Ads (728x90)

Photo: ရန်ကုန်ယူနိုက်တက်နှင့်ပွဲအတွက် အာရုံစူးစိုက်ဖို့လိုကြောင်း ကိုနေး ပြော
------------------------------------------------------------------------

လာမည့် ၂၁.၂.၂၀၁၄ နေ့တွင် ယှဉ်ပြိုင်ကစားရမည့် ရန်ကုန်ယူနိုက်တက်နှင့် ပွဲစဉ်အတွက် ကစားသမား တစ်ဦးချင်းစီရော အသင်းလိုက်ပါ အာရုံစူးစိုက်ရန်လိုအပ်ကြောင်း ဧရာဝတီယူနိုက်တက်၏ အိုင်ဗရီကို့စ် နိုင်ငံသား ကွင်းလယ်ကစားသမား ကိုနေးက ဖွင့်ဟပြောကြားလိုက်သည်။

“ရန်ကုန်လို အသင်းကြီးနဲ့တွေ့ရမယ့်ပွဲကတော့ တကယ့်ကို ပွဲကြီးပွဲကောင်းပါပဲ။ ကျနော်တို့အသင်း အခုဆို ကစားတာ ကောင်းနေပါပြီ။ အဲ့ဒီ့ပွဲအတွက် ကျနော်တို့တွေ အပြည့်အ၀ အာရုံစိုက်ဖို့ အထူးလိုအပ်ပါတယ်။” ဟု ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နည်းပြချုပ် ဦးဆန်းဝင်းကလည်း ၄င်းပွဲနှင့် ပတ်သက်၍
“ရန်ကုန်ကတော့ မြန်မာနေရှင်နယ်လိဂ်မှာ Performance အကောင်းဆုံးအသင်းပါပဲ။ ဒီလိုအသင်းနဲ့ ယှဉ်နိုင်ဖို့တော့ အများကြီး ကြိုးစားရမှာပါ။ အဲ့ဒီ့တော့ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုပြုပြီး အနိုင်ရအောင် လုပ်ရမှာပါပဲ။” ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၃ ပွဲကစားပြီးချိန်တွင် ၂ ပွဲနိုင် ၁ ပွဲသရေ ရလာဒ် ရရှိထားပြီး နောက်ဆုံး ကစားခဲ့သည့် ဇေယျာရွှေမြေနှင့် ပွဲတွင်လည်း ၆ ဂိုးအထိ သွင်းယူပြီး အထူးခြေစွမ်းပြခဲ့သည့် အသင်းဖြစ်သည်။

Ref ; #AUFC

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...