Ads (728x90)

Photo: "ချယ်လ်ဆီး တောင်ပံ ကစားသမား ဗစ်တာမိုးဇက်ကို ချိတ်ဆက်နေသည့် လီဗာပူးလ်"

လီဗာပူးလ် နည်းပြ ဘရန်ဒန် ရော့ဒ်ဂျာက ချယ်လ်ဆီး တောင်ပံ ကစားသမား ဗစ်တာမိုးဇက်ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ရန် နီးစပ်နေကြောင်း The Daily Mail သတင်းက ဆိုသည်။

Daily Mail ၏ အဆိုအရ ရော့ဒ်ဂျာသည် အဆိုပါ နိုက်ဂျီးရီးယား လက်ရွေးစင် ကစားသမားကို တစ်ရာသီ အငှားဖြင့် ခေါ်ယူချင်နေကြောင်း သိရသည်။

မိုးဇက်သည် လက်ရှိအချိန်တွင် ချယ်လ်ဆီး အသင်းနှင့် အတူ မန်ချက်စတာသို့ ခရီးထွက်ခဲ့ရပြီး၊ ယနေ့ည အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက် အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲ၌ အရံခုံတွင်သာ ထိုင်နေရဖွယ် ရှိပြီး ချယ်လ်ဆီးအသင်းမှ ထွက်ခွာဖွယ် ရှိကြောင်း Daily Mailက ရေးသားထားသည်။

ချယ်လ်ဆီးအသင်းက သူတို့ ကစားသမားအတွက် အငှားချကြေး ပေါင်(၂)သန်းခန့် လိုချင်နေကြောင်း၊ လီဗာပူးလ်ကလည်း ဈေးအနည်းငယ် ဆစ်နေပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့ နီးစပ်နေကြောင်း၊ အဟန့်အတား ဖြစ်နေသည့် ကိစ္စက မိုးဇက်သည် ချယ်လ်ဆီးအသင်း၌ တစ်ပတ်လုပ်ခ ပေါင်(၅)သောင်းခွဲ ရရှိနေပြီး လီဗာပူးလ်က ထိုလုပ်ခလစာကို ပေးချေရန် တွန့်ဆုတ်နေကြောင်း သိရသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...