Ads (728x90)



ဖြားဖက္ေတာ္နဲ႔ သင့္ေတာ္တဲ့အရြယ္အစားကို ေရြးခ်ယ္ၿပီးရင္ေတာ့ အမ်ိဳးအစားေတြကို ေလ့လာၾကည့္သင့္ပါတယ္။
 
၁။ Thin and Ultra-Thin
လူအမ်ားစုက အပါးလႊာဆံုးကြန္ဒံုးအမ်ိဳးအစားေတြကို သေဘာက်တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏွစ္ဦးႏွစ္ဖက္စလံုးအတြက္ ဘာအကာအကြယ္မွမရွိသလို အထိအေတြ႕ကို ခံစားရတာေၾကာင့္ ျဖစ္ပါတယ္။
 
၂။ Climax Control
ဒီကြန္ဒံုးအမ်ိဳးအစားကေတာ့ သင့္ဖြားဖက္ေတာ္ရဲ႕ထိပ္ပိုင္းကို အာရုံခံစားမႈေလ်ာ့နည္းသြားေအာင္ လုပ္ေပးႏိုင္ပါတယ္။ လိင္ဆက္ဆံခ်ိန္ၾကာျမင့္ၿပီး သုက္လႊတ္ျခင္းကို ထိန္းသိမ္းႏိုင္တဲ့ အမ်ိဳးသားေတြအတြက္ ဒီအမ်ိဳးအစားက မသင့္ေတာ္ေပမယ့္ သုက္လႊတ္ျမန္သူေတြအတြက္ကေတာ့ အေကာင္းဆံုးျဖစ္ပါတယ္။
 
၃။ Ribbed, Pleasure Shaped and Her Pleasure
အျပင္ဖက္မွာ အဖုကေလးေတြ၊ လိႈင္းတြန္႔ေတြပါရွိတဲ့ ဒါမွမဟုတ္ ထူးျခားတဲ့ပံုသ႑ာန္ျဖစ္ေစတဲ့ ကြန္ဒံုးေတြက အမ်ိဳးသမီးကို ခံစားမႈေကာင္းေစၿပီး ကိစၥၿပီးေစဖို႔အတြက္ အထူးဒီဇိုင္းထုတ္ထားတာ ျဖစ္ပါတယ္။ ဒီအမ်ိဳးအစားကို တခ်ိဳ႕အမ်ိဳးသမီးေတြက သေဘာက်ေပမယ့္ အမ်ားစုကေတာ့ မႀကိဳက္တတ္ၾကပါဘူး။
 
၄။ Lambskin
သိုးေရနဲ႔ ျပဳလုပ္ထားတဲ့ ဒီကြန္ဒံုးအမ်ိဳးအစားကိုေတာ့ တစ္ခါသံုးဖူးသူတိုင္း တန္းတန္းစြဲ ျဖစ္သြားတတ္ၾကပါတယ္။ ဒီအမ်ိဳးအစားကို ေရာ္ဘာ၊ ပလတ္စတစ္ စတာေတြအစား သိုးေရနဲ႔ျပဳလုပ္ထားၿပီး အသားေရာင္အတိုင္းပဲျဖစ္ပါတယ္။ ဒါ့အျပင္ ထိေတြ႕ခံစားမႈေကာင္းၿပီး အနံ႔အသက္လည္းအဆင္ေျပပါတယ္။ ဒါေပမယ့္ တစ္ခုသတိထားရမွာက Lambskin ကြန္ဒံုးေတြက သေႏၶတားဆီးရာမွာသာ ထိေရာက္ၿပီး ေရာဂါေတြကိုေတာ့ မကာကြယ္ေပးႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ကေလးမယူခ်င္ေသးတဲ့ အိမ္ေထာင္သည္ေတြအတြက္ အဆင္ေျပဆံုးျဖစ္ပါတယ္။
 
၅။ Sparmcide
ဒီအမ်ိဳးအစားကေတာ့ သေႏၶမျဖစ္တည္ႏိုင္ေအာင္ ဓာတုပစၥည္းတစ္မ်ိဳး ထပ္ေပါင္းထည့္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ ထည့္သြင္းထားတဲ့ ဓာတုပစၥည္းက တစ္ေန႔ကိုတစ္ႀကိမ္ထက္ပိုၿပီး ထိေတြ႕မယ္ဆိုရင္ ယားယံတာ၊ ဓာတ္မတည့္တာမ်ိဳးျဖစ္တတ္သလို HIV နဲ႔ အျခားလိင္မွကူးစက္ေရာဂါေတြကို ကာကြယ္ေပးႏိုင္ျခင္း မရွိပါဘူး။
 
၆။ Latex-Free
တခ်ိဳ႕လူေတြက ေရာ္ဘာနဲ႔ဓာတ္မတည့္တာမ်ိဳး ရွိတတ္ပါတယ္။ ဒီအခါမွာ ပံုမွန္ေရာ္ဘာ အေျချပဳ ထုတ္လုပ္ထားတဲ့ ကြန္ဒံုးေတြကို သံုးလို႔အဆင္ေျပမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ Sheerlon, polyisoprene နဲ႔ polyurethane ကုန္ၾကမ္းေတြကို အေျခခံထုတ္လုပ္ထားတဲ့ Latex-Free ကြန္ဒံုးေတြကို အသံုးျပရမွာျဖစ္ပါတယ္။
 
ေရြးရခက္ေနသူေတြအတြက္ အေကာင္းဆံုး ညႊန္းဆိုမႈ
ဂ်ပန္ႏိုင္ငံထုတ္ Okamoto အမွတ္တံဆိပ္ကြန္ဒံုးေတြက ပါးလႊာမႈရွိသေလာက္ လုံျခံဳစိတ္ခ်ရတဲ့အတြက္ နာမည္ႀကီးပဲျဖစ္ပါတယ္။ Okamoto ကုမၸဏီက ၁၉၃၄ ခုႏွစ္ကတည္းကေန ခုခ်ိန္ထိ ကြန္ဒံုးေတြနဲ႔ပတ္သက္ၿပီး သုေတသနအမ်ိဳးမ်ိဳးလုပ္ေဆာင္ကာ သဘာ၀က်က်အထိအေတြ႕ကို ခံစားႏိုင္႐ုံသာမက ကူးစက္ေရာဂါေတြနဲ႔ သေႏၶတည္ျခင္းကို ကာကြယ္ေပးႏိုင္မယ့္ ကြန္ဒံုးေတြကို ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။
 
Okamoto ဟာ Sheerlon လို႔အမည္ရတဲ့ အထူးရာဘာအမ်ိဳးအစားကို အသံုးျပဳထားတဲ့အတြက္ ပံုမွန္ကြန္ဒံုးေတြရဲ႕ တ၀က္မွ်သာ အထူရွိပါတယ္။ ပါးလႊာလြန္းတယ္လို႔ ထင္ရေပမယ့္ အကာအကြယ္ေပးႏိုင္စြမ္း နဲ႔ အရည္အေသြးကေတာ့ အားလံုးနဲ႔တူတူပဲျဖစ္ပါတယ္။ ထူးျခားခ်က္က ယုံၾကည္စိတ္ခ်ရတဲ့အျပင္ လိင္ဆက္ဆံသူႏွစ္ဦးစလံုးအတြက္ ဘာအကာအကြယ္မွ မသံုးထားသလို အေကာင္းဆံုးထိေတြ႕ခံစားမႈကို ရရွိေစႏိုင္တာပဲျဖစ္ပါတယ္။ ဒါ့အျပင္ Sheerlon မွာ အနံ႔အသက္မရွိတာကလည္း အားသာခ်က္တစ္ခု ျဖစ္ပါတယ္။
 
Okamoto က ထုတ္လုပ္တဲ့ ကြန္ဒံုးအမ်ိဳးအစား အမ်ားႀကီးထဲမွာမွ Crown Skinless အမ်ိဳးအစားက ကမာၻတစ္၀ွမ္းလူႀကိဳက္မ်ားေက်ာ္ၾကားၿပီး အားလံုးရဲ႕နံပါတ္တစ္လို႔ ဆိုႏိုင္ပါတယ္။ ကမာၻ႕အေကာင္းဆံုး ကြန္ဒံုးအျဖစ္ (၁၀)ႏွစ္ဆက္တိုက္ သတ္မွတ္ျခင္းခံထားရတဲ့ အမ်ိဳးအစားလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးကင္းလံုျခံဳမႈအတြက္ ပူပန္ေနစရာမလိုပဲ ၿပီးျပည့္စံုတဲ့ ေက်နပ္မႈေတြ ရရွိေစႏိုင္ဖို႔ Okamoto က ကူညီေပးႏိုင္တဲ့အေၾကာင္း သံေခ်ာင္းေခါက္အသိေပးလိုက္ပါတယ္။
 
 
Unicode
================================================
 
သိထားသင့်တဲ့ ကွန်ဒုံးအမျိုးအစားများ
 
ဖွားဖက်တော်နဲ့ သင့်တော်တဲ့အရွယ်အစားကို ရွေးချယ်ပြီးရင်တော့ အမျိုးအစားတွေကို လေ့လာကြည့်သင့်ပါတယ်။
 
၁။ Thin and Ultra-Thin
လူအများစုက အပါးလွှာဆုံးကွန်ဒုံးအမျိုးအစားတွေကို သဘောကျတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးနှစ်ဖက်စလုံးအတွက် ဘာအကာအကွယ်မှမရှိသလို အထိအတွေ့ကို ခံစားရတာကြောင့် ဖြစ်ပါတယ်။
 
၂။ Climax Control
ဒီကွန်ဒုံးအမျိုးအစားကတော့ သင့်ဖွားဖက်တော်ရဲ့ထိပ်ပိုင်းကို အာရုံခံစားမှုလျော့နည်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ လိင်ဆက်ဆံချိန်ကြာမြင့်ပြီး သုက်လွှတ်ခြင်းကို ထိန်းသိမ်းနိုင်တဲ့ အမျိုးသားတွေအတွက် ဒီအမျိုးအစားက မသင့်တော်ပေမယ့် သုက်လွှတ်မြန်သူတွေအတွက်ကတော့ အကောင်းဆုံးဖြစ်ပါတယ်။
 
၃။ Ribbed, Pleasure Shaped and Her Pleasure
အပြင်ဖက်မှာ အဖုကလေးတွေ၊ လှိုင်းတွန့်တွေပါရှိတဲ့ ဒါမှမဟုတ် ထူးခြားတဲ့ပုံသဏ္ဍာန်ဖြစ်စေတဲ့ ကွန်ဒုံးတွေက အမျိုးသမီးကို ခံစားမှုကောင်းစေပြီး ကိစ္စပြီးစေဖို့အတွက် အထူးဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီအမျိုးအစားကို တချို့အမျိုးသမီးတွေက သဘောကျပေမယ့် အများစုကတော့ မကြိုက်တတ်ကြပါဘူး။
 
၄။ Lambskin
သိုးရေနဲ့ ပြုလုပ်ထားတဲ့ ဒီကွန်ဒုံးအမျိုးအစားကိုတော့ တစ်ခါသုံးဖူးသူတိုင်း တန်းတန်းစွဲ ဖြစ်သွားတတ်ကြပါတယ်။ ဒီအမျိုးအစားကို ရော်ဘာ၊ ပလတ်စတစ် စတာတွေအစား သိုးရေနဲ့ပြုလုပ်ထားပြီး အသားရောင်အတိုင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိတွေ့ခံစားမှုကောင်းပြီး အနံ့အသက်လည်းအဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက Lambskin ကွန်ဒုံးတွေက သန္ဓေတားဆီးရာမှာသာ ထိရောက်ပြီး ရောဂါတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါ့ကြောင့် ကလေးမယူချင်သေးတဲ့ အိမ်ထောင်သည်တွေအတွက် အဆင်ပြေဆုံးဖြစ်ပါတယ်။
 
၅။ Sparmcide
ဒီအမျိုးအစားကတော့ သန္ဓေမဖြစ်တည်နိုင်အောင် ဓာတုပစ္စည်းတစ်မျိုး ထပ်ပေါင်းထည့်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ထည့်သွင်းထားတဲ့ ဓာတုပစ္စည်းက တစ်နေ့ကိုတစ်ကြိမ်ထက်ပိုပြီး ထိတွေ့မယ်ဆိုရင် ယားယံတာ၊ ဓာတ်မတည့်တာမျိုးဖြစ်တတ်သလို HIV နဲ့ အခြားလိင်မှကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။
 
၆။ Latex-Free
တချို့လူတွေက ရော်ဘာနဲ့ဓာတ်မတည့်တာမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာ ပုံမှန်ရော်ဘာ အခြေပြု ထုတ်လုပ်ထားတဲ့ ကွန်ဒုံးတွေကို သုံးလို့အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် Sheerlon, polyisoprene နဲ့ polyurethane ကုန်ကြမ်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ Latex-Free ကွန်ဒုံးတွေကို အသုံးပြရမှာဖြစ်ပါတယ်။
 
ရွေးရခက်နေသူတွေအတွက် အကောင်းဆုံး ညွှန်းဆိုမှု
ဂျပန်နိုင်ငံထုတ် Okamoto အမှတ်တံဆိပ်ကွန်ဒုံးတွေက ပါးလွှာမှုရှိသလောက် လုံခြုံစိတ်ချရတဲ့အတွက် နာမည်ကြီးပဲဖြစ်ပါတယ်။ Okamoto ကုမ္ပဏီက ၁၉၃၄ ခုနှစ်ကတည်းကနေ ခုချိန်ထိ ကွန်ဒုံးတွေနဲ့ပတ်သက်ပြီး သုတေသနအမျိုးမျိုးလုပ်ဆောင်ကာ သဘာဝကျကျအထိအတွေ့ကို ခံစားနိုင်ရုံသာမက ကူးစက်ရောဂါတွေနဲ့ သန္ဓေတည်ခြင်းကို ကာကွယ်ပေးနိုင်မယ့် ကွန်ဒုံးတွေကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
 
Okamoto ဟာ Sheerlon လို့အမည်ရတဲ့ အထူးရာဘာအမျိုးအစားကို အသုံးပြုထားတဲ့အတွက် ပုံမှန်ကွန်ဒုံးတွေရဲ့ တဝက်မျှသာ အထူရှိပါတယ်။ ပါးလွှာလွန်းတယ်လို့ ထင်ရပေမယ့် အကာအကွယ်ပေးနိုင်စွမ်း နဲ့ အရည်အသွေးကတော့ အားလုံးနဲ့တူတူပဲဖြစ်ပါတယ်။ ထူးခြားချက်က ယုံကြည်စိတ်ချရတဲ့အပြင် လိင်ဆက်ဆံသူနှစ်ဦးစလုံးအတွက် ဘာအကာအကွယ်မှ မသုံးထားသလို အကောင်းဆုံးထိတွေ့ခံစားမှုကို ရရှိစေနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Sheerlon မှာ အနံ့အသက်မရှိတာကလည်း အားသာချက်တစ်ခု ဖြစ်ပါတယ်။
 
Okamoto က ထုတ်လုပ်တဲ့ ကွန်ဒုံးအမျိုးအစား အများကြီးထဲမှာမှ Crown Skinless အမျိုးအစားက ကမ္ဘာတစ်ဝှမ်းလူကြိုက်များကျော်ကြားပြီး အားလုံးရဲ့နံပါတ်တစ်လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကွန်ဒုံးအဖြစ် (၁၀)နှစ်ဆက်တိုက် သတ်မှတ်ခြင်းခံထားရတဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းလုံခြုံမှုအတွက် ပူပန်နေစရာမလိုပဲ ပြီးပြည့်စုံတဲ့ ကျေနပ်မှုတွေ ရရှိစေနိုင်ဖို့ Okamoto က ကူညီပေးနိုင်တဲ့အကြောင်း သံချောင်းခေါက်အသိပေးလိုက်ပါတယ်။
 
 

Post a Comment

Blogger Disqus

Comment ေပးရန္ ညာဘက္ေထာင့္မွ Blogger or Facebook or Disqus ကုိႏွိပ္ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...