ခ်စ္သူရည္းစားေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြၾကားမွာ စကားမ်ားရန္ျဖစ္တဲ့အခါတိုင္း၊ လမ္းခြဲျပတ္ဆဲၾကတဲ့အခါတိုင္း၊ ဒါမွမဟုတ္ အျခားျပႆနာတစ္ခုခုတက္တိုင္း Facebook profile ကို deactivate လုပ္လိုက္၊ သိပ္မၾကာခင္ျပန္ၿပီး Activate လုပ္လိုက္နဲ႔ မၾကာခဏလုပ္တတ္သူေတြကို ေတြ႕ဖူးမွာပါ။ စာဖတ္သူကိုယ္တိုင္လည္း ဒီလို လုပ္ဖူးမွာ ေသခ်ာပါတယ္။ ဒါဆို လူေတြဘာေၾကာင့္ ဒီလိုလုပ္ၾကရတာပါလဲ။
စိတ္အေႏွာက္အယွက္ျဖစ္စရာ အျဖစ္အပ်က္ေတြေတြ႕ၾကံဳရခ်ိန္မွာ Facebook ေပၚက အမွတ္ရစရာေတြအားလံုးကို ဖ်က္ပစ္လိုက္ဖို႔ အေရးတႀကီးလိုအပ္တယ္ဆိုရင္ ဘာေၾကာင့္မ်ား Activate ျပန္လုပ္ၾကတာပါလဲ။ Facebook ေၾကာင့္ လမ္းခြဲျပတ္ဆဲမႈေတြ၊ မိတ္ပ်က္ေဆြပ်က္ျဖစ္ရပ္ေတြနဲ႔ စိတ္အေႏွာင့္အယွက္ျဖစ္စရာေတြ ၾကံဳေတြ႕ရတယ္ဆိုရင္ ဘာေၾကာင့္ ေနာက္ထပ္သံုးေနဦးမွာပါလဲ။
ဘေဘာက်ေထာက္ခံမႈရွာေဖြျခင္း
သင့္ဘ၀မွာျဖစ္ပ်က္ေနသမွ်အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး Facebook ေပၚမွာ မိတ္ေဆြတုေတြဆီက ေထာက္ခံမႈကို လိုအပ္ေနတာေၾကာင့္ျဖစ္ပါတယ္။ သင့္ Facebook account ထဲက သူငယ္ခ်င္းအားလံုးက မိတ္ေဆြတုလို႔ေျပာတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ အဲ့ဒီ အြန္လိုင္းမိတ္ေဆြေတြအားလံုးက သင့္ေမြးေန႔မွာ ဖုန္းဆက္ၿပီး ေမြးေန႔ဆုေတာင္းေျပာသလား စဥ္းစားၾကည့္ပါ။ မေျပာပါဘူး။ ဒ့ါေၾကာင့္ သင္တို႔ခ်စ္သူႏွစ္ဦးၾကား ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး အမ်ားသူငွာရဲ႕ ေထာက္ခံမႈကို Facebook ေပၚမွာ မရွာပါနဲ႔။ အဆင္ေျပေပ်ာ္ရႊင္တဲ့ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ႏိုင္ဖို႔က သင့္ကိုယ္သင္ ေထာက္ခံဖို႔ပဲ လိုပါတယ္။
ေျပာဆိုဆက္သြယ္မႈ
စကားေျပာပါ။ ဟုတ္ပါတယ္။ သင့္ရဲ႕ခ်စ္သူ၊ သူငယ္ခ်င္း၊ သင့္ကို မေက်နပ္စရာတစ္ခုခုျဖစ္ေအာင္ လုပ္တဲ့သူ ဘယ္သူပဲျဖစ္ျဖစ္ တိုက္႐ိုက္စကားေျပာပါ။ Facebook ေပၚမွာ နာက်ည္းစိတ္နဲ႔ ခံျပင္းတဲ့ပို႔စ္ေတြတင္ၿပီး ျမင္တဲ့သူေတြရဲ႕ သနားဂ႐ုဏာသက္မႈကို လိုခ်င္တာမ်ိဳးက ကေလးကလားဆန္လြန္းပါတယ္။ ခ်စ္သူရည္းစားခ်င္းအဆင္မေျပတိုင္း Status တင္တာဟာ သင့္ခ်စ္သူကို လူဆိုးတစ္ေယာက္အျဖစ္ ပံုေဖာ္ေနတာပဲျဖစ္ပါတယ္။ သင့္ခ်စ္သူက တကယ္လည္း ဆိုးခ်င္ဆိုးပါလိမ့္မယ္။ ဒါေပမယ့္ ဒီအေၾကာင္း လူတကာကို ဘာလို႔အသိေပးေနမွာပါလဲ။ Facebook ကေနထြက္ၿပီး တိုက္႐ိုက္စကားေျပာ ေျဖရွင္းပါ။
အထင္ႀကီးအားက်ခံလိုျခင္း
အားက်ခံရတာပဲျဖစ္ျဖစ္၊ မနာလိုတာပဲျဖစ္ျဖစ္ ဘယ္သူ႔အတြက္မွ မေကာင္းသလို ကိုယ္တိုင္လည္း ခံစားလို႔ေကာင္းမွာ မဟုတ္ပါဘူး။ Facebook ေပၚမွာ အစစအရာရာ အားလံုးအဆင္ေျပေနသလို ပံုေတြတင္ေနေလ့ရွိတဲ့ စံုတြဲေတြကလည္း ျမင္ရသူေတြ အထင္ႀကီးအားက်ေလာက္တဲ့ ပံုရိပ္တစ္ခုကို ဖန္တီးေန႐ုံပဲျဖစ္ပါတယ္။ သူတို႔အတြက္က တကယ့္ဆက္ဆံေရးေကာင္းမြန္ေပ်ာ္ရႊင္ေနဖို႔ထက္ ပံုေတြတင္ႏိုင္ဖို႔က ပိုအေရးႀကီးေနတတ္ပါတယ္။
အတိတ္မွာ ပိတ္မိေနျခင္း
အဆိုးဆံုးအခ်က္လို႔ ေျပာႏိုင္ပါတယ္။ Facebook သံုးတိုင္းမွာ အတိတ္ရဲ႕ ေျခာက္လွန္႔မႈေတြ ခံရႏိုင္ပါတယ္။ ဒါေပမယ့္ အဆိုးခ်ည္းပဲေတာ့ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့အခ်ိန္ေတြက ၾကည္ႏူးေပ်ာ္ရႊင္စရာ အမွတ္တရကိစၥေလးေတြကို ျပန္အစေဖာ္ေပးတာဆိုရင္ေတာ့ Facebook ကို ေက်းဇူးတင္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၾကည္ႏူးစရာမဟုတ္တဲ့ အခ်ိန္ေတြ၊ ပံုေတြကို ျပန္ျမင္ေတြ႕ရမယ္ဆိုရင္ေတာ့ စိတ္ႏွလံုးထိခိုက္စရာ ျဖစ္ႏိုင္ပါတယ္။
အကန္႔အသတ္မ်ား
ခ်စ္သူရည္းစားရွိသူေတြအေနနဲ႔ Facebook ကို အကန္႔အသတ္နဲ႔ပဲ အသံုးျပဳသင့္ပါတယ္။ သင့္ခ်စ္သူစကားေျပာေနခ်ိန္မွာ ဖုန္းကိုခ်ထားပါ။ Selfies ႐ိုက္မေနပါနဲ႔။ သူမအတြက္ အျပည့္အ၀အာ႐ုံစိုက္ႏိုင္ေအာင္ ႀကိဳးစားပါ။
လူတစ္ေယာက္ခ်င္းစီရဲ႕ Facebook အေတြ႕အၾကံဳေတြက တူခ်င္မွတူမွာျဖစ္သလို အားလံုးကလည္း ဒီအခ်က္ေတြကို လက္ခံႏိုင္မွာမဟုတ္ပါဘူး။ တကယ္တမ္းေတာ့ Facebook က အလုပ္အကိုင္အတြက္ လူမႈကြန္ယက္တစ္ခုအေနနဲ႔ ဒါမွမဟုတ္ ေ၀းကြာေနတဲ့မိသားစုေတြနဲ႔ အဆက္အသြယ္မျပတ္ေစဖို႔ ၾကားခံတစ္ခုအေနနဲ႔ေလာက္ပဲ ေကာင္းပါတယ္။ ဒါ့ေၾကာင့္ Facebook ေပၚမွာ တင္တာ၊ ေ၀မွ်တာေတြနဲ႔ ပတ္သက္ၿပီး အထိန္းအကြပ္ေလးရွိဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ သင္ေရာ ဘယ္လို ထင္ပါသလဲ??
Unicode
Facebook ပေါ်က Relationship
ချစ်သူရည်းစားတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ စကားများရန်ဖြစ်တဲ့အခါတိုင်း၊ လမ်းခွဲပြတ်ဆဲကြတဲ့အခါတိုင်း၊ ဒါမှမဟုတ် အခြားပြဿနာတစ်ခုခုတက်တိုင်း Facebook profile ကို deactivate လုပ်လိုက်၊ သိပ်မကြာခင်ပြန်ပြီး Activate လုပ်လိုက်နဲ့ မကြာခဏလုပ်တတ်သူတွေကို တွေ့ဖူးမှာပါ။ စာဖတ်သူကိုယ်တိုင်လည်း ဒီလို လုပ်ဖူးမှာ သေချာပါတယ်။ ဒါဆို လူတွေဘာကြောင့် ဒီလိုလုပ်ကြရတာပါလဲ။
စိတ်အနှောက်အယှက်ဖြစ်စရာ အဖြစ်အပျက်တွေတွေ့ကြုံရချိန်မှာ Facebook ပေါ်က အမှတ်ရစရာတွေအားလုံးကို ဖျက်ပစ်လိုက်ဖို့ အရေးတကြီးလိုအပ်တယ်ဆိုရင် ဘာကြောင့်များ Activate ပြန်လုပ်ကြတာပါလဲ။ Facebook ကြောင့် လမ်းခွဲပြတ်ဆဲမှုတွေ၊ မိတ်ပျက်ဆွေပျက်ဖြစ်ရပ်တွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့ရတယ်ဆိုရင် ဘာကြောင့် နောက်ထပ်သုံးနေဦးမှာပါလဲ။
ဘဘောကျထောက်ခံမှုရှာဖွေခြင်း
သင့်ဘဝမှာဖြစ်ပျက်နေသမျှအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Facebook ပေါ်မှာ မိတ်ဆွေတုတွေဆီက ထောက်ခံမှုကို လိုအပ်နေတာကြောင့်ဖြစ်ပါတယ်။ သင့် Facebook account ထဲက သူငယ်ချင်းအားလုံးက မိတ်ဆွေတုလို့ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီ အွန်လိုင်းမိတ်ဆွေတွေအားလုံးက သင့်မွေးနေ့မှာ ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပြောသလား စဉ်းစားကြည့်ပါ။ မပြောပါဘူး။ ဒါ့ကြောင့် သင်တို့ချစ်သူနှစ်ဦးကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အများသူငှာရဲ့ ထောက်ခံမှုကို Facebook ပေါ်မှာ မရှာပါနဲ့။ အဆင်ပြေပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့က သင့်ကိုယ်သင် ထောက်ခံဖို့ပဲ လိုပါတယ်။
ပြောဆိုဆက်သွယ်မှု
စကားပြောပါ။ ဟုတ်ပါတယ်။ သင့်ရဲ့ချစ်သူ၊ သူငယ်ချင်း၊ သင့်ကို မကျေနပ်စရာတစ်ခုခုဖြစ်အောင် လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် တိုက်ရိုက်စကားပြောပါ။ Facebook ပေါ်မှာ နာကျည်းစိတ်နဲ့ ခံပြင်းတဲ့ပို့စ်တွေတင်ပြီး မြင်တဲ့သူတွေရဲ့ သနားဂရုဏာသက်မှုကို လိုချင်တာမျိုးက ကလေးကလားဆန်လွန်းပါတယ်။ ချစ်သူရည်းစားချင်းအဆင်မပြေတိုင်း Status တင်တာဟာ သင့်ချစ်သူကို လူဆိုးတစ်ယောက်အဖြစ် ပုံဖော်နေတာပဲဖြစ်ပါတယ်။ သင့်ချစ်သူက တကယ်လည်း ဆိုးချင်ဆိုးပါလိမ့်မယ်။ ဒါပေမယ့် ဒီအကြောင်း လူတကာကို ဘာလို့အသိပေးနေမှာပါလဲ။ Facebook ကနေထွက်ပြီး တိုက်ရိုက်စကားပြော ဖြေရှင်းပါ။
အထင်ကြီးအားကျခံလိုခြင်း
အားကျခံရတာပဲဖြစ်ဖြစ်၊ မနာလိုတာပဲဖြစ်ဖြစ် ဘယ်သူ့အတွက်မှ မကောင်းသလို ကိုယ်တိုင်လည်း ခံစားလို့ကောင်းမှာ မဟုတ်ပါဘူး။ Facebook ပေါ်မှာ အစစအရာရာ အားလုံးအဆင်ပြေနေသလို ပုံတွေတင်နေလေ့ရှိတဲ့ စုံတွဲတွေကလည်း မြင်ရသူတွေ အထင်ကြီးအားကျလောက်တဲ့ ပုံရိပ်တစ်ခုကို ဖန်တီးနေရုံပဲဖြစ်ပါတယ်။ သူတို့အတွက်က တကယ့်ဆက်ဆံရေးကောင်းမွန်ပျော်ရွှင်နေဖို့ထက် ပုံတွေတင်နိုင်ဖို့က ပိုအရေးကြီးနေတတ်ပါတယ်။
အတိတ်မှာ ပိတ်မိနေခြင်း
အဆိုးဆုံးအချက်လို့ ပြောနိုင်ပါတယ်။ Facebook သုံးတိုင်းမှာ အတိတ်ရဲ့ ခြောက်လှန့်မှုတွေ ခံရနိုင်ပါတယ်။ ဒါပေမယ့် အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့အချိန်တွေက ကြည်နူးပျော်ရွှင်စရာ အမှတ်တရကိစ္စလေးတွေကို ပြန်အစဖော်ပေးတာဆိုရင်တော့ Facebook ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြည်နူးစရာမဟုတ်တဲ့ အချိန်တွေ၊ ပုံတွေကို ပြန်မြင်တွေ့ရမယ်ဆိုရင်တော့ စိတ်နှလုံးထိခိုက်စရာ ဖြစ်နိုင်ပါတယ်။
အကန့်အသတ်များ
ချစ်သူရည်းစားရှိသူတွေအနေနဲ့ Facebook ကို အကန့်အသတ်နဲ့ပဲ အသုံးပြုသင့်ပါတယ်။ သင့်ချစ်သူစကားပြောနေချိန်မှာ ဖုန်းကိုချထားပါ။ Selfies ရိုက်မနေပါနဲ့။ သူမအတွက် အပြည့်အဝအာရုံစိုက်နိုင်အောင် ကြိုးစားပါ။
လူတစ်ယောက်ချင်းစီရဲ့ Facebook အတွေ့အကြုံတွေက တူချင်မှတူမှာဖြစ်သလို အားလုံးကလည်း ဒီအချက်တွေကို လက်ခံနိုင်မှာမဟုတ်ပါဘူး။ တကယ်တမ်းတော့ Facebook က အလုပ်အကိုင်အတွက် လူမှုကွန်ယက်တစ်ခုအနေနဲ့ ဒါမှမဟုတ် ဝေးကွာနေတဲ့မိသားစုတွေနဲ့ အဆက်အသွယ်မပြတ်စေဖို့ ကြားခံတစ်ခုအနေနဲ့လောက်ပဲ ကောင်းပါတယ်။ ဒါ့ကြောင့် Facebook ပေါ်မှာ တင်တာ၊ ဝေမျှတာတွေနဲ့ ပတ်သက်ပြီး အထိန်းအကွပ်လေးရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ သင်ရော ဘယ်လို ထင်ပါသလဲ??
Ref ; Gentleman Magazine
Post a Comment
Blogger Facebook DisqusComment ေပးရန္ ညာဘက္ေထာင့္မွ Blogger or Facebook or Disqus ကုိႏွိပ္ပါ။