Ads (728x90)

Photo: "ရွန်နီကို မရလျင် လီဝန်ဒေါစကီးကို ခေါ်ယူမည့် ချယ်လ်ဆီး"

ချယ်လ်ဆီးအသင်း၏ တစ်ကျော့ပြန် နည်းပြသစ် မော်ရင်ဟိုက သူ၏ အပြာရောင် အသင်းကို တိုက်စစ်အင်အား တောင့်တင်းစေရန် စီစဉ်နေလျက်ရှိရာ ရွန်နီသည် မော်ရင်ဟို လိုချင်နေသည့် အဓိက ထိပ်တန်းဦးစားပေး ပစ်မှတ် ကစားသမားအဖြစ် သတင်းများ ကျယ်ပျံ့စွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။

The Mirror သတင်းဌာန၏ အဆိုအရ ချယ်လ်ဆီးအသင်း အနေဖြင့် ရွန်နီကို ခေါ်ယူနိုင်မည့် ကိစ္စသည် ခက်ခဲနိုင်ကြောင်း ကြိုတင် သိရှိထားပြီး ဖြစ်တာကြောင့် အကယ်၍ အဆင်မပြေခဲ့ပါက Plan-B အနေဖြင့် ဒေါ့မွန် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ လျာထားပြီး ဖြစ်သည်။ 

သို့ပေမယ့် လီဝန်ဒေါစကီးကို ခေါ်ယူမည့် ကိစ္စသည် ယူနိုက်တက် အသင်းထံမှ ပြတ်ပြတ်သားသား ငြင်းဆိုချက် စကား တရားဝင် ရရှိပြီးမှသာ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ရွန်နီအတွက် ယူနိုက်တက် Vs ချယ်လ်ဆီးပွဲအပြီးတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) တစ်ပတ်လုပ်ခ ပေါင်(၃)သိန်း ဖြင့် ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

By:
Football Myanmar
 
Photo 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...