အောင်မြင်မှုအတွက် အသုံးဝင်သည့် စကားလုံးအသုံးအနှုန်း
စကားထဲက ဇာတိပြဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ သင်စကားပြောတဲ့ပုံစံက တစ်ဖက်သူက သင့်ကိုဘယ်လို ထင်မြင်ယူဆသလဲဆိုတာကိုသာမက သင့်ရဲ့အပြုအမှုအပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ စကားလုံးအသုံးအနှုန်းလေးပြောင်းလဲလိုက်ရုံနဲ့ သင့်ရည်မှန်းချက်တွေအောင်မြင်ဖို့ အများကြီးအထောက်အကူ ဖြစ်နိုင်ပါတယ်။
၁။ “ဒါပေမယ့်” အစား “ပြီးတော့”ကိုသုံးပါ။
“ရုပ်ရှင်သွားကြည့်ချင်တယ် ဒါပေမယ့် လုပ်စရာအလုပ်တွေလည်း ရှိသေးတယ်” ဆိုတာမျိုး ပြောတတ်ကြပါတယ်။ ဒီလိုပြောမယ့်အစား “ရုပ်ရှင်သွားကြည့်ချင်တယ် ပြီးတော့ အလုပ်တွေလည်း ရှိသေးတယ်” လို့ပြောပါ။ ကွဲပြားခြားနားချက်ကတော့ “ဒါပေမယ့်” ဆိုတဲ့စကားလုံးကို သုံးတဲ့အခါမှာ သင်ကိုယ်တိုင်အတွက် တကယ်မရှိတဲ့ရှုပ်ထွေးမှုတစ်ခုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်လည်း သွားကြည့်နိုင်သလို အလုပ်လည်းလုပ်နိုင်ချေရှိနေတဲ့အတွက် တစ်ခုခုကိုရွေးချယ်ဖို့ ဆုံးဖြတ်ရတတ်ပါတယ်။ “ပြီးတော့”ဆိုတဲ့စကားလုံးကို သုံးတဲ့အခါမှာတော့ သင့်ရဲ့ဦးနှောက်က ကိစ္စနှစ်ခုစလုံးကို ဆောင်ရွက်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆန်းစစ်ပါတယ်။
၂။ “လုပ်ရဦးမယ်”အစား “လုပ်ချင်တယ်”ကို သုံးပါ။
စိတ်ထဲမှာ သိပ်မလုပ်ချင်ပေမယ့် လုပ်ရဦးမယ်လို့ ထင်နေတဲ့အရာတွေကို လုပ်ချင်တယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြောကြည့်ပါ။ ဒီလိုပြောင်းလဲလေ့ကျင့်တာက သင်မလုပ်ချင်တဲ့အရာတစ်ခုကိုတောင်မှ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်စေတဲ့အထိ အကျိုးသက်ရောက်မှုရှိပါတယ်။
အခုဖော်ပြခဲ့တဲ့ နည်းလမ်းနှစ်ခုစလုံးက ပုံဖော်တွေးခေါ်ခြင်း (Design Thinking) ပေါ်မှာအခြေခံပြီး ပြဿနာကို ဖြေရှင်းတာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးချတတ်မယ်ဆိုရင် သင့်စိတ်က အလိုအလျောက်တွေးခေါ် ထင်မြင်ချက်တွေကို စိန်ခေါ်ပြီး အရေးကိစ္စမှန်သမျှကို အရှိအတိုင်းမြင်နိုင်လာမှာ ဖြစ်သလို အခက်အခဲတွေကိုလည်း အလွယ်တကူဖြေရှင်နိုင်လာမှာဖြစ်ပါတယ်။
Ref ; Gentleman Magazine
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။