Ads (728x90)



ချစ်တင်းနှောခြင်းနဲ့ သက်ဆိုင်တဲ့အရေးကိစ္စတွေမှာဆိုရင် ကွန်ဒုံးတွေက မရှိမဖြစ်ရှိသင့်တဲ့ အရာတွေဖြစ်ပါတယ်။ ကွန်ဒုံးကို မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ရုံသာမက ထိရောက်တဲ့ သန္ဓေတားပစ္စည်းတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒီတော့ ကွန်ဒုံးတစ်ခုကို မှန်ကန်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

၁။ သေချာသိမ်းဆည်းပါ။
ကွန်ဒုံးတွေကို မှန်မှန်ကန်ကန်မသိမ်းဆည်းထားဘူးဆိုရင် အထိအခိုက်မခံပဲ ပေါက်ပြဲလွယ်သွားတတ်ပါတယ်။ အပူ ဒါမှမဟုတ် တိုက်ရိုက်နေအလင်းရောင်နဲ့ ထိတွေ့တဲ့ ကွန်ဒုံးတွေဟာ ပေါက်ပြဲနိုင်ချေပိုများပါတယ်။ ဒါ့အပြင် သင့်ရဲ့ဘောင်းဘီနောက်အိတ်ကပ်၊ ပိုက်ဆံအိတ်တွေထဲမှာ အကြာကြီးထည့်မထားပါနဲ့။ လိုအပ်လောက်မယ်ထင်တော့မှ ကောက်ထည့်သွားပါ။ ကွန်ဒုံးတွေကို အေးမြခြောက်သွေးပြီး တိုက်ရိုက်နေရောင်မထိနိုင်တဲ့နေရာမှာ ထားပါ။ အသုံးမပြုသေးခင်မှာ အထုတ်ကို မဖောက်ပါနဲ့။

၂။ ထုပ်ပိုးမှုကို စစ်ဆေးပါ။
ကွန်ဒုံးတွေကို မ၀ယ်ခင်မှာ ဘူးခွံ့ပေါ်မှာ ရိုက်နှိပ်ထားတဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပါ။ နောက်ဆုံး သုံးခါနီးအချိန်အထိ အထုပ်ငယ်ပေါ်က ရက်စွဲကိုထပ်စစ်ဆေးပါ။ ရက်လွန်နေမယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။ ရက်လွန်ကွန်ဒုံးတွေကို မသုံးပါတယ်။ အလွယ်တကူ ပေါက်ပြဲသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒုံးကို ထုတ်ပိုးထားတဲ့ အထုပ်ငယ်ပေါက်ပြဲနေရင်လည်း မသုံးပါနဲ့။ အသစ်ဝယ်ပါ။ နောက်တစ်ခုက ကွန်ဒုံးးက စေးကပ်နေမယ်၊ ကျွတ်ဆတ်ဆတ်ဖြစ်ပြီး အရောင်လွင့်နေရင်လည်း မသုံးပါနဲ့။

၃။ လိင်အင်္ဂါချင်း မထိတွေ့ခင်မှာကတည်းက ကွန်ဒုံးအသုံးပြုပါ။
အမျိုးသားတွေမှာ pre-cum လို့ ခေါ်တဲ့ အရည်တစ်မျိုးထွက်လေ့ရှိပါတယ်။ ဒီအရည်မှာ လိင်မှတဆင့်ကူးစက် ရောဂါပိုးတွေပါဝင်နိုင်သလို သုက်ကောင်တွေလည်း ပါလာနိုင်တဲ့အတွက် ကိုယ်ဝန်ရရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် လိင်အင်္ဂါချင်းမထိတွေ့ခင်မှာကတည်းက လုံခြုံဖို့ လိုပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံတာ၊ စအိုနဲ့ဆက်ဆံတာတွေ ကလည်း ကူးစက်ရောဂါတွေ ရရှိနိုင်တဲ့အတွက် ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။ အပြန်အလှန် လိင်အင်္ဂါကိုင်ပြီး စိတ်ဖြေပေးတဲ့အခါမှာလည်း ကွန်ဒုံးအသုံးပြုမယ်ဆိုရင် အရည်တွေကို ထိန်းသိမ်းထားနိုင်ပြီး လက်ကနေတဆင့် လိင်အင်္ဂါနဲ့ ပါးစပ်ဆီမရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လိင်ဖျော်ဖြေရေးပစ္စည်းတွေ သုံးရင်လည်း ကွန်ဒုံးကို အသုံးပြုတာက ဘက်တီးရီးယားတွေနဲ့ အခြားပိုးမွှားတွေ ကူးစက်ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၎။ ဖောက်ရလွယ်သည့်အစွန်းဖက်မှ အထုပ်ကိုဖောက်ပါ။
ကွန်ဒုံးထည့်သွင်းထားတဲ့ အထုပ်ငယ်ကို ဖောက်တော့မယ်ဆိုရင် သင်ဖောက်ဖြဲမယ့် အစွန်းနဲ့ ဆန့်ကျင်ဖက် ဝေးရာကို ကွန်ဒုံးကို ရွှေ့ထားပါ။ အထုပ်ငယ်ရဲ့ထိပ်ဖက်မှာ ဖောက်ရလွယ်အောင် အချွန်လေးတွေ လုပ်ထားပေးတာရှိပါတယ်။ ဒီနေရာကနေ အလွယ်တကူဖောက်နိုင်ပါတယ်။ ကတ်ကျေးနဲ့ ညှပ်တာ၊ သွားနဲ့ ကိုက်ဖြတ်တာ စတဲ့ ချွန်ထက်တဲ့ပစ္စည်းတွေသုံးပြီး မဖောက်ပါနဲ့။ အထဲက ကွန်ဒုံးကို ထိခိုက်မိပြီး ကာကွယ်မှုကို လျော့ကျစေပါတယ်။

၅။ ကွန်ဒုံး လိပ်ထားသည့်ဖက်ကို သေချာကြည့်ပါ။
ဒီကိစ္စက တစ်ခါတစ်လေမှာ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် အမှောင်ထဲမှာဆိုရင် ပိုဆိုးပါတယ်။ ကွန်ဒုံးလိပ်ထားသည့် ဖက်ကို မျက်လုံးနဲ့သေချာကြည့်ပြီး ဆုံးဖြတ်တာက အကောင်းဆုံးဖြစ်ပါတယ်။ အလိပ်ပြောင်းပြန်စွပ်ပြီးပြီး ဆွဲချတဲ့အခါမှာ လက်ချောင်းလေးတွေ ထိုးဖြဲသလို ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မှန်မှန်ကန်ကန် အလိပ်ဖြေတတ်ရမှာ ဖြစ်ပါတယ်။ ကွန်ဒုံးကို သင့်လက်မပေါ်မှာ ထားပါ။ အလိပ်ကို မဖြည်ပါနဲ့။ လက်ညိုးနဲ့ ဖြည်းဖြည်းချင်းဘေးဖက်ကို စမ်းကြည့်ပါ။ အနားသတ်အလိပ်ကွင်းကို စမ်းမိရင် မှန်ပါတယ်။ ဒီလိုမဟုတ်ပဲ ပြောင်ချောချောနဲ့အဆုံးသတ်သွားမယ်ဆိုရင် ပြောင်းပြန်ဖြစ်နေပါတယ်။ ကွန်ဒုံးက ပြောင်းပြန်အစထွက်နေမယ်ဆိုရင် ပါးစပ်နဲ့ လေမှုတ်ထည့်ပြီး ဘက်မှန်သွားအောင် ပြန်လုပ်ပြီးမှ အသုံးပြုပါ။

၆။ ကွန်ဒုံးထိပ်ပိုင်းရှိ အဖုလုံးလေးကို အနေအထားမှန်ကန်အောင် လုပ်ပါ။
ထိပ်ဖုလုံးလေးက အပြင်ဖက်ကို ဖောင်းကြွနေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ထုတ်ပိုးမှုနည်းစနစ်ကြောင့် အတွင်းထဲကို ၀င်နေတတ်ပါတယ်။ ဒါ့ကြောင့် ထိပ်ဖုလုံးလေးကို အနေထားမှန်အောင် ပြင်ပေးပါ။

၇။ ချောဆီသုံးပါ။
ကွန်ဒုံးထိပ်ဖုလုံးလေးထဲကို ရေဓာတ်အခြေခံ ချောဆီတစ်မျိုးမျိုးထည့်သုံးကြည်ပါ။ ဒီလိုဆိုရင် ကွန်ဒုံးဝတ်ဆင်ရတာ ပိုမိုလွယ်ကူစေပါတယ်။ ဒီထိပ်ဖုလုံးလေးဟာ ကိစ္စပြီးချိန်မှာ သုက်ရည်တွေကို ထိန်းထားဖို့ ဖြစ်တာကြောင့် ချောဆီတွေ အများကြီးမထည့်ထားမိဖို့ ဂရုစိုက်ပါ။ လိမ်းဆေးခရင်မ်တွေနဲ့ အခြားဆီတွေ သုတ်လိမ်းရင် ကွန်ဒုံးရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်တာကြောင့် မသုံးသင့်ပါဘူး။


ချစ်တင်းနှောခြင်းနဲ့ သက်ဆိုင်တဲ့အရေးကိစ္စတွေမှာဆိုရင် ကွန်ဒုံးတွေက မရှိမဖြစ်ရှိသင့်တဲ့ အရာတွေဖြစ်ပါတယ်။ ကွန်ဒုံးကို မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ရုံသာမက ထိရောက်တဲ့ သန္ဓေတားပစ္စည်းတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒီတော့ ကွန်ဒုံးတစ်ခုကို မှန်ကန်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

၈။ လိင်တံအပြည့်အ၀ထောင်မတ်နေဖို့ လိုပါတယ်။
ကွန်ဒုံးတစ်ခုဟာ လိင်တံနဲ့ ကွက်တိအံကိုက်ဖြစ်နေဖို့ လိုပါတယ်။ တင်းကျပ်နေတာနဲ့ လေခိုနေတာမျိုးတွေ မရှိသင့်ပါဘူး။ လိင်တံအပြည့်အ၀မထောင်မတ်ခင်မှာ ကွန်ဒုံးစွပ်မယ်ဆိုရင် ပေါက်ပြဲသွားနိုင်ချေပိုများပါတယ်။ ဒါ့အပြင် ကွန်ဒုံးတစ်ခုကို အိတ်ထဲကထုတ်လိုက်ပြီဆိုတာနဲ့ လိင်တံမှာ အမြန်ဆုံးစွပ်ပြီး အသုံးပြုသင့်ပါတယ်။ ဒါ့ကြောင့် အဆင်သင့်မဖြစ်သေးပဲ ကွန်ဒုံးကို ထုတ်မထားပါနဲ့။ သုံးပြီးသားကွန်ဒုံးကိုလည်း ပြန်မသုံးပါနဲ့။

၉။ ကွန်ဒုံးထိပ်ဖုလုံးလေးကို လက်နဲ့ညှစ်ထားပါ။
ကွန်ဒုံးတွေရဲ့ ထိပ်မှာရှိတဲ့ အိတ်ငယ်လိုဖုလုံးလေးကို လက်ညိုးလက်မနဲ့ ဖိညစ်ထားခြင်းအားဖြင့် ကွန်ဒုံးစွပ်ရာမှာ လေခိုနိုင်ချေကို လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကွန်ဒုံးပေါက်ပြဲမှုကို မဖြစ်စေနိုင်သလို သုက်လွှတ်ချိန်မှာ သုက်ရည်တွေကို ထိန်းထားဖို့ နေရာရစေပါတယ်။

၁၀။ ကွန်ဒုံးကို ဖြည်ချပါ။
ကွန်ဒုံးတစ်ခုဟာ လိင်တံတလျှောက်အလွယ်တကူ ဖြည်ချလို့ ရသင့်ပါတယ်။ တကယ်လို့ ပြောင်းပြန်ဖြစ်နေပြီး ဖြည်ချရခက်နေမယ်ဆိုရင် နောက်တစ်ခုကို ပြောင်းသုံးသင့်ပါတယ်။ ထောင်မတ်နေတဲ့ လိင်တံက Pre-cum အရည်ထွက်တတ်တာကြောင့် ကွန်ဒုံးစွပ်ရင်း စိုစွတ်သွားနိုင်ပါတယ်။ ဒီလိုစိုစွတ်သွားတဲ့ ကွန်ဒုံးကို ဘက်ပြောင်းပြီး ပြန်သုံးမယ်ဆိုရင် Pre-cum အရည်တွေက လိင်ဆက်ဆံဖက်ဆီကို ရောက်ရှိသွားပြီး ကူးစက်ရောဂါရနိုင်သလို ကိုယ်ဝန်ရှိတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ကွန်ဒုံးတစ်ခု စွပ်တော့မယ်ဆိုရင် –
– ထိပ်ဖုလုံးလေးကို လက်ဖြင့်ညှစ်ထားပြီး ထောင်မတ်နေသည့်လိင်တံထိပ်မှာ ထားရှိပါ။ နောက်လက်တစ်ဖက်ဖြင့် အမွှေးအမျှင်များကို ရှင်းလင်းထားပါ။ 
– ပြီးရင် ကွန်ဒုံးလိပ်ကို လိင်တံတလျှောက် ဖြည်းညှင်းစွာ ဖြည်ချပါ။ လေမခိုစေရန် ဂရုစိုက်ပါ။

၁၁။ လိုအပ်ရင် စွပ်ပြီးသားကွန်ဒုံးပေါ်မှာ ချောဆီသုံးပါ။
ချောဆီသုံးတာက ကွန်ဒုံးထိခိုက်ပေါက်ပြဲမှုကို ကာကွယ်ပေးရုံသာမက လိင်ဆက်ဆံနေစဉ် ပွတ်တိုက်မှုကြောင့် အနှောက်အယှက်မဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ တစ်ချို့ ချောဆီတွေမှာ သုက်ပိုးတွေကို ရှင်းလင်းနိုင်စွမ်းရှိတာကြောင့် ကိုယ်ဝန်မရအောင် အကာအကွယ်ပိုမိုပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ချောဆီကို အလွန်အကျွံမသုံးမိပါစေနဲ့။ ချောဆီများတဲ့အခါမှာ ကွန်ဒုံးကျွတ်ထွက်သွားနိုင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ကွန်ဒုံးအမျိုးအစားအလိုက် မှန်ကန်တဲ့ချောဆီကို သုံးပါ။ ဆီနဲ့ ရေနံအခြေပြု ချောဆီတွေက ရော်ဘာသားကွန်ဒုံးတွေမှာ မသုံးသင့်ပါဘူး။ ရေနဲ့ ဆီလီကွန်အခြေပြု ချောဆီတွေကိုပဲ သုံးသင့်ပါတယ်။

၁၂။ အသုံးပြုနေစဉ်အတွင်းမှာလည်း ကွန်ဒုံးကို စစ်ဆေးပါ။
အသုံးပြုနေစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲသွားမယ်ဆိုရင် အခြားတစ်ခုကို ချက်ချင်းလဲလှယ်အသုံးပြုရမှာ ဖြစ်သလို အခြားသန္ဓေတားဆေးတစ်ခုခု မှီဝဲဖို့ကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။

၁၃။ လိင်ဆက်ဆံမှု အမျိုးမျိုးအတွက် ကွန်ဒုံးတွေကို လဲလှယ်အသုံးပြုပါ။
ဥပမာ ပုံမှန်လိင်ဆက်ဆံနေရာကနေ စအိုနဲ့ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးအသစ်တစ်ခုကို ပြောင်းသုံးသင့်ပါတယ်။ လမ်းကြောင်းတစ်ခုက ပိုးမွှားတွေ အခြားလမ်းကြောင်းတစ်ခုကို မကူးစက်စေဖို့ ဖြစ်ပါတယ်။ တကယ်လို့ လိင်ဖျော်ဖြေရေးပစ္စည်းတစ်ခုတည်းကို ဝေမျှသုံးစွဲမယ်ဆိုရင်လည်း တစ်ယောက်ပြီးရင် ကွန်ဒုံးအသစ်တစ်ခု လဲပေးဖို့ လိုပါတယ်။

၁၄။ သုက်လွှတ်ပြီးတာနဲ့ချက်ချင်း လိင်တံကို ဆွဲထုတ်ပြီး ကွန်ဒုံးကို ချွတ်ပါ။
ကိစ္စပြီးလို့ သုက်လွှတ်ပြီဆိုတာနဲ့ ကွန်ဒုံးရဲ့အောက်ခြေကို လက်နဲ့ ဖိထားပြီး ဆွဲထုတ်လိုက်ပါ။ မိန်းမကိုယ်ထဲမှာ လိင်တံပျော့သွားတဲ့အထိ မထားပါနဲ့။ ဒီလိုထားမယ်ဆိုရင် ကွန်ဒုံးကျွတ်ကျန်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။

၁၅။ ကွန်ဒုံးကို စနစ်တကျ စွန့်ပစ်ပါ။
ကွန်ဒုံးရဲ့ ပွင့်နေတဲ့ဖက်ကို အရည်တွေ မယိုစိမ့်ရအောင် သေချာချည်နှောင်ပါ။ တစ်ရှုးစက္ကူတစ်ခုနဲ့ ထုပ်ပိုးပြီး အမှိုက်ပုံးထဲကို စွန့်ပစ်ပါ။ ရေဆွဲအိမ်သာထဲကို မစွန့်ပစ်ပါနဲ့။



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...