၎။ ဖိအားမပေးပါနဲ့။
၉။ နှိပ်နယ်ပေးပါ။
၁၀။ ချိန်းဆိုတွေ့ဆုံပါ။
၁၃။ နားထောင်ပါ။
သင့်အတွက် ဘာမှအပန်းမကြီးတဲ့ လုပ်ရပ်လေးတွေက သင့်ချစ်သူမိန်းကလေးအတွက် တကယ်ကိုသဘောကျ ကျေနပ်စရာဖြစ်သွားတတ်တာကို သိပါသလား။ ဘာကြောင့်လဲဆိုရင် ဒီလို အသေးအမွှားကိစ္စလေးတွေက အစ သူမအတွက် ဂရုစိုက်တတ်တာကို ဖော်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အတူတူ အားလပ်ရပ် အပန်းဖြေခရီးတွေ၊ ထူးထူးခြားခြား စီစဉ်ထားတာတွေ မလိုပဲ သင့်ကောင်မလေးကို အလေးအနက်ထားကြောင်း ပေါ်လွင်စေမယ့် အချက်တွေကို စုစည်းထားပါတယ်။
၁။ သူမသူငယ်ချင်းတွေရဲ့ နာမည်တွေကို မှတ်မိနေပါစေ။
သူမ သူငယ်ချင်းတွေရဲ့ နာမည်ကို မှတ်မိနေတာက သင့်ကောင်မလေးပြောသမျှကို အပြည့်အဝ အာရုံစိုက်နေခဲ့တာကို ပေါ်လွင်စေပါတယ်။ ဥပမာ – ဆူဇီဆိုတဲ့ နာမည်ကို ထပ်ကာထပ်ကာ ပြောနေပြီဆိုရင် “သြော် ဟို မျက်ခုံးထင်းထင်းနဲ့ တစ်ယောက်မဟုတ်လား” ဆိုပြီး ဝင်ထောက်ပေးတာမျိုးဖြစ်ပါတယ်။
၂။ သန့်ရှင်းသပ်ရပ်မှုရှိပါစေ။
ဒီကိစ္စနဲ့ပတ်သက်လို့ ဖြစ်နိုင်ချေ(၃)ခုရှိပါတယ်။
(က) သင်နေတဲ့နေရာကို မကြာခဏသူမ လာလည်လေ့ရှိတယ်ဆိုရင် နေအိမ်၊ အခန်း စတာတွေကို သန့်ရှင်းသပ်ရပ်နေဖို့ လိုပါတယ်။
(ခ) နှစ်ယောက်အတူနေတယ်ဆိုရင်လည်း သန့်ရှင်းရေးလုပ်ပေးတဲ့အတွက် သင့်ကို အမှတ်တွေအများကြီး ပေးမှာသေချာပါတယ်။
(ဂ) သူမမှာ ကိုယ်ပိုင်နေရာတစ်ခုရှိပြီး သင်သွားလည်လေ့ရှိတယ်ဆိုရင်လည်း သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သင့်ကိုအချစ်ပိုလာမှာပါ။
၃။ သင်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
ယောင်္ကျားလေးတွေကို သူတို့ရဲ့ ခံစားချက်ကို အမှန်အတိုင်းဖွင့်ဟ မပြောတတ်ကြပါဘူး။ မိန်းကလေးတွေကလည်း သင့်စိတ်ကိုဖတ်နိုင်လိမ့်မယ်လို့ မထင်ပါနဲ့။ ဒါ့ကြောင့် သင့်အနေနဲ့ ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာမျိုးကို သင့်ချစ်သူက ပိုသဘောကျပါလိမ့်မယ်။
၄။ ဖိအားမပေးပါနဲ့။
ကိစ္စကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် အတင်းအကျပ်ဖိအားမပေးပါနဲ့။
၅။ အစားအသောက်ရွေးချယ်မှုကို မဝေဖန်ပါနဲ့။
“မင်း ဒါကို တကယ်စားမှာလား”၊ “နောက်တစ်မျိုး သောက်ချင်တာ သေချာလား” ဒီလိုတွေ သွားမေးလို့ကတော့ သေချာပါတယ်။ တကယ်မစားချင်ရင်တောင် လျှောက်မှာပါလိမ့်မယ်။
၆။ စာပြန်ဖို့ အချိန်အရမ်းမကြာပါစေနဲ့။
သူမဆီက မက်ဆေ့ဂျ်ကို ပြန်ဖို့ ဖုန်းတကိုင်ကိုင်ဖြစ်နေစရာမလိုပါဘူး။ ဒါပေမယ့် သင့်တော်တဲ့အချိန်တစ်ခုအတွင်းမှာ စာပြန်ပေးဖို့တော့ လိုပါတယ်။ ဒီလိုလုပ်ပေးတာက သင့်အနေနဲ့ အလုပ်များနေချိန်မှာတောင်မှ သူမကို အလေးထားတယ်ဆိုတဲ့သဘောသက်ရောက်ပါတယ်။
၇။ သူမကြည့်ချင်တဲ့ ရုပ်ရှင်၊ အစီအစဉ်ကို လိုက်ကြည့်ပါ။
ချစ်သူရည်းစားနှစ်ဦးကြားမှာ သင်စိတ်ဝင်စားတာကိုချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ သင့်ချစ်သူ သဘောကျတဲ့ ရုပ်ရှင်တွေ၊ အစီအစဉ်တွေကိုလည်း သင်မကြိုက်သည့်တိုင်အောင် လိုက်ပါကြည့်ရှုခံစားပေးတတ်ဖို့ လိုပါတယ်။ ဒီလိုလိုက်ကြည့်ပေးမယ်ဆိုရင် နောက်တစ်ကြိမ်မှာ သင်ကြိုက်တာကို သူမလိုက်ကြည့်ပေးပါလိမ့်မယ်။
၈။ ချက်တတ်ပြုတ်တတ်အောင် သင်ယူပါ။
အခုကနေစပြီး သူမကြိုက်တတ်တဲ့ အစားအစာ နှစ်မျိုးသုံးမျိုးလောက်ကို ချက်တတ်အောင် သင်ယူပါ။ အရမ်းကြီးခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်သလို မီးဖိုးထဲမှာ ဟင်းချက်နေတဲ့ သင့်ကို အချစ်တွေတိုးလာမှာ ကျိန်းသေပါတယ်။
၉။ နှိပ်နယ်ပေးပါ။
ချစ်သူမိန်းကလေးကို နှိပ်ပေးဖို့ကို ဘာကြောင့်များယောင်္ကျားလေးအများစုက တွန့်ဆုတ်နေကြတာလဲ။ ဒီလို နှိပ်ပေးတာက သူမကို သက်တောင့်သက်သာရှိစေသလို ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကြောင့် နှစ်ဦးသားအကြား ပိုမိုနီးစပ်မှုဖြစ်စေပါတယ်။
၁၀။ ချိန်းဆိုတွေ့ဆုံပါ။
ချစ်သူသက်တမ်း၊ အိမ်ထောင်သက်တမ်း ဘယ်လောက်ပဲ ကြာပြီဖြစ်ပါစေ၊ ချိန်းတွေ့တာကို မရပ်လိုက်ပါနဲ့။ ညစာအတူသွားစာတာ ဒါမှမဟုတ် ညဖက်လျှောက်လည်ကြတာ စသဖြင့် လုပ်ကြဖို့လိုပါတယ်။ သူကို ဝတ်ကောင်းစားလှဝတ်ပြီး အပြင်ထွက်ကြဖို့ အကြောင်းပြချက်တစ်ခုပေးပြီး ခေါ်သွားပါ။
၁၁။ ဘာပဲလုပ်လုပ် သူမအတွက်ပါ စဉ်းစားပါ။
သင် ကော်ဖီသောက်တာပဲဖြစ်ဖြစ်၊ ရေသွားသောက်တာပဲဖြစ်ဖြစ်၊ လက်ဗလာနဲ့ ပြန်မလာပါနဲ့။ သူမအတွက် မလိုအပ်သည့်တိုင်အောင် ဂရုစိုက်မှုကို အသိအမှတ်ပြုပါလိမ့်မယ်။
၁၂။ သူမအတွက် ကိုယ်ပိုင်အချိန်ပေးပါ။
ယောင်္ကျားလေးတွေ အမှားအများဆုံးကိစ္စက ချစ်သူမိန်းကလေးကို ကိုယ်ပိုင်လွတ်လပ်ခွင့်မပေးပဲ အရမ်းချုပ်ချယ်လွန်းတာပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကောင်မလေးက တစ်ယောက်တည်း အေးအေးဆေးဆေး စာအုပ်ဖတ်နေတာ၊ တီဗွီကြည့်နေတာဆိုရင် သူမရဲ့လွတ်လပ်ခွင့်ကို လေးစားပါ။ သွားမနှောက်ယှက်ပဲနေပါ။
၁၃။ နားထောင်ပါ။
ယောင်္ကျားလေးတွေက ပြဿနာကို ဦးဆောင်ဖြေရှင်းရသူတွေဖြစ်ပါတယ်။ ကိစ္စတစ်ခုခုကို ကြားသိလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက ပြဿနာအတွက် အဖြေတစ်ခုခုကို ချက်ချင်း ထုတ်ပြောတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်က သူမပြဿနာကို ပြောနေတာက သင့်ကိုဖြေရှင်းပေးစေချင်တာ မဟုတ်ပါဘူး။ ဂရုတစိုက်နားထောင်ပြီး သူမကို နားလည်စေချင်တာဖြစ်ပါတယ်။ သင့်ဆီက ကူညီဖြေရှင်းမှုမတောင်းသည့်တိုင်အောင် သူမကိုယ်တိုင်ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တာကို ကူညီပေးဖို့ လိုပါတယ်။
၁၄။ ရည်းစားဟောင်းအကြောင်း မပြောပါနဲ့။
အရင် ရည်းစားဟောင်းအကြောင်းကို ပြောနေတာက သင့်ရဲ့စိတ်ဓာတ်ကို ဖွင့်ပြနေတာပဲလို့ မိန်းကလေးတွေက နားလည်ထားကြပါတယ်။ တစ်နေ့နေ့မှာ လက်ရှိချစ်သူနဲ့ လမ်းခွဲကြရမယ်ဆိုရင်လည်း သူမအကြောင်းတွေကို ဒီလိုလျှောက်ပြောနေမှာပဲလို့ ထင်သွားပါလိမ့်မယ်။
၁၅။ သူမနဲ့အတူ ဈေးဝယ်ထွက်ပါ။
သူမက Shopping သွားချင်နေတယ်၊ သင်ကလည်း အားနေတယ်ဆိုရင် စဉ်းစားမနေပါနဲ့။ အတူလိုက်သွား ပေးလိုက်ပါ။ စိတ်ပါလက်ပါဖြစ်ဖို့တော့လိုပါတယ်။ ယောင်္ကျားလေးအများစုက မိန်းကလေးတွေ Shopping သွားတဲ့အခါ လိုက်မသွားချင်တတ်ကြပါဘူး။ တကယ်တော့ သူမနဲ့အတူသွားပြီး ဘယ်အဝတ်အစားက လှတယ်မလှဘူး အကြံဉာဏ်ပေးရွေးချယ်ပေးမယ်ဆိုရင် နောက်လည်း သင်မြင်ချင်တဲ့ပုံစံမြင်ရမှာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။