Ads (728x90)

Photo: “ရွန်နီ မပျော်မရွှင် ဖြစ်နေရတာ မိုရက်စ်ကြောင့်ပါ” - မော်ရင်ဟို

တနင်္လာည ယူနိုက်တက် Vs ချယ်လ်ဆီး ပွဲမတိုင်မှီ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက မိုရက်စ်ကို အံ့အားသင့်ဖွယ် စကားလုံးအချို့နဲ့ တိုက်ခိုက်လိုက်ပြီး မန်ယူအသင်း မတည်မငြိမ် ဖြစ်အောင် ကြိုးစားလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ရွန်နီကို (၂)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပြီး ဖြစ်ရာ ယူနိုက်တက် အသင်းကလည်း (၂)ကြိမ်လုံး ပယ်ချခဲ့ပြီး ဖြစ်သည်။ သို့ပေမယ့် “ရွန်နီကို ဗန်ပါစီ အတွက် အထောက်အပံ့ ဖြစ်စေဖို့ လိုအပ်ပါတယ်” ဟူသော မိုရက်စ်ပြောခဲ့သည့် စကားတစ်ခွန်းကို မော်ရင်ဟိုက ယခုအခါ ပြန်လည်ညွှန်းဆိုပြီး စကားစစ် ထိုး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

မော်ရင်ဟိုက “ကျွန်တော်တို့ ကစားသမား တစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့အချိန်မှာ အဲ့ဒီအသင်းရဲ့ နည်းပြက ကစားသမားကို ဒုတိယ ရွေးချယ်မှူ့သာ အသုံးပြုမယ့် ကစားသမားလို့ ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဗန်ပါစီကို ခေါ်ယူဖို့ ကြိုးစားနေတာ မဟုတ်တာကြောင့် သူတို့(မန်ယူ) ကျွန်တော်တို့နဲ့ ဘာမှ အတိုက်အခံ လုပ်နေစရာ မလိုပါဘူး။ အကယ်၍ ကျွန်တော့် ကစားသမား တစ်ယောက်ယောက်ကို ဒုတိယ အဆင့် ရွေးချယ် အသုံးပြုမယ့် ကစားသမားပါလို့ ပြောကြည့်ပါလား ဘယ်ကစားသမား တစ်ယောက်မှ ပျော်ရွှင်တော့မှာ မဟုတ်ပါဘူး။ အကယ်၍ ပထမနေရာ ရွေးချယ်ထားတဲ့ ကစားသမားက ဒဏ်ရာကြောင့်သော်၎င်း၊ ပွဲထွက် မကစားနိုင်ခဲ့ဘူး ဆိုပါစို့၊ ဒုတိယ အဆင့် ရွေးချယ်ထားတဲ့ ကစားသမားက အရေးပါလာပြီး မဟုတ်ပါလား။

အသင်းကြီး တစ်သင်းမှာ၊ ကျွန်တော်သာဆို မင်းဟာ ပထမ ဦးစားပေး ကစားသမားပါ၊ မင်းဟာ ဒုတိယ ဦးစားပေး ကစားသမားပါဆိုပြီး သွေးခွဲ စကားတွေနဲ့ ပြသနာ တက်အောင် ပြောဆိုနေမှာ မဟုတ်ပါဘူး၊ ကစားသမား အားလုံးဟာ အရမ်းကောင်းတဲ့ ကစားသမားတွေပါလို့ပဲ ပြောဆိုနေမှာပါ” ဟု့ ပြောဆိုခဲ့သည်။

By :
Football Myanmar
 
Photo 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...