-----------------------------------------------------------------
7DS >>>အစ်ကိုတို့ ရတနာပုံ နဲ့ ပွဲအတွက် ရတနာပုံ အသင်းကအကိုတို့ကိုလုံခြုံရေး မပေးဘူးလို့ကြားပါတယ် ။အဲဒါနဲ့ပတ်သတ်ပြီး သူတို့ဘက်ကဘယ်လိုအကြောင်းပြန်ထားလည်း အစ်ကိုတို့ဘက်က ဘယ်လို စီစဉ်ထားလည်း ဆိုတာလေး ပြောပြလို့ရမလား ခင်ဗျာ့ ??
FR >>>ရတနာပုံက ကျွန်တော်တို့ အဝေးကွင်းပရိတ်သတ်တွေကို လုံခြုံရေးမပေးဘူး ဆိုတာ လောလောဆယ်တော့ ကျွန်တော်တို့မကြားသိရသေးဘူး ခင်ဗျာ့ ။ဘယ်အဖွဲ့အစည်းကပြောတာလဲ ဆိုတာ ဥပမာ - ကွင်းလုံခြုံရေးကပြောတာလား ၊ဒါမှမဟုတ် MC ( Match Commissioner ) လား ၊ ဒါမှမဟုတ် ရတနာပုံအသင်း တာဝန်ရှိသူတွေကလား မသိဘူး ၊၊
7DS >>>ဟုတ်ကဲ့ပါ နောက်ပြီး အစ်ကိုတို့ ရန်ကုန်ကသွားမယ်ဆိုရင် ရတနာပုံအသင်းရဲ့ အထူးတန်းပွဲကြည့်စင် ဗထူးကွင်းရဲ့ အဝေးအသင်းပွဲကြည့်စင်ကို သိန်း၅၀ နဲ့အပြတ်ယူမှအစ်ကိုတို့ ရမယ်လို့ ကြားရပါတယ် ။အဲဒါကိုရော အစ်ကိုတို့သိပြီးပြီလား ခင်ဗျား ???
FR >>>အဲဒါနဲ့ပတ်သတ်ပြီး ကျွန်တော် မကြားသိရသေးဘူးခင်ဗျာ့ ။ထုံးတမ်းအစဉ်အလာအရ အဲဒီလို အဝေးကွင်း ပရိတ်သတ်တွေက သိန်း ၅၀ပေးပြီးဝယ်ကြည့်ရတယ် ဆိုတဲ့အစဉ်အလာ ကိုဘယ်မှာမှ မကြားသိရသေးဘူး ။နိုင်ငံတကာမှာရော ၊တစ်ခြား လိဂ်ပွဲစဉ်တွေမှာရောမကြားဖူးပါဘူး ။ဒါပထမဆုံးကြားဖူးတာပါပဲ ။အရမ်းတော့ထူးဆန်းပါတယ် ။ဒီသတင်းဘယ်က ထွက်လာတယ် ။ဘယ်သူကပြောတယ်ဆိုတာအပေါ်မူတည်ပြီးမှ ကျွန်တော်တို့က မှတ်ချက်ပေးလို့ ၊သုံးသပ်လို့ရမှာပါ ။လောလောဆယ် ဒီကိစ္စနဲ့ပတ်သတ်လို့မကြားရသေးလို့မပြောနိုင်သေးပါဘူး ။
7DS >>>အစ်ကိုတို့ ကရော ရတနာပုံ အသင်းနဲ့ပွဲကို လိုက်ကြည့်ဖို့ စီစဉ်ထားပါသလား? ဘယ်လိုမျိုးတွေရော စီစဉ်နေပါသလဲ ??
FR >>>ဟုတ်ကဲ့ ကျွန်တော်တို့ သွားကြည့်ဖို့အစီအစဉ်ရှိပါတယ် ။အခုစီစဉ်နေ ပါတယ် ။အခု လာမဲ့ AFC Cup ပွဲပြီးရင်တော့ ကျွန်တော်တို့ ဖန်အဖွဲ့တွေ စုစည်း ပြီး သွားကြည့်ဖို့ ပြင်ဆင်ထားပါတယ်။
7DS >>>နောက်ပြီး အစ်ကိုတို့ ဟိုဘက်မှာ လုံခြုံရေးနဲ့ပတ်သတ်ပြီးဘယ်လိုမျိုး စီစဉ်ထားတာရှိပါသလဲ မနှစ်ကလိုပြသနာမျိုးတွေ မဖြစ်ရအောင် အစ်ကိုတို့ အနေနဲ့ဘာများကြိုတင်ပြင်စဉ်မှူတွေ ရှိပါသလဲ
FR >>>လုံခြုံရေးနဲ့ပတ်သတ်ပြီး ကျွန်တော်တို့တွေကအဝေးကွင်းတိုင်းသွားကြည့်နေကြဆိုတော့ ကျွန်တော်တို့ တွေအဝေးကွင်းသွားကြည့်တိုင်း လုံးခြုံမှူမရှိဘူး လို့ခံစားရတာ ၃ နှစ်လောက်ရှိပြီ ခင်ဗျ နယ်ပရိတ်သတ်တွေရဲ့ ထုံးစံအရ သူတို့အသင်းကိုအော်ဟစ်အားပေးမယ် တစ်ဖက်အသင်းကို လှောင်ပြောင်အော်ဟစ် ဆဲဆိုမယ် ပုတ်ခတ်မယ် ဒါကတော့မထူးဆန်းပါဘူး ။ကျွန်တော်တို့ အနေနဲ့ ကိုယ့်အသင်းပရိတ်သတ်တွေကို လွန်လွန်ကျူးကျူး အားပေးမှူမျိုးမဖြစ်အောင် ထိန်းသိမ်းမယ် ။တစ်ဖက်အသင်းပရိတ်သတ်တွေကို ရန်စောင်စေမဲ့ လှုံ့ဆော်စေမဲ့အားပေးမှူတွေမ ဖြစ်အောင်လို့တော့ ထိန်းကျောင်းသွားပါ့မယ် ။အဓိက ကတော့ဘောလုံးပွဲသွား ကြည့်တာပဲလေ ။ဆဲဆို ကြိမ်းမောင်းခံရတာ ကတော့မထူးဆန်းပါဘူး ။ခံနိုင်ရည်ရှိပေမဲ့ လက်ရောက်မှူမျိုး ၊ပစ္စည်းတွေ အရာဝတ္ထုတွေ ပါပေါက်တဲ့အဆင့် ရောက်လာပြီဆိုရင်တော့ ကျွန်တော်တို့ ကိုယ့်လူတွေကို စုစည်းပြီး ပွဲကိုဆက်မကြည့်ပဲ ချက်ခြင်းပြန်လာမယ်လို့ စီစဉ်ထားပါတယ်
7DS >>>ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
---------------------------------------------------------------------------

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။