Ads (728x90)

Photo: "မန်စီးတီးအား အနိုင်ရခဲ့ခြင်းအပေါ် စပယ်ရှယ်အောင်ပွဲဟု့ ညွှန်းဆိုခဲ့သည့် ဖရေဇာကမ်းဘဲလ်"

တနင်္ဂနွေည ပရီးမီးယားလိဂ် ပွဲစဉ်(၂)တွင် မန်စီးတီးအား (၃-၂)ဖြင့် အနိုင်ရခဲ့သော ပွဲတွင် ဂိုး(၂)ဂိုး သွင်းယူခဲ့ကာ ကာဒစ်ဖ် အသင်း၏ သူရဲကောင်း ဖြစ်ခဲ့သူ ဖရေဇာကမ်းဘဲလ်က မန်စီးတီးအား အနိုင်ရခဲ့ခြင်းအပေါ် စပယ်ရှယ်အောင်ပွဲဟု့ ပြောကြားလိုက်သည်။

အဆိုပါပွဲတွင် ဒုတိယပိုင်း၌ ဒီဇစ်ကို၏ အဖွင့်ဂိုးဖြင့် မန်စီးတီးတို့ ဦးဆောင် ထားနိုင်ခဲ့ပေမယ့်လည်း ကာဒစ်ဖ် အသင်းမှ ဂမ်နာဆန်က ခြေပဂိုး သွင်းယူပြီးနောက် ဖရေဇာကမ်းဘဲလ်က (၂)ဂိုး ထပ်မံ သွင်းယူခဲ့သည်။ စီးတီးအသင်းမှ နီဂရီဒိုက နာကျင်အချိန်ပိုမှာ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပေမယ့် (၃-၂) ရလဒ်ဖြင့်သာ ပွဲပြီးခဲ့ပြီး အိမ်ကွင်းဖန်တို့၏ အားပေးမှူ့ကြောင့် ကာဒစ်ဖ်တို့ အနိုင်(၃)မှတ် စတင်ရယူနိုင်ခဲ့သည်။ 

ဖရေဇာကမ်းဘဲလ်က "(၃)မှတ် ရယူနိုင်ခဲ့တာကတော့ စပယ်ရှယ် အောင်ပွဲပါပဲ၊ ဒီပွဲဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပေမယ့်လည်း ကျွန်တော်တို့ အခွင့်အရေး ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိနေခဲ့ပါတယ်။ 

စီးတီးရဲ့ ဂိုးဧရီယာထဲကို ဘောလုံးတွေ ကောင်းကောင်း ပေးပို့နိုင်ခဲ့ပြီး၊ အသင်းရဲ့ ကစားပုံခြေစွမ်းကလည်း ကြီးကျယ်ကောင်းမွန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှူ့ ပြင်ထန်တဲ့ ပြိုင်ပွဲမျိုးမှာ အပတ်စဉ် ဒီလို ရလဒ်မျိုး ရယူဖို့ဆိုတာတော့ မလွယ်ကူလှပါဘူး၊ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ဆက်လက် ကျန်ရစ်ချင်သေးတယ်ဆိုရင်တော့ အပေါင်းလက္ခဏာ ဆောင်တဲ့ ဒီလိုရလဒ်မျိုးတွေ ရရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားဖို့ လိုအပ်ပါတယ်" ဟု့ ပြောကြားခဲ့သည်။

By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...