Ads (728x90)



မိန္းကေလးတစ္ေယာက္ကို စတင္ခ်ဥ္းကပ္ရာမွာ ေယာကၤ်ားေလးေတြအေနနဲ႔ ဘာစကားေတြ စေျပာရမလဲဆိုတာကို အခက္ေတြ႕ၾကရသလို အျပန္အလွန္ေျပာဆိုေနရင္းနဲ႔ ဘာဆက္ေျပာရမွန္း မသိေတာ့တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒီအခ်က္နဲ႔ပတ္သက္ၿပီး ေျဖရွင္းနည္းက တကယ့္ကိုရိုးရွင္းပါတယ္။ သင့္ရဲ႕ခံယူခ်က္မွန္ကန္ေနဖို႔ပဲ လိုပါတယ္။ သေဘာက်ႏွစ္သက္တဲ့ မိန္းကေလးတစ္ေယာက္နဲ႔ ေတြ႕ဆံုစကားေျပာေနခ်ိန္မွာ သင္ဘာေတြေတြးေနလဲဆိုတာက အေရးႀကီးပါတယ္။

ေယာကၤ်ားေလးအမ်ားစုက သူတို႔ ဘာလုပ္တယ္၊ ဘာေတြ ပိုင္ဆိုင္တယ္၊ ဘယ္သူေတြနဲ႔ သိကၽြမ္းတယ္၊ စသျဖင့္ မိန္းကေလးတစ္ေယာက္အထင္ႀကီးသြားေစႏိုင္မယ့္အခ်က္ေတြကို ေျပာၿပီး ဆြဲေဆာင္ရမယ္လို႔ ယူဆထားတတ္ၾကပါတယ္။ တကယ္ေတာ့ ဒီနည္းလမ္းက အမွားတစ္ခုပဲျဖစ္ပါတယ္။ ကိုယ့္အေၾကာင္းေတြ ထုတ္ေဖာ္ေျပာၾကားျခင္းဟာ မိမိကိုယ္ကိုယုံၾကည္မႈကင္းမဲ့တဲ့ သေဘာသက္ေရာက္ပါတယ္။


တကယ္ဆြဲေဆာင္မႈရွိတဲ့ ေယာကၤ်ားေတြအေနနဲ႔ကေတာ့ သူတို႔ဘာလဲဆိုတာကို ထုတ္ေဖာ္ျပသေနစရာမလို ပါဘူး။ သူတို႔ရဲ႕ေနပံုထုိင္ပံုကိုက ခြန္အားရွိေနတာျဖစ္ပါတယ္။ အျခားသူေတြအထင္ႀကီးလာေအာင္ မႀကိဳးစားတာကိုက သူတို႔နဲ႔ စကားေျပာဖက္အတြက္ အထင္ႀကီးစရာျဖစ္ေနတတ္ပါတယ္။ သူတို႔ပတ္၀န္းက်င္က လူေတြအတြက္ပါ စိတ္၀င္စားစရာျဖစ္ေနၿပီး အမ်ားကအာ႐ုံစိုက္ခံရဖို႔ တကူးတကႀကိဳးစားေနစရာ မလိုသူေတြျဖစ္ပါတယ္။

မိန္းကေလးတစ္ေယာက္နဲ႔ စကားေျပာေနရင္း ဘာဆက္ေျပာရမွန္းမသိျဖစ္သြားၾကသူေတြက မိန္းကေလးသေဘာက်မယ္လို႔ ထင္တဲ့အေၾကာင္းအရာေတြကို ေျပာဖို႔ႀကိဳးစားေနတာေၾကာင့္ျဖစ္ပါတယ္။ တကယ္လို႔ ပံုမွန္သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ေျပာေနတာဆိုရင္ေတာ့ ေျပာစရာေတြက မကုန္ႏိုင္ေအာင္ပါပဲ။ ဒါ့ေၾကာင့္ ပံုမွန္အတိုင္းပဲ သဘာ၀က်က်၊ အပူအပင္ကင္းကင္းေျပာဆိုတတ္ဖို႔ လိုပါတယ္။ သင့္ကို မိန္းကေလးက သေဘာက်လာေစဖို႔ စိတ္ထဲမွာထားၿပီး ေျပာဆိုဆက္ဆ့ေနမယ္ဆိုရင္ေတာ့ အဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။ တဖက္သားကို အထင္ႀကီးသြားေစခ်င္တဲ့ ခံယူခ်က္ကို ရွင္းလင္းၿပီး ေျပာဆိုႏိုင္မယ္ဆိုရင္ အမ်ားႀကီးလြယ္ကူသြားပါလိမ့္မယ္။

သေဘာက်ႏွစ္သက္တဲ့မိန္းကေလးနဲ႔ စကားေတြ စဥ္ဆက္မျပတ္ေျပာေနႏိုင္ဖို႔ ေနာက္ထပ္အေကာင္းဆံုး နည္းလမ္းက သူမအေပၚမွာ အာ႐ုံစိုက္ထားဖို႔ပဲ ျဖစ္ပါတယ္။ လူတိုင္းက သူတို႔အေၾကာင္းကို ေျပာခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ မိန္းကေလးရဲ႕အေၾကာင္းကိစၥေတြေပၚမွာ အေလးထားေျပာဆိုေနမယ္ဆိုရင္ သင္ဟာ သူမအတြက္ ကမာၻေပၚမွာစိတ္၀င္စားစရာအေကာင္းဆံုးလူသားျဖစ္လာမွာပါ။ ဒါ့အျပင္ သူမနဲ႔ ပတ္သက္ၿပီးတဲ့ ေခါင္းစဥ္ေတြ၊ အေၾကာင္းအရာေတြျဖစ္တာေၾကာင့္ သူမအေၾကာင္းကိုလည္း ပိုၿပီးေလ့လာသိရွိႏိုင္မွာ ျဖစ္ပါတယ္။

ေျပာဆိုဆက္ဆံရာမွာ သိထားသင့္တဲ့ အမွန္တရား
တစ္စံုတစ္ေယာက္က အခန္းထဲကို၀င္လာၿပီး သင့္ဆီကိုလာေနတယ္လို႔ စိတ္ကူးၾကည့္လိုက္ပါ။ ကုပ္ေခ်ာင္းေခ်ာင္းပုံစံျဖစ္ေနၿပီး ေခါင္းကိုလည္း ငံု႕ထားမယ္၊ ေအာက္ကိုပဲၾကည့္ေနမယ္။ ဒါတင္မကေသးဘူး။ သူ႕ရဲ႕လက္ေတြကိုလည္း ေဘာင္းဘီအိတ္ထဲထည့္ထားမယ္။ သင့္ေရွ႕မွာ ရပ္တဲ့အခါမွာလည္း မ်က္ႏွာခ်င္းဆိုင္ တည့္တည့္မရပ္ပဲ ခပ္ေစာင္းေစာင္းအေနအထားနဲ႔ ရပ္ေနမယ္။ မ်က္လံုးခ်င္းဆံုေအာင္လည္း မၾကည့္သလို ေလသံခပ္တိုးတိုးနဲ႔ စိတ္အားတက္ၾကြမႈမရွိသလို စကားေျပာမယ္ဆိုရင္ စိတ္ဓာတ္က်ေနသူတစ္ေယာက္လို႔ ထင္မိမွာ ေသခ်ာပါတယ္။

  သူဘာေျပာမလဲဆိုတာ ေသခ်ာမသိရေသးေပမယ့္ ဒီလိုအေနအထားမ်ိဳးနဲ႔ ဆိုရင္ စိတ္ဆင္းရဲစရာတစ္ခုခုကို ေျပာေတာ့မယ္လို႔ ႀကိဳေတြးထားမိမွာပါ။ ဒါေပမယ့္ သူေျပာတဲ့အေၾကာင္းအရာက အလုပ္မွာ ရာထူးလစာတိုးေပးခံရၿပီး အထင္ကရေနရာတစ္ခုခုကို အပန္းေျဖခရီးသြားခြင့္ရတဲ့အေၾကာင္း ျဖစ္ေနမယ္ဆိုရင္ သူ႔ရဲ႕ခႏၶာေဗဒအမူအယာအရ သူေျပာတဲ့စကားကို ယုံၾကည္ႏိုင္ပါ့မလား။ သူတကယ္ေျပာေနတာေရာ ဟုတ္ရဲ႕လားလို႔ အားလံုးက သံသယျဖစ္မွာ ေသခ်ာပါတယ္။

ဒီလိုပါပဲ။ မိန္းကေလးတစ္ေယာက္နဲ႔ စကားေျပာတဲ့ေနရာမွာ သိသိသာသာမ်က္လံုးခ်င္းဆံုေအာင္ၾကည့္ဖို႔၊ မားမားမတ္မတ္ရပ္ဖို႔၊ ေနရာယူတတ္ဖို႔နဲ႔ ေလယူေလသိမ္းမွန္ကန္ေနဖို႔ေတြက အေရးႀကီးပါတယ္။ ခႏၶာကိုယ္ အေနအထားမမွန္ကန္ဘူးဆိုရင္ သင္ေျပာတဲ့အေၾကာင္းအရာ၊ သင္ေမးတဲ့ေမးခြန္းေတြက သူမအတြက္ စိတ္ပါ၀င္စားစရာရွိမွာမဟုတ္ပါဘူး။

ႏွင္းလံုး နည္းဗ်ဴဟာ
စကားေတြ အဆက္မျပတ္ေျပာေနေစႏိုင္မယ့္ နည္းလမ္းတစ္ခု ရွိပါေသးတယ္။ ဒီနည္းလမ္းက အရမ္းကို ရိုးရွင္းပါတယ္။ သင္နဲ႔စကားေျပာေနတဲ့ မိန္းကေလးအေၾကာင္းကို အာ႐ုံစိုက္ထားဖို႔ပဲ ျဖစ္ပါတယ္။ ဒီနည္းလမ္းကို အသံုးျပဳျခင္းအားျဖင့္ အခ်ိန္တိုအတြင္းမွာ သူမအောကာင္းေတြကို အမ်ားႀကီးသိႏိုင္မွာ ျဖစ္သလို သင့္အေၾကာင္းကို သိပ္အမ်ားႀကီးမေျပာတဲ့အတြက္ သူမအတြက္ စိတ္၀င္စားစရာျဖစ္ေနမွာပါ။ တျဖည္းျဖည္းနဲ႔ သင္ဘယ္လိုလူလဲဆိုတာကို သိခ်င္စိတ္ေတြမ်ားလာမွာ ေသခ်ာပါတယ္။

ဒီနည္းလမ္းကေတာ့ လြယ္ပါတယ္။ သူမကို ေမးခြန္းတစ္ခုေမးၿပီးတိုင္းမွာ ေနာက္ထပ္အေၾကာင္းအရာတစ္ခု ထပ္ေပါင္းၿပီး ေမးခြန္းထပ္ေမးသြားဖို႔ပဲ ျဖစ္ပါတယ္။ ဥပမာဆိုၾကပါစို႔။ မင္းၾကည့္ရတာ သြားေဆးခန္း ဒါမွမဟုတ္ ေဆး႐ုံတစ္ခုခုမွာ အလုပ္လုပ္တာနဲ႔တူတယ္။ စသျဖင့္ တိုက္႐ိုက္မဟုတ္တဲ့ ခန္႔မွန္းေမးခြန္းတစ္ခုနဲ႔ ေမးပါ။ သူမကေတာ့ ေဆး႐ုံတစ္ခုမွာ သူနာျပဳလုပ္ေၾကာင္း ႐ိုးရွင္းတဲ့အေျဖကိုပဲ ျပန္ေပးႏိုင္ပါတယ္။ ဒီလို ျပန္ေျဖလာတဲ့ အခါက်မွ သူမရဲ႕အေျဖေပၚမွာ သင့္ကိုယ္ပိုင္စကားလံုးေတြ၊ အေတြ႕အၾကံဳေတြ၊ ထင္ျမင္ယူဆခ်က္ေတြ ထပ္ေပါင္းထည့္ၿပီး ေနာက္ထပ္ေမးခြန္းတစ္ခု ထပ္ေမးပါ။ေဆး႐ုံမွာ လုပ္ရတာ တကယ္ပင္ပန္းတယ္လို႔ ကၽြန္ေတာ္ၾကားဖူးတယ္။ သူနာျပဳေတြဆိုရင္လည္း အခ်ိန္ေတြအမ်ားႀကီးလုပ္ရၿပီး လူေပါင္းစံုနဲ႔ ဆက္ဆံရတာ ခက္မွာပဲ။ ဘာေၾကာင့္မ်ား မင္း ဒီအလုပ္ကို ေရြးျဖစ္သြားတာလဲစသျဖင့္ ေမးသြားႏိုင္ပါတယ္။

သူမ ျပန္ေျဖတဲ့အခါမွာ ပထမတုန္းကလို႔ တိုတိုရွင္းရွင္းမဟုတ္ေတာ့ပဲ ေနာက္ထပ္အေၾကာင္းအရာေတြ ပါလာႏိုင္ပါတယ္။ ဒီအေၾကာင္းအရာေတြေပၚမွာ အေျခခံၿပီး ေနာက္ထပ္ေမးခြန္းေတြကို တည္ေဆက္သြားပါ။ ဒီလိုေျပာဆိုေမးျမန္းတတ္မယ္ဆိုရင္ စလိမ့္ရာကေန တျဖည္းျဖည္းႀကီးလာတတ္တဲ့ ႏွင္းလံုးလိုပဲ စကားေျပာဆိုမႈက တစ္ျဖည္းျဖည္းနဲ႔ ျမိဳင္ဆိုင္လာပါလိမ့္မယ္။ သင့္ရဲ႕အေတြ႕အၾကံဳေတြ၊ ထင္ျမင္ခ်က္ေတြ မထည့္ပဲနဲ႔ ေမးခြန္းေတြ သြားေမးမိရင္ေတာ့ အင္တာဗ်ဴးလုပ္ေနတာနဲ႔ တူသြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ သူမရဲ႕ အေျဖေတြေပၚမွာ အေၾကာင္းအရာသစ္ေတြထပ္ေပါင္းထည့္ၿပီး ဇာတ္လမ္းတစ္ခုလို႔ ျဖစ္သြားေအာင္ ဖန္တီးပါ။
အႏွစ္ခ်ဳပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့
စကားေျပာတဲ့ ကိုယ္ဟန္အမူအယာကို ဂ႐ုစိုက္ပါ။ သင္ေျပာတဲ့ပံုစံက သင္ေျပာတဲ့အေၾကာင္းအရာကို ပိုစိတ္၀င္စားသြားေစႏိုင္ပါတယ္။
မိန္းကေလးအထင္ႀကီးသြားေအာင္လုပ္ဖို႔ မႀကိဳးစားပါနဲ႔။ သင္နဲ႔ စကားေျပာတဲ့သူ ဘယ္သူ႔ကိုမွာ သင့္ကိုအထင္ႀကီးေအာင္ မလုပ္ပါနဲ႔။ ပင္ကိုယ္ပံုစံအတိုင္းပဲ ယုံၾကည္မႈရွိရွိနဲ႔ ေျပာဆိုဆက္ဆံပါ။ ဒီလိုမဟုတ္ရင္ေတာ့ စကားဆက္ဖို႔ စိတ္ကူးေတြနဲ႔ အေၾကာင္းအရာေတြ ေပ်ာက္ဆံုးသြားပါလိမ့္မယ္။
ႏွင္းလံုးနည္းဗ်ဴဟာကို အသံုးျပဳပါ။ သူမေျပာတဲ့အေၾကာင္းအရာကို ကိုယ္ပိုင္အေတြ႕အၾကံဳေတြ ထပ္ေပါင္းထည့္ၿပီး ျပန္ေမးပါ။ ျပန္ေျပာပါ။


Unicode

မိန်းကလေးတစ်ယောက်နဲ့ စကားဖောင်ဖွဲ့နေနိုင်ဖို့
မိန်းကလေးတစ်ယောက်ကို စတင်ချဉ်းကပ်ရာမှာ ယောင်္ကျားလေးတွေအနေနဲ့ ဘာစကားတွေ စပြောရမလဲဆိုတာကို အခက်တွေ့ကြရသလို အပြန်အလှန်ပြောဆိုနေရင်းနဲ့ ဘာဆက်ပြောရမှန်း မသိတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဖြေရှင်းနည်းက တကယ့်ကိုရိုးရှင်းပါတယ်။ သင့်ရဲ့ခံယူချက်မှန်ကန်နေဖို့ပဲ လိုပါတယ်။ သဘောကျနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံစကားပြောနေချိန်မှာ သင်ဘာတွေတွေးနေလဲဆိုတာက အရေးကြီးပါတယ်။
ယောင်္ကျားလေးအများစုက သူတို့ ဘာလုပ်တယ်၊ ဘာတွေ ပိုင်ဆိုင်တယ်၊ ဘယ်သူတွေနဲ့ သိကျွမ်းတယ်၊ စသဖြင့် မိန်းကလေးတစ်ယောက်အထင်ကြီးသွားစေနိုင်မယ့်အချက်တွေကို ပြောပြီး ဆွဲဆောင်ရမယ်လို့ ယူဆထားတတ်ကြပါတယ်။ တကယ်တော့ ဒီနည်းလမ်းက အမှားတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်အကြောင်းတွေ ထုတ်ဖော်ပြောကြားခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့တဲ့ သဘောသက်ရောက်ပါတယ်။
တကယ်ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတွေအနေနဲ့ကတော့ သူတို့ဘာလဲဆိုတာကို ထုတ်ဖော်ပြသနေစရာမလို ပါဘူး။ သူတို့ရဲ့နေပုံထိုင်ပုံကိုက ခွန်အားရှိနေတာဖြစ်ပါတယ်။ အခြားသူတွေအထင်ကြီးလာအောင် မကြိုးစားတာကိုက သူတို့နဲ့ စကားပြောဖက်အတွက် အထင်ကြီးစရာဖြစ်နေတတ်ပါတယ်။ သူတို့ပတ်ဝန်းကျင်က လူတွေအတွက်ပါ စိတ်ဝင်စားစရာဖြစ်နေပြီး အများကအာရုံစိုက်ခံရဖို့ တကူးတကကြိုးစားနေစရာ မလိုသူတွေဖြစ်ပါတယ်။
မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေရင်း ဘာဆက်ပြောရမှန်းမသိဖြစ်သွားကြသူတွေက မိန်းကလေးသဘောကျမယ်လို့ ထင်တဲ့အကြောင်းအရာတွေကို ပြောဖို့ကြိုးစားနေတာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြောနေတာဆိုရင်တော့ ပြောစရာတွေက မကုန်နိုင်အောင်ပါပဲ။ ဒါ့ကြောင့် ပုံမှန်အတိုင်းပဲ သဘာဝကျကျ၊ အပူအပင်ကင်းကင်းပြောဆိုတတ်ဖို့ လိုပါတယ်။ သင့်ကို မိန်းကလေးက သဘောကျလာစေဖို့ စိတ်ထဲမှာထားပြီး ပြောဆိုဆက်ဆ့နေမယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ တဖက်သားကို အထင်ကြီးသွားစေချင်တဲ့ ခံယူချက်ကို ရှင်းလင်းပြီး ပြောဆိုနိုင်မယ်ဆိုရင် အများကြီးလွယ်ကူသွားပါလိမ့်မယ်။
သဘောကျနှစ်သက်တဲ့မိန်းကလေးနဲ့ စကားတွေ စဉ်ဆက်မပြတ်ပြောနေနိုင်ဖို့ နောက်ထပ်အကောင်းဆုံး နည်းလမ်းက သူမအပေါ်မှာ အာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ လူတိုင်းက သူတို့အကြောင်းကို ပြောချင်ကြပါတယ်။ ဒါ့ကြောင့် မိန်းကလေးရဲ့အကြောင်းကိစ္စတွေပေါ်မှာ အလေးထားပြောဆိုနေမယ်ဆိုရင် သင်ဟာ သူမအတွက် ကမ္ဘာပေါ်မှာစိတ်ဝင်စားစရာအကောင်းဆုံးလူသားဖြစ်လာမှာပါ။ ဒါ့အပြင် သူမနဲ့ ပတ်သက်ပြီးတဲ့ ခေါင်းစဉ်တွေ၊ အကြောင်းအရာတွေဖြစ်တာကြောင့် သူမအကြောင်းကိုလည်း ပိုပြီးလေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။
ပြောဆိုဆက်ဆံရာမှာ သိထားသင့်တဲ့ အမှန်တရား
တစ်စုံတစ်ယောက်က အခန်းထဲကိုဝင်လာပြီး သင့်ဆီကိုလာနေတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ ကုပ်ချောင်းချောင်းပုံစံဖြစ်နေပြီး ခေါင်းကိုလည်း ငုံ့ထားမယ်၊ အောက်ကိုပဲကြည့်နေမယ်။ ဒါတင်မကသေးဘူး။ သူ့ရဲ့လက်တွေကိုလည်း ဘောင်းဘီအိတ်ထဲထည့်ထားမယ်။ သင့်ရှေ့မှာ ရပ်တဲ့အခါမှာလည်း မျက်နှာချင်းဆိုင် တည့်တည့်မရပ်ပဲ ခပ်စောင်းစောင်းအနေအထားနဲ့ ရပ်နေမယ်။ မျက်လုံးချင်းဆုံအောင်လည်း မကြည့်သလို လေသံခပ်တိုးတိုးနဲ့ စိတ်အားတက်ကြွမှုမရှိသလို စကားပြောမယ်ဆိုရင် စိတ်ဓာတ်ကျနေသူတစ်ယောက်လို့ ထင်မိမှာ သေချာပါတယ်။ သူဘာပြောမလဲဆိုတာ သေချာမသိရသေးပေမယ့် ဒီလိုအနေအထားမျိုးနဲ့ ဆိုရင် စိတ်ဆင်းရဲစရာတစ်ခုခုကို ပြောတော့မယ်လို့ ကြိုတွေးထားမိမှာပါ။ ဒါပေမယ့် သူပြောတဲ့အကြောင်းအရာက အလုပ်မှာ ရာထူးလစာတိုးပေးခံရပြီး အထင်ကရနေရာတစ်ခုခုကို အပန်းဖြေခရီးသွားခွင့်ရတဲ့အကြောင်း ဖြစ်နေမယ်ဆိုရင် သူ့ရဲ့ခန္ဓာဗေဒအမူအယာအရ သူပြောတဲ့စကားကို ယုံကြည်နိုင်ပါ့မလား။ သူတကယ်ပြောနေတာရော ဟုတ်ရဲ့လားလို့ အားလုံးက သံသယဖြစ်မှာ သေချာပါတယ်။
ဒီလိုပါပဲ။ မိန်းကလေးတစ်ယောက်နဲ့ စကားပြောတဲ့နေရာမှာ သိသိသာသာမျက်လုံးချင်းဆုံအောင်ကြည့်ဖို့၊ မားမားမတ်မတ်ရပ်ဖို့၊ နေရာယူတတ်ဖို့နဲ့ လေယူလေသိမ်းမှန်ကန်နေဖို့တွေက အရေးကြီးပါတယ်။ ခန္ဓာကိုယ် အနေအထားမမှန်ကန်ဘူးဆိုရင် သင်ပြောတဲ့အကြောင်းအရာ၊ သင်မေးတဲ့မေးခွန်းတွေက သူမအတွက် စိတ်ပါဝင်စားစရာရှိမှာမဟုတ်ပါဘူး။
နှင်းလုံး နည်းဗျူဟာ
စကားတွေ အဆက်မပြတ်ပြောနေစေနိုင်မယ့် နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဒီနည်းလမ်းက အရမ်းကို ရိုးရှင်းပါတယ်။ သင်နဲ့စကားပြောနေတဲ့ မိန်းကလေးအကြောင်းကို အာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် အချိန်တိုအတွင်းမှာ သူမအောကာင်းတွေကို အများကြီးသိနိုင်မှာ ဖြစ်သလို သင့်အကြောင်းကို သိပ်အများကြီးမပြောတဲ့အတွက် သူမအတွက် စိတ်ဝင်စားစရာဖြစ်နေမှာပါ။ တဖြည်းဖြည်းနဲ့ သင်ဘယ်လိုလူလဲဆိုတာကို သိချင်စိတ်တွေများလာမှာ သေချာပါတယ်။
ဒီနည်းလမ်းကတော့ လွယ်ပါတယ်။ သူမကို မေးခွန်းတစ်ခုမေးပြီးတိုင်းမှာ နောက်ထပ်အကြောင်းအရာတစ်ခု ထပ်ပေါင်းပြီး မေးခွန်းထပ်မေးသွားဖို့ပဲ ဖြစ်ပါတယ်။ ဥပမာဆိုကြပါစို့။ မင်းကြည့်ရတာ သွားဆေးခန်း ဒါမှမဟုတ် ဆေးရုံတစ်ခုခုမှာ အလုပ်လုပ်တာနဲ့တူတယ်။ စသဖြင့် တိုက်ရိုက်မဟုတ်တဲ့ ခန့်မှန်းမေးခွန်းတစ်ခုနဲ့ မေးပါ။ သူမကတော့ ဆေးရုံတစ်ခုမှာ သူနာပြုလုပ်ကြောင်း ရိုးရှင်းတဲ့အဖြေကိုပဲ ပြန်ပေးနိုင်ပါတယ်။ ဒီလို ပြန်ဖြေလာတဲ့ အခါကျမှ သူမရဲ့အဖြေပေါ်မှာ သင့်ကိုယ်ပိုင်စကားလုံးတွေ၊ အတွေ့အကြုံတွေ၊ ထင်မြင်ယူဆချက်တွေ ထပ်ပေါင်းထည့်ပြီး နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပါ။ “ ဆေးရုံမှာ လုပ်ရတာ တကယ်ပင်ပန်းတယ်လို့ ကျွန်တော်ကြားဖူးတယ်။ သူနာပြုတွေဆိုရင်လည်း အချိန်တွေအများကြီးလုပ်ရပြီး လူပေါင်းစုံနဲ့ ဆက်ဆံရတာ ခက်မှာပဲ။ ဘာကြောင့်များ မင်း ဒီအလုပ်ကို ရွေးဖြစ်သွားတာလဲ” စသဖြင့် မေးသွားနိုင်ပါတယ်။
သူမ ပြန်ဖြေတဲ့အခါမှာ ပထမတုန်းကလို့ တိုတိုရှင်းရှင်းမဟုတ်တော့ပဲ နောက်ထပ်အကြောင်းအရာတွေ ပါလာနိုင်ပါတယ်။ ဒီအကြောင်းအရာတွေပေါ်မှာ အခြေခံပြီး နောက်ထပ်မေးခွန်းတွေကို တည်ဆေက်သွားပါ။ ဒီလိုပြောဆိုမေးမြန်းတတ်မယ်ဆိုရင် စလိမ့်ရာကနေ တဖြည်းဖြည်းကြီးလာတတ်တဲ့ နှင်းလုံးလိုပဲ စကားပြောဆိုမှုက တစ်ဖြည်းဖြည်းနဲ့ မြိုင်ဆိုင်လာပါလိမ့်မယ်။ သင့်ရဲ့အတွေ့အကြုံတွေ၊ ထင်မြင်ချက်တွေ မထည့်ပဲနဲ့ မေးခွန်းတွေ သွားမေးမိရင်တော့ အင်တာဗျူးလုပ်နေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါ့ကြောင့် သူမရဲ့ အဖြေတွေပေါ်မှာ အကြောင်းအရာသစ်တွေထပ်ပေါင်းထည့်ပြီး ဇာတ်လမ်းတစ်ခုလို့ ဖြစ်သွားအောင် ဖန်တီးပါ။
အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ –
– စကားပြောတဲ့ ကိုယ်ဟန်အမူအယာကို ဂရုစိုက်ပါ။ သင်ပြောတဲ့ပုံစံက သင်ပြောတဲ့အကြောင်းအရာကို ပိုစိတ်ဝင်စားသွားစေနိုင်ပါတယ်။
– မိန်းကလေးအထင်ကြီးသွားအောင်လုပ်ဖို့ မကြိုးစားပါနဲ့။ သင်နဲ့ စကားပြောတဲ့သူ ဘယ်သူ့ကိုမှာ သင့်ကိုအထင်ကြီးအောင် မလုပ်ပါနဲ့။ ပင်ကိုယ်ပုံစံအတိုင်းပဲ ယုံကြည်မှုရှိရှိနဲ့ ပြောဆိုဆက်ဆံပါ။ ဒီလိုမဟုတ်ရင်တော့ စကားဆက်ဖို့ စိတ်ကူးတွေနဲ့ အကြောင်းအရာတွေ ပျောက်ဆုံးသွားပါလိမ့်မယ်။
– နှင်းလုံးနည်းဗျူဟာကို အသုံးပြုပါ။ သူမပြောတဲ့အကြောင်းအရာကို ကိုယ်ပိုင်အတွေ့အကြုံတွေ ထပ်ပေါင်းထည့်ပြီး ပြန်မေးပါ။ ပြန်ပြောပါ။

 Ref ; Gentleman Magazine

Post a Comment

Blogger Disqus

Comment ေပးရန္ ညာဘက္ေထာင့္မွ Blogger or Facebook or Disqus ကုိႏွိပ္ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...