Ads (728x90)

Photo: တနင်္လာနေ့ ယူနိုက်တက် Vs ချယ်လ်ဆီး ပွဲအပြီးတွင် ရွန်နီကို ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းမည် ဆိုသည့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းသည် အင်္ဂလန်စတား ၀ိန်းရွန်နီအား တနင်္လာနေ့ အိုးထရက်ဖို့ဒ်တွင် ထိပ်တိုက်ယှဉ်ပြိုင်ကြမည့် ယူနိုက်တက် Vs ချယ်လ်ဆီး ပွဲစဉ်အပြီးတွင် ပေါင်သန်း(၄၀)ဖြင့် နောက်ဆုံးအကြိမ် ထပ်မံ ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယူနိုက်တက် အသင်းက ရွန်နီကို ရောင်းချမှာ မဟုတ်ကြောင်း ပြောဆိုထားပေမယ့်လည်း မော်ရင်ဟိုက လက်လျော့လိုခြင်း မရှိပဲ ယခုကဲ့သို့ ကြိုးစားလာခြင်း ဖြစ်သည်။ 

မော်ရင်ဟိုက "ကြည့်ကြတာပေါ့ဗျာ၊ ကျွန်တော်တို့ ကမ်းလှမ်းခဲ့ပေမယ့် သူတို့ကတော့ မရောင်းဘူးလို့ ထပ်မံပြောဆိုထားပါတယ်။ ကျွန်တော်တို့ ဘာအရှူံး ရှိမလဲ? ဒီအပြောင်းအရွှေ့ ရာသီမှာ ကျွန်တော်တို့ ကစားသမား (၂)ယောက် ခေါ်ဆိုထားပြီးပါပြီး၊
နောက်ထပ်ခေါ်ယူဖို့လည်း ကြိုးစားနေပါသေးတယ်၊ ကျွန်တော်တို့ အသင်းက ဘယ်ကစားသမားကိုမှ ရောင်းချသွားမှာ မဟုတ်ပါဘူး၊ ရွန်နီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း တနင်္လာနေ့ ယူနိုက်တက်နဲ့ ပွဲ မပြီးသေးသ၍ ကျွန်တော်တို့ ကမ်းလှမ်းမှူ့ မလုပ်သေးပါဘူး၊ 
ဒါကလည်း ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက် အသင်းအပေါ်မှာ လေးစားသမှူ့ ထားချင်သလို၊ ဘောလုံးလောက စည်းမျဉ်းဥပဒေတွေကိုလည်း လေးစားမှူ့ ရှိချင်လို့ပါ" ဟု့ ပြောဆိုခဲ့သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...