Ads (728x90)

Photo: အာဆင်နယ်သို့ ပြောင်းခွင့်ရရေး တောင်းဆိုနေသည့် ကာဘာရီ

အာဆင်နယ်သို့ ပြောင်းရွှေ့ ကစားချင်နေသော နယူးကာဆယ် ကစားသမား ရိုဟန်ကာဘာရီက နယူးကာဆယ် အသင်းအတွက် ပွဲထွက် ကစားပေးရန် ငြင်းဆန်ခဲ့သောကြောင့် အပြောင်းအရွှေ့ ရာသီပိတ်သိမ်းချိန်ထိ့ နယူးကာဆယ် အသင်းတွင် ပါဝင်နိုင်ဖွယ် မရှိကြောင်း The Daily Mail သတင်းက ဆိုသည်။

အဆိုပါ ပြင်သစ် လက်ရွေးစင် ကစားသမား အတွက် အာဆင်နယ် အသင်းသည် ပြီးခဲ့သည့် တစ်ပတ်က ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်း၊ လုပ်ခလစာ တစ်ပတ် ပေါင်(၄)သောင်းဖြင့် ကမ်းလှမ်းထားခဲ့သည်။

လက်ရှိအချိန်တွင် အာဆင်နယ် အသင်းက ပေါင်(၁၅)သန်းထိ့ တိုးမြှင့် ကမ်းလှမ်းလာပေမယ့် နယူးကာဆယ် အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀) လိုချင်နေကြောင်း သိရသည်။

ကာဘာရီသည် နယူးကာဆယ် အသင်း၏ ရာသီအဖွင့် ပွဲစဉ် မန်စီးတီးကို ရှူံးနိမ့်ခဲ့သည့် ပွဲနှင့်....  ပွဲစဉ်(၂) ၀က်စ်ဟမ်းကို သရေကျခဲ့သည့် ပွဲစဉ်များတွင် ပါဝင် ကစားခြင်း မရှိခဲ့ပဲ လာမည့် စနေနေ့ ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်(၃)တွင်လည်း ပါဝင် ကစားမည် မဟုတ်ကြောင်း သိရသည်။

By :
Football Myanmar
 
Photo 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...