Ads (728x90)

ပြည်သူ့ရင်ပြင်သွားရင် သတိရှိပါ
(RD Lwin ပေးပို့သောသတင်း)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၂၄.၈.၂၀၁၃၊ စနေ နေ့ က ကျွန်တော် တို့ ပြည်သူ့ ရင်ပြင် ကို မနက် ၉:၁၅ မှာ မြေနီကုန်း ဂိတ် ပေါက် က ၀င်ရောက်ခဲ့ပြီး လက်မှတ် ၀ယ်ခဲ့ရာ လက်မှတ်ရောင်းသူက ၆၀၀ လို့ ပြောပါတယ်။ဝင်ကြေး ဘယ်လောက်မှန်း ကျွန်တော် မသိပါဘူး။ ဒါ့ကြောင့် ကျွန်တော်လဲ နှစ်ယောက်စာ ၁၂၀၀ လို့ တွက်ပြီး ၁၀၀၀ တန် ၂ ရွက်ထုတ်ပေးလိုက်ပါတယ်။ ဒါကို လက်မှတ် ရောင်းတဲ့ ကောင်မလေးက ၄၀၀ ပဲ ပြန်အမ်းတော့ ကျွန်တော်က ၂၀၀၀ ပေးထားတာ၊ ၆၀၀ ပြန်အမ်း ရမှာလို့ ပြောတော့ သူတို့ က တစ်ယောက် သုံးရာ၊ နှစ်ယောက်ခြောက်ရာ တဲ့၊။
 ပြီးတော့အကိုပေးတာ ၁၀၀၀ တန် တစ်ရွက်ထဲပါတဲ့။ 

ကျွန်တော်၆၀၀ လို့ ပြောတဲ့အတွက် တစ်ယောက် ၆၀၀ လို့ ပြောတယ်လို့ အထင်နဲ့ နှစ်ယောက်စာ အတွက် ၂၀၀၀ ပေးတဲ့အကြောင်းပြောပါတယ်။ အဲ့ဒီအခါ ကောင်မလေး က ပေးလိုက်တဲ့ပိုက်ဆံကို အခေါက်လိုက် ပုံးထဲပစ်ထည့်လိုက်ကြောင်းနဲ့ ဘယ် နှစ်ရွက် ပေးမှန်း မသိတဲ့အကြောင်းပဲပြောပါတယ်။ တကယ်ဆို အခေါက်အတိုင်းပစ် ထည့် လိုက်ရင် အဲ့ဒါက အပေါ်ဆုံးမှာ အခေါက်အတိုင်း ရှိရမှာပါ။ ယူကြည့်လိုက်ရုံပါပဲ။ ပြီးတော့ လက်မှတ် ဂိတ်မှာကျွန်တော် တို့ နှစ်ယောက်ထဲ ပဲဝင်လာတာပါ။ ဘယ်သူ မှ မရှိဘူး။ အရှင်းကြီးပါ။ 

ပိုက်ဆံရော စရာအကြောင်းကိုမရှိဘူး။ ဒါကို သူတို့ က ပိုက်ဆံပြန်စစ်ပေးမယ်ပြောပြီးတော့ ဘယ်ကမှန်း မသိတဲ့ သားရေကွင်းနဲ့  စည်းထားတဲ့ ပိုက်ဆံ အုပ်ကို ထုတ်ပြီးရေပါတယ်။ ဘာမှမဆိုင်ပါဘူး။ တကယ်ဆို သူတို့ ထည့်လိုက်တဲ့ပုံးထဲက အပေါ်ဆုံးက ထောင်တန် နှစ်ရွက် အခေါက် ကိုယူကြည့် ယုံပါ။ ပုံးက သူတို့ အတွင်းဘက်မှာထားတော့ ကျွန်တော် ကိုယ်တိုင် ယူပြလို့ မရခဲ့ပါဘူး။

 အဲ့ဒီလို ငွေရေ နေတုန်းမှာ အနောက် က မိန်းမတစ်ယောက်က "နင်တို့  သေချာ မကြည့်ဘူးလား။ ရှေ့ ရက်ကလဲ ဖြစ်ပြီးပြီ" လို့ ပြောပါတယ်။ ပေါ့ဆ တာလား တမင်သက်သက် လားတော့ မသိပါဘူး။ ဘယ်ကမှန်း မသိတဲ့ ပိုက်ဆံ ကိုရေနေတဲ့ မိန်းမ က ပိုက်ဆံ မပိုတဲ့ အကြောင်း သူ မတို့ မလိမ်တဲ့ အကြောင်းပြောလာပါတယ်။ ကျွန်တော် တော်တော် ဒေါထွက်သွားပါတယ်။ သူမလိမ်ရင် ကိုယ် ကပဲ လိမ်တဲ့ပုံမျိုး။ 

ဒါနဲ့ကျွန်တော်လဲ ပေးတာ ၂၀၀၀ ဖြစ်ကြောင်း ထည့်သည့် ပုံးတွင်သာ ရှာရန် လိုကြောင်း အပြန်အလှန် ပြောကာ နောက်တော့ ကောင်မလေး ၂၀၀၀ အတွက်နှင့် စကားမများရန် အတင်း ဆွဲခေါ်လာခဲ့ပါတယ်။ တမင်လုပ်တာလား။ နမော်နမဲ့ လား မသိပေမယ့် လုံးဝ မဖြစ်သင့်ပါဘူး။ ပေးတဲ့လူက မှားပေးရင် ယူတဲ့ လူက သေချာစစ် ရမှာပါ။ ဒါသူတို့ အလုပ်ပါ။ အတင်းမစွပ်စွဲ ချင်ပေမယ့် ပြည်သူ့ ရင်ပြင်သို့ သွားမည့်သူများ ကို သတိပြုဖို့  ပြောချင်ပါတယ်။
_______________________________

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...