Ads (728x90)

Photo: "ယူနိုက်တက်ကို ပြန်လာချင်ကြောင်း ပြောကြားလိုက်သည့် ရော်နယ်လ်ဒို"

ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်လ်ဒိုက မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြန်လာလိုကြောင်း ပြောကြားခဲ့သည်ဟု့ သတင်းများ ပျံ့နှံ့စွာ ထွက်ပေါ်လျက်ရှိသည်။ 

သို့ပေမယ့် ယူရိုစပို့ ဆောင်းပါးရှင် ဒန်နီရယ်လ်တေလာက "ခရစ္စတီယာနိုက ယူနိုက်တက် အသင်းကို ပြန်လာချင်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီးဖြစ်သည်၊ ယူနိုက်တက် အသင်းကလည်း ရော်နယ်လ်ဒို၏ သတင်းစကား ဆန္ဒကို ကြားသိထားပြီးဖြစ်သည်။ သို့ပေမယ့် ရော်နယ်လ်ဒို ယူနိုက်တက်သို့ ပြန်လာမည့် အချိန်အခါသည် ယခုနွေရာသီ ပြောင်းရွှေ့ချိန် မဟုတ်ပဲ လာမည့်နွေရာသီ အပြောင်းအရွှေ့ အချိန် အခါတွင်မှသာ ဖြစ်သည်" ဟု့ ရေးသား ဖော်ပြခဲ့သည်။

သို့ပေမယ့် တစ်ဆက်ထဲ ဆောင်းပါးရှင် ဒန်နီရယ်လ်တေလာက ... ရီးရဲလ်အသင်းသည် ယခုအခါ စပါးမှ ဘေးလ်ကို ပေါင်(၈၆)သန်းဖြင့် ခေါ်ယူရန် အကြိုသဘောတူညီမှူ့ ရရှိထားခြင်းကြောင့် ရော်နယ်လ်ဒို၏ ယူနိုက်တက်သို့ ပြောင်းရွှေ့ရေးမှာ ယခု အပြောင်းအရွှေ့ မတိုင်မှီ တွင်လည်း ဖြစ်လာနိုင်ကြောင်း၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်ကြောင်း သုံးသပ်ရေးသားခဲ့သည်။

Photo

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...