တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ အရေးပေါ်လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာ လူနာနှစ်ယောက်ရှိကြတယ်။ နှစ်ယောက်စလုံးက အသည်းအသန်
ရောဂါခံစားနေရသော လူနာများဖြစ်ကြတယ်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာရှိလေသည် ။
ဟိုဘက်လူနာသည် သူ့အဆုတ်ထဲကရေတွေကို ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့်ထိုက်ခွင့်ရသည် ။ သူကပြတင်းပေါက်အနီးမှာ ရှိနေသည် ။ ကျန်တစ်ယောက်ကတော့ တချိန်လုံးပက်လက်လှန်ကာ
ဆန့်ဆန့်ကြီးလှဲနေရသည် ။
နေ့လည်နေ့ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ
ခေါင်းအုံးတွေဆင့်ကာကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန်
ပြတင်းဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို ဘေးကလှဲနေရတဲ့လူနာ
ကိုပြောပြလေ့ရှိသည် ။ သူက ပြတင်းပေါက်ကိုလှမ်းကြညိ့ရင်း
... အပြင်မှာ ပန်းခြံကြီးတစ်ခုရှိတယ်. အဲသည်အထဲမှာ ရေကန်ကြီးတစ် ကန်ပါရှိတယ်။ ရေကန်ထဲမှာ ဘဲတွေ ငန်းတွေရေကူးနေတယ်။ ကလေးများ သူတို့ကို ပေါင်မုန့်တွေပစ်ကျွေးနေကြတယ်။က
တွေစီးနေကြတယ်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတယ် ။ ပန်းတွေက ဝေေ၀ဆာဆာပွင့်နေကြတယ်။ မျက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့ ( ဆော့ဘော )ကစားနေကြသူတွေလည်းမြင်ရသည်။
ဟိုးအဝေးဆီ၌မူ သစ်ပင်များထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ၊ နောက်၌ပြာလဲ့သော မိုးကောင်းကင်။ အဲ့ဒါတွေကို သူက ခရေစေ့တွင်းကျ ပြောပြတာကို၊ ဘေးကလူနာက နားထောင်ရတဲ့
အခါ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။
ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီ ၀တ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို ကိုယ်တိုင်ကြည့်နေရသလိုမျိုး
ပြောပြလေ့ရှိတယ်။
အဲဒီတော့ ဘေးကလူနာကလည်း သူကဘာဖြစ်လို့ဒီလိုမြင်ကွင်းမျိ
နေရာချင်းလဲချင်စိတ်တွေလည်း ပြင်းပြနေတယ်တဲ့
တစ်ညမှာတော့ ပြတင်းပေါက်ဘေးကဟိုလူနာက ရုတ်တ
ရက် ချောင်းတွေဆိုးသည်။ ချောင်းဆိုးရင်းသီးလာသည် ။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်ပေးခလုတ်ကို
စမ်းတ၀ါးဝါး လိုက်ရှာနေသည်။
ဒါပေမယ့် ဒီဘက်ကလူနာက သူ့ကိုမကူညီမိ ၊ လှုပ်ပင် မလှုပ်ရှား ။ သူ အသက်ရှူသံ ရပ်သွားသည်အထိ စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ
ပြတင်းပေါက်ဘေးမှလူနာ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။ အခြေနေတွေငြိမ်လောက်မှ ကျန်ခဲ့တဲ့လူနာက ပြတင်းပေါက်အနီးရှိ ခုတင်သို့ပြောင်းပေးနိုင်မလားလု
သူနာပြုကိုမေးလိုက်တယ် ။ သို့နှင့်ပြောင်းပေးကြသည် ။ သက်သောင့်သက်သာဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်လည်း ပြင်ဆင်ထားသိုပေးသည်။
လူနာသည် သူနာပြုထွက်သွားသည်နှင့် တပြိုင်နက်
တံတောင်တစ်ဖက်ပေါ်တွင်အားပြုကာ
ကြိုးစား၍ထသည် ။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားကာ ခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်သည်။
အပြင်၌ နံရံတံတိုင်း တစ်ခုသာ သူ မြင်ရလေသည် ။ ။
ref:The Window
ဖေမြင့် ဘာသာပြန်သည် ။
(အမှန်တကယ်တော့ သေသွားတဲ့လူနာဟာ နံရံကြီးပဲရှိတာကိုသိသိကြီးနဲ့
တစ်ခြားလူနာ ကိုစိတ်ချမ်းသာအောင်၊ ရောဂါကို အာရုံမရောက်အောင်
လို့ သေတော့မယ့်သူချင်းအတူတူတောင်သူတ
ပြောပေးခဲ့တာပါ။ )
By:
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။