အတွဲဖြင့်အထိုင်ချကာဝါရင့်ကွင်းလယ်လူထွန်းထွန်းဦးမှာအရန်စာရင်းတွင်သာပါဝင်လာခဲ့သည်ကိုတွေ့ရသည်။Horizon အသင်းမှာလည်းလူငယ်ကစားသ
မားများနှင့်ရခိုင်ကွင်းလယ်လူဟောင်းမြတ်ကျော်မိုးဦးတို.ကိုပေါင်းစပ်ပြီးပွဲထွက်လာခဲ့ကာနိုင်ငံခြားသားတိုက်စစ်မှူးတစ်ဦးကိုလည်းပွဲထွက်စာရင်းတွင်ထည့်သွင်းခဲ့သည်။ ပွဲစသည်နှင့်ရခိုင်ယူနိုက်တက်ကတိုက်စစ်ဦးစားပေးကစားခဲ့
ပြီး၃မိနစ်တွင်အောင်စိုးမိုးကန်သွင်းခဲ့သော်လည်းတဖက်ဂိုးသမားဖမ်းမိခဲ့သည်။ပွဲချိန်၇မိနစ်တွင်စောဝင်းထူးနောက်ပြန်ပေးရာမှဂိုးပေးရလုဆဲဆဲဖြစ်ခဲ့သော်လည်းထွန်းငြိမ်းရှင်းထုတ်နီုင်ခဲ့သည်။ထို့နောက်အထောင်တိုက်စစ်မှူးအောင်စိုးမိုးချပေးရာမှမြတ်မင်းသူကန်ချက်မှာဂိုးပေါက်လွဲခဲ့ပြီးတောင်ပံကစားသမားဖြိုးဝေထိုးဖောက်ကာဘောလုံးလမ်းကြောင်းခင်းပေးရာမှအောင်စိုးမိုးကန်သွင်းခဲ့သော်လည်းကန်ချက်ပျော့၍ဂိုးသမားအသာအယာပင်ကာကွယ်သွားခဲ့သည်။
Horizon အသင်းသည်တန်ပြန်တိုက်စစ်ကိုအဓိကထားကစားခဲ့ပြီးရှေ့တန်းလူ
နိုင်ငံခြားသားကစားသမားထံတိုက်ရိုက်ပေးပို့မှုများဖြင့်ကစားခဲ့သော်လည်းရခိုင်နောက်ခံလူများဖျက်ထုတ်နိုင်ခဲ့သည်ကိုတွေ့ရသည်။၂၁မိနစ်တွင်ကွင်းလယ်လူသက်ထွန်းအောင်၏ဖန်တီးပေးမှုမှတဆင့်မြင့်နိုင်ကန်ချက်ဂိုးပေါက်လွဲချော်ခဲ့ကာတဖက်အသင်းမှတန်ပြန်တိုက်စစ်မှမြတ်ကျော်မိုးဦးကန်သွင်းမှုမှာလည်းဂိုးဘားကျော်သွားခဲ့သည်။ပွဲချိန်၃၉မိနစ်တွင်ညာနောက်ခံလူကျော်နိုင်မြင့်တောင်ပံမှထိုးဖောက်ပြီးခင်းပေးမှုမှသူရကိုကိုအပြင်းကန်သွင်းချက်မှာလည်းဂိုးတိုင်ထိထွက်ခဲ့ပြီးအပိုင်အခွင့်အရေးများအသုံးချနိုင်မှုမရှိ၍ပထမပိုင်းအပြီးဂိုးမရှိသရေကျနေခဲ့သည်။ဒုတိယပိုင်းစတင်ရာတွင်လည်းရခိုင်အသင်းကဂိုးရရှိရန်တိုက်စစ်မြင့်ကစားခဲ့ပြီးမြတ်မင်းသူအစားညီညီနိုင်ကိုထည့်ကာတိုက်စစ်မှူး၂
ဦးတင်ကစားခဲ့သည်။လူအပြောင်းအလဲပြုလုပ်ပြီးနောက်တိုက်စစ်ကစားပုံပိုကောင်းလာခဲ့ပြီးပွဲချိန်၆၃မိနစ်တွင်တဖက်အသင်းနောက်ခံလူလက်ထိမှုကြောင့်ပယ်နယ်တီရရှိခဲ့ပြီးထိုပယ်နယ်တီကိုမြင့်နိုင်ကန်သွင်းကာရခိုင်ယူနိုက်တက်အတွင်ဦးဆောင်ဂိုးရရှိခဲ့သည်။ဂိုးရပြီးနောက်ပွဲမှာပိုမိုအရှိန်မြင့်လာခဲ့ကာ၇ခိုင်အသင်းမှာထိန်းမကစားပဲတိုက်စစ်ဆင်ကစားနေခဲ့သည်ကိုတွေ့ရသည်။၆၅မိနစ်တွင်တဖက်အသင်းတန်ပြန်တိုက်စစ်မှအလွတ်တည်ကန်ဘောကန်ခွင့်ရခဲ့သော်လည်းရခိုင်ဂိုးသမားကာကွယ်နိုင်ခဲ့သည်။ပွဲချိန်၇၂မိနစ်တွင်တိုက်စစ်ဆင်ကစားနေခဲ့သောရခိုင်အသင်းဒုတိယဂိုးရရှိခဲ့သည်။ထိုဂိုးကိုတိုက်စစ်မှူးအောင်စိုးမိုးကတောင်ပံလူဖြိုးဝေ၏ဖြတ်တင်ဘောကိုအပိုင်ခေါင်းတိုက်ပြီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ပွဲချိန်မိနစ်၈၀နောက်ပိုင်းတွင်ရခိုင်ယူနိုက်တက်မှမြင့်နိုင်အစားမောင်မောင်ဝင်းနှင့်သူရကိုကိုအစားထွန်းထွန်းဦးတို့ကိုထည့်သွင်းကာပွဲကိုထိန်းချုပ်ကစားသွားခဲ့ပြီးပွဲအပြီးတွင် ၂-၀ဂိုးဖြင့်အနိုင်(၃)မှတ်ရယူသွားခဲ့သည်။

ပါဝင်ကစားခဲ့ကြသူများ
ရခိုင်ယူနိုက်တက်(၄-၅-၁)
ဂိုး- သူရကိုကို(၁)
နောက်တန်း-ကျော်နိုင်မြင့်၊ထွန်းငြိမ်း၊သိန်းဇော်စိုး၊စောဝင်းထူး
အလယ်တန်း-မြင့်နိုင်(မောင်မောင်ဝင်း)၊သူရကိုကို(၂)(ထွန်းထွန်းဦး)၊သက်ထွန်းအောင်၊ဖြိုးဝေ
ရှေ့တန်း - မြတ်မင်းသူ(ညီညီနိုင်)၊အောင်စိုးမိုး

Ref ; #RUFC

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...