Ads (728x90)



Photo: EPL ပွဲစဉ်(၂)ရဲ့ အနေအထား အကျဉ်းချုပ်

ပရီးမီးယားလိဂ် ပွဲစဉ်(၂)ကို ယခုတစ်ပတ် စနေ တနင်္ဂနွေ နေ့များ၌ (၂)ရက်ခွဲ ကစားခဲ့ရာတွင် ယူနိုက်တက် အသင်းမှ အပ ကျန်သည့် အသင်းကြီးများ (၂)ပွဲစီ အသီးသီး ကစားခဲ့ကြပြီး ဖြစ်သည်။

မည်သူမှ မျှော်လင့် မထားသော လီဗာပူးလ် အသင်းက (၂)ပွဲလုံး အနိုင်ရခဲ့ပြီး (၆)မှတ် အပြည့် ရယူနိုင်ခဲ့သလို၊ စပါးအသင်းကလည်း တည်တည်ငြိမ်ငြိမ်ပဲ (၆)မှတ် အပြည့် ရယူခဲ့ပါတယ်။ နာမည်ကြီး မော်ရင်ဟို ကိုင်တွယ်တဲ့ ချယ်လ်ဆီးကလည်း (၂)ပွဲကစား (၆)မှတ် အပြည့် ရရှိထားကာ မန်ယူအသင်းကတော့ (၁)ပွဲသာ ကစားရသေးပြီး မနက်ဖန် ချယ်လ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင်ဖို့ ရှိရာ ထိုပွဲ ရလဒ်ပြီးမှသာ မန်ယူအသင်းနှင့် ချယ်လ်ဆီး အသင်းတို့၏ အနေအထားများကို ထပ်မံ သိရှိရမည် ဖြစ်သည်။

အာဆင်နယ် အသင်းကတော့ ပွဲစဉ်(၁)မှာ ရှူံးနိမ့် ခဲ့ပေမယ့် ပွဲစဉ်(၂)မှာ ဖူလ်ဟမ်ကို အဝေးကွင်း၌ (၁-၃)ဖြင့် အနိုင်ရခဲ့သောကြောင့် (၃)မှတ် စတင် ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ 

ပရီးမီးယားလိဂ်တွင် ငွေကြေးအင်အား တောင့်တင်းသော မန်စီးတီးကတော့ ယနေ့ပွဲတွင် တန်းတက် ကာဒစ် အသင်းအား အဝေးကွင်းတွင် အံ့အားသင့်ဖွယ် (၃-၂)ဖြင့် ရှူံးနိမ့်ခဲ့သည့် ရလဒ်ကတော့ မယုံနိုင်စရာ ရလဒ်တစ်ခု ဖြစ်ခဲ့သလို မန်စီးတီး အသင်း အတွက် (၃)မှတ် ဆုံးရှူံးခဲ့ရသည့် ပွဲတစ်ပွဲ ဖြစ်စေခဲ့သည်။ 

ပွဲစဉ်(၂)အပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းက ဦးဆောင်ထားပြီး လီဗာပူးလ် အသင်းက အဆင့်(၂)၊ စပါးအသင်းက အဆင့်(၃)ဖြင့် အသီးသီး ရပ်တည်လျက် ရှိကြောင်း

ပရီးမီးယားလိဂ် ပွဲစဉ်(၂)ကို ယခုတစ်ပတ် စနေ တနင်္ဂနွေ နေ့များ၌ (၂)ရက်ခွဲ ကစားခဲ့ရာတွင် ယူနိုက်တက် အသင်းမှ အပ ကျန်သည့် အသင်းကြီးများ (၂)ပွဲစီ အသီးသီး ကစားခဲ့ကြပြီး ဖြစ်သည်။

မည်သူမှ မျှော်လင့် မထားသော လီဗာပူးလ် အသင်းက (၂)ပွဲလုံး အနိုင်ရခဲ့ပြီး (၆)မှတ် အပြည့် ရယူနိုင်ခဲ့သလို၊ စပါးအသင်းကလည်း တည်တည်ငြိမ်ငြိမ်ပဲ (၆)မှတ် အပြည့် ရယူခဲ့ပါတယ်။ နာမည်ကြီး မော်ရင်ဟို ကိုင်တွယ်တဲ့ ချယ်လ်ဆီးကလည်း (၂)ပွဲကစား (၆)မှတ် အပြည့် ရရှိထားကာ မန်ယူအသင်းကတော့ (၁)ပွဲသာ ကစားရသေးပြီး မနက်ဖန် ချယ်လ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင်ဖို့ ရှိရာ ထိုပွဲ ရလဒ်ပြီးမှသာ မန်ယူအသင်းနှင့် ချယ်လ်ဆီး အသင်းတို့၏ အနေအထားများကို ထပ်မံ သိရှိရမည် ဖြစ်သည်။

အာဆင်နယ် အသင်းကတော့ ပွဲစဉ်(၁)မှာ ရှူံးနိမ့် ခဲ့ပေမယ့် ပွဲစဉ်(၂)မှာ ဖူလ်ဟမ်ကို အဝေးကွင်း၌ (၁-၃)ဖြင့် အနိုင်ရခဲ့သောကြောင့် (၃)မှတ် စတင် ပိုင်ဆိုင်ထားနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်တွင် ငွေကြေးအင်အား တောင့်တင်းသော မန်စီးတီးကတော့ ယနေ့ပွဲတွင် တန်းတက် ကာဒစ် အသင်းအား အဝေးကွင်းတွင် အံ့အားသင့်ဖွယ် (၃-၂)ဖြင့် ရှူံးနိမ့်ခဲ့သည့် ရလဒ်ကတော့ မယုံနိုင်စရာ ရလဒ်တစ်ခု ဖြစ်ခဲ့သလို မန်စီးတီး အသင်း အတွက် (၃)မှတ် ဆုံးရှူံးခဲ့ရသည့် ပွဲတစ်ပွဲ ဖြစ်စေခဲ့သည်။

ပွဲစဉ်(၂)အပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းက ဦးဆောင်ထားပြီး လီဗာပူးလ် အသင်းက အဆင့်(၂)၊ စပါးအသင်းက အဆင့်(၃)ဖြင့် အသီးသီး ရပ်တည်လျက် ရှိကြောင်းသိရှိရသည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...