
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့၊ ညနေ(၄) နာရီတွင် မြန်
မာနေရှင်နယ် လိဂ် ၂၀၁၄ ၏ ပွဲစဉ် (၂၁) အဖြစ် မကွေးအသင်းနှင့် ချင်း
ယူနိုက်တက်အသင်းတို့ ရန်ကုန်မြို့၊ Y.T.C ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ
မကွေးအသင်းက ချင်းယူနိုက်တက်အသင်းကို ၃ - ၂ ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲတွင် မကွေးအသင်းသည် မန်ဆာ၊ ဘိုအာ့စ်နှင့်ထူးထူးအောင်
စသည့်အားထားရသည့် ကစားသမားများဖြင့် ပွဲထွက်ကစားခဲ့ပြီး ချင်း
ယူနိုက်တက်အသင်းကလည်း အောင်မျိုးသန့်၊ ဆန်နီဂျက်ဆင် အစရှိသည့်
အဓိက ကစားသမားများဖြင့် မကွေးအသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။
ပထမပိုင်း (၁၅) မိနစ်အထိ မကွေးအသင်းနှင့်ချင်းယူနိုက်တက်အသင်းတို့
သူတစ်ပြန်ကိုယ်တစ်ပြန် ကစားခဲ့ကြသော်လည်း၊ ယင်းနောက်ပိုင်းတွင်မကွေး
အသင်း က ချင်းယူနိုက်တက်အသင်းဘက်ကို ပိုမိုထိုးဖောက်ကစားခဲ့သည်။ မိနစ်(၂၀)မှာ မကွေးအ သင်း နံပါတ်(၈) ကစားသမား စိုးမင်းနိုင် ပြိုင်ဘက်
အသင်းဂိုးဧရိယာအတွင်း တစ်ကိုယ်တော် လိမ်ခေါက်ပြီး ချင်းယူနိုက်
တက်အသင်း ဂိုးသမားဘယ်ဘက်ထောင့်ထဲသို့ သွင်းယူခဲ့သော ကြောင့် မကွေးအသင်းဦးဆောင်ဂိုး ရရှိခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ချင်းယူနိုက်
တက်အသင်း မှ ပြန်လှန်ထိုးဖောက်ကစားခဲ့သော်လည်း ကစားသမားများ
ကန်သွင်းသည့်ဂိုးများ ဂိုးတိုင်ထိ ထွက်မှုများကြောင့် ပထမပိုင်းပွဲချိန်ပြီးဆုံး
သည်အထိ ချေပဂိုးနှင့်လွဲချော်သည်။ ဒုတိယပိုင်းစ, စ ချင်း မကွေးအ
သင်းက တင်ကစားခဲ့ပြီး (၄၈) မိနစ်တွင် နံပါတ်(၂၁)ကစားသမား Sylla က အ သင်းအတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ (၆၅) မိနစ်တွင်
ချင်းယူနိုက်တက်အ သင်းနံပါတ်(၉) ကစားသမား Keith Martu Nah က အသင်းအတွက်ချေပဂိုးသွင်းယူနိုင်ခဲ့ သည်။ တဖန် မကွေးအသင်းကလည်း
ပြန်လည်ထိုးဖောက်ကစားခဲ့ပြီး (၆၇) မိနစ်တွင် နံပါတ် (၂၀) ကစားသမား
မန်ဆာက ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပြီး အသင်းအား တတိယမြောက်ဂိုးရရှိ
စေခဲ့သည်။ ယင်းနောက် ချင်းယူနိုက်တက်အသင်းက လူစားလဲမှုများပြုလုပ်
ခဲ့ပြီးမကွေးအ သင်းဘက်ကို ပြန်လှန်ထိုးဖောက်ကစားခဲ့ရာ (၇၃) မိနစ်တွင်
လူစားဝင်ကစားသမား ချစ်စုမိုး က အသင်းအတွက် ဒုတိယမြောက်ချေ
ပဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းလက်ကျန်ချိန်များတွင် ချင်းယူနိုက်တက်အ
သင်းက လိုအပ်နေသည့် ဂိုးအတွက် အရှိန်မြှင့်ကစားခဲ့သော်လည်း မကွေး
အသင်းက အမှားအယွင်းမရှိဘဲ ပွဲကို ထိန်းချုပ်ကစားခဲ့သောကြောင့် မကွေးအသင်း ၃ - ၂ ချင်းယူနိုက်တက်အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
Ref ; #MFF

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။