ဇနီးသည်က အိပ်ရာထဲမှာ အတူမနေချင်တဲ့အကြောင်းရင်းများ
၁။အိမ်ထောင်ရေးအခြေအနေကို စိတ်အလိုမကျခြင်း
အမျိုးသမီးအများစုအတွက် သူတို့ရဲ့လိင်စိတ်နဲ့ သူတို့ရဲ့Relationshipအခြေအနေနဲ့ တိုက်ရိုက်ပတ်သတ်နေတယ်ဗျ။အကယ်၍ ခင်ဗျားရဲ့အမျိုးသမီးက ခင်ဗျားနဲ့ပတ်သတ်ပြီး ခင်ဗျားတို့Relationshipနဲ့ပတ်သတ်ပြီး စိတ်အလိုမကျဖြစ်နေတယ်ဆိုရင်တော့ လိင်စိတ်ဆိုတာက သူမနဲ့အဝေးဆုံးအရာဖြစ်သွားပြီကိုယ့်လူ။
၂။သူမအတွက် လိင်ဆက်ဆံရင် နာကျင်နေခြင်း
အသက်အရွယ်ကြီးလာတာနဲ့အမျှ ဥာဏ်ပညာပိုင်းမှ ပိုထက်မြက်လာပေမယ့် ခန္ဓာက်ိုယ်ကတော့ အရည်အသွေးကျဆင်းသွားတတ်တယ်လေ။အဲ့တော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်က လိင်နဲ့ပတ်သတ်တဲ့ ဟော်မုန်းတွေထွက်တာနည်းလာပြီး သူမအတွက်နာကျင်နိုင်ပါတယ်။အကယ်၍ လိင်ဆက်ဆံတာက သူမအတွက် နာကျင်စေတယ် သက်တောင့်သက်သာမဖြစ်ဘူးဆိုရင် ခင်ဗျားတို့၂ယောက်ရဲ့ အိပ်ရာထဲက အထိအတွေ့က နည်းသွားမှာအသေအချာပါပဲ။အဲ့တော့ သူမအတွက် သက်တောင့်သက်သာဖြစ်ပြီး နာကျင်မှုနည်းစေမယ့် ချောဆီလိုမျိုး အရာတွေကို သုံးဖို့ အကြံပြုပါရစေဗျ။
၃။အထိအတွေ့အပွေ့အဖက်နည်းသွားခြင်း
လိင်ဆက်ဆံတယ်ဆိုတာက လိင်ဆက်ဆံဖို့ ကိစ္စတွေကို လုပ်လိုက်တာနဲ့ပဲ လိင်ဆက်ဆံတာဖြစ်မသွားဘူးဗျ။တဖြည်းဖြည်းခြင်း တည်ဆောက်သွားရတဲ့ကိစ္စဆိုတာ ခင်ဗျားလည်းသိနေတာပဲလေဗျာ။ဥပမာ မနက်အလုပ်မသွားခင် နမ်းသွားတာမျိုးလေးတွေနဲ့ပေါ့။သူမအနားမှာ ထိုင်ပေးပြီး လက်လေးတွေကိုင်ထားပေးလိုက်ပါ။သူမကို ပွေ့ဖက်ပါ။အိပ်ခန်းထဲမှာပဲ မလုပ်ပါနဲ့။ခင်ဗျားက သူ့ကို ဂရုစိုက်တယ်ဆိုတာ ဒီလိုထွေးပွေ့နေပေးခြင်းနဲ့ သက်သေပြလိုက်ပါဦးကိုယ့်လူရေ။
၄။ပင်ပန်းနေခြင်း
အလုပ်မှာ အိမ်အလုပ်တွေမှာ ပင်ပန်းနေတဲ့ ခင်ဗျားရဲ့ဇနီးဟာ ခင်ဗျားနဲ့ လိင်ဆက်ဆံဖို့ ကိစ္စကို စဉ်းစားနိုင်ဦးမယ်လို့များ ထင်နေပါသလားကိုယ့်လူရေ။
၅။ငြီးငွေ့လာခြင်း
ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးကြည့်ပါ။ခင်ဗျားရဲ့ဇနီးက ခင်ဗျားကိုကြည့်လိုက်ရင် သူ့အတွက် ချစ်မြတ်နိုးဖွယ် အံ့အားသင့်ဖွယ်ကောင်းတဲ့လူတစ်ယောက်အနေနဲ့ ရှိနေတုန်းပဲလား။ဒါမှမဟုတ် အရောင်အဝါတွေများ ကျသွားပြီလားဆိုတာကိုပေါ့။သူ့ကို ချည်းကပ်ခဲ့တဲ့သူတွေထဲမှာ ခင်ဗျားက နံပါတ်(၁)ပဲဖြစ်နေစေဖို့ ခင်ဗျားရဲ့ အရင်တုန်းက ပုံစံကို ပြန်ပြင်ကြည့်လိုက်ပေါ့ကိုယ့်လူရေ။အဆင်ပြေသွားပါလိမ့်မယ်။
၆။ပုံသေကားချဖြစ်လာခြင်း
အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ခင်ဗျားတို့လိင်ဆက်ဆံရေးကိစ္စက တဖြည်းဖြည်းသွေးအေးလာလိမ့်မယ်ဗျ။ခင်ဗျားရော ခင်ဗျားဇနီးရောက လိင်ဆက်ဆံတဲ့အကြောင်းတွေကို ခန့်မှန်းရလွယ်နေရင် ပုံစံနည်းနည်းပြောင်းကြည့်လိုက်ပေါ့နော့။
၇။ခံစားချက်နည်းနေခြင်း
လိင်ဆက်ဆံဖို့ ကိစ္စမှာပဲ စိတ်ကိုမြှုပ်နှံထားမယ့်အစား ခင်ဗျားရဲ့ဇနီးနဲ့ ကိုယ်ပိုင်ခံစားချက်လေးတွေ ဝေမျှဖို့လည်း အာရုံစိုက်လိုက်ပါဦးနော့။အမျိုးသမီးတွေအတွက် ခံစားချက်တွေကို ဝေမျှပေးခြင်းက လိင်စိတ်အတွက် အဆင်ပြေစေပါတယ်။
Ref ; Gentleman Magazine
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။