Ads (728x90)



ေယာက်္ားေတြဟာ ေကာင္မေလးတစ္ေယာက္ကို မရခင္ကေတာ့ အေသအလဲ ပိုးပန္းၾကပါတယ္။ ရၿပီးသြားေတာ့ အရမ္း အေရးမလုပ္ေတာ့ပါဘူး။ ေကာင္းမြန္ေပ်ာ္ရႊင္ရတဲ့ မိသားစုဘဝတစ္ခုကိုုရဖို႔လ်ိဳ႕ဝွက္ခ်က္ကေတာ့ သူမကို ဂ႐ုစိုက္တဲ့ အျပဳအမူ အေသးစားေလးေတြပါပဲ။ အဲဒိလိုမ်ိဳး အျပဳအမူ အေသးစားေလး ဆယ္ခ်က္ကို ေဖာ္ျပထားပါတယ္။ ၾကဳိးစားၿပီးလုပ္ၾကည့္ပါ။ သင့္မိသားစုဘဝနဲ႔ သင့္ဇနီးေပ်ာ္ရႊင္ဖို႔ သင္အားထုတ္မွ ရမွာပါ။

၁. ကာမဆက္ဆံပါ
ဒါကို ထည့္ေျပာစရာမလိုဘူး မထင္ပါနဲ႔။ လက္ထပ္ၿပီးတာ ၾကာတဲ့ စံုတြဲေတြဟာ လိင္ကိစၥကို စိတ္ဝင္စားမႈ ေလ်ာ့နည္းလာတတ္ပါတယ္။ ေန႔စဥ္ဘဝ အလုပ္ပင္ပန္းမႈ စိတ္ဖိစီးမႈၾကားမွာ လိင္ကိစၥဟာ ေအာက္ဆံုးကို ေရာက္သြားတတ္ပါတယ္။ အဲဒါဟာ မွားပါတယ္။ လိင္ကိစၥဟာ အိမ္ေထာင္ေရးကို အျမဲ သစ္လြင္ ႏုပ်ိဳေနဖို႔ ကူညီေပးပါတယ္။

၂. သင့္ကေလးေတြကို လ်စ္လ်ဴ႐ႈထားပါ ( မိနစ္အနည္းငယ္ပါ)
သူမကို တစ္ေန႔ကို သင့္အခ်ိန္ ၁၅ မိနစ္ေလာက္ တျခား တီဗြီေတြ၊ ဖုန္းေတြ၊ ကေလးေတြ၊ အလုပ္ကိစၥေတြ မပါပဲ သူမကိုပဲ လံုးဝ သီးသန္႔ အခ်ိန္ေပးထားပါ။ သူမကို ဒီေန႔ အဆင္ေျပလား၊ ဘာေတြ ျဖစ္ခဲ့ေသးလဲ။ ေမးေပးပါ။ အဲဒါဟာ သူမကို သင္ ဂ႐ုစိုက္ေၾကာင္း ျပရာေရာက္ပါတယ္။

၃. သူမကို အိမ္ျပင္ထြက္လည္ခြင့္ေပးပါ
အခ်ိန္တိုင္း တူတူ႐ွိေနတာဟာ ေကာင္းတဲ့ လကၡဏာ မဟုတ္ပါဘူး။ ေအာင္ျမင္တဲ့ခ်စ္ဇာတ္လမ္းေတြမွာ လူႏွစ္ေယာက္ဟာ တစ္ေယာက္ရဲ႕ ဝါသနာ အမူအက်င့္ေတြကို တစ္ေယာက္က ေလးစားေနရမွာပါ။ သင့္မိန္းမ သူ႔သူငယ္ခ်င္းေတြနဲ႔ သြားအိပ္ရင္ မတားပါနဲ႔။ သူ႔သူငယ္ခ်င္းေတြနဲ႔ လြတ္လြတ္လပ္လပ္ ခရီးထြက္ခြင့္ေပးပါ။ သင့္မိန္းမကို သင္နဲ႔ခ်ည္းတစ္ခ်ိန္လံုးမထားပါနဲ႔။

၄. အေသးစိတ္ေတြ လိုက္မေျပာပါနဲ႔
သူမကို အရာရာမွာ မထိန္းခ်ဳပ္ခ်င္ပါနဲ႔။ ေယာက္်ားနဲ႔ မိန္းမဟာ ျပသနာတစ္ခုကို ကိုင္တြယ္ေျဖ႐ွင္းပံုျခင္းကြာပါတယ္။ သူမေျဖ႐ွင္းေနၿပီဆိုရင္ သင့္ပါးစပ္ပိတ္ထားပါ။

၅. မရစ္ပါနဲ႔
ကြၽန္ေတာ္တို႔ဟာ လူႏွစ္ေယာက္ၾကားျပသနာေတြရဲ႕ သံုးပံုတစ္ပံုကိုပဲ ေျပေျပလည္လည္ ေျဖ႐ွင္းႏိုင္ပါတယ္။ တကယ္လို႔ အဆင္မေျပတာၾကံဳရတိုင္း ေျဖ႐ွင္းဖို႔ စကားမ်ားေနမယ္ဆိုရင္ မျဖစ္ႏိုင္တာကို လုပ္ေနတာပါပဲ။ တစ္ခါတစ္ေလမွာ သေဘာထားကြဲလြဲခြင့္ ေပးလိုက္ပါ။

၆. သူမကိုလည္း နားေထာင္ေပးပါ
သေဘာထားကြဲလြဲခြင့္ေပးတာဟာ “ဟုတ္ကဲ့” ေျပာၿပီး ပါးစပ္ပိတ္ထားခိုင္းတာ မဟုတ္ပါဘူး။ သင္က သူမအေၾကာင္းျပခ်က္ကို နားေထာင္ေပးၿပီး သူမဘက္ကေန စဥ္းစားေပးရမွာပါ။ သူမ ေျပာတာ အဓိပၸါယ္မ႐ွိဘူးထင္ရင္ေတာင္ အဲလိုလုပ္ရမွာပါ။ အဲဒါ သေဘာတူေပးတာမဟုတ္ပါဘူး။ အဲဒါ သူမကို ပိုနားလည္ေပးႏိုင္ေအာင္ ႀကိဳးစားတာပါ။ ရန္ျဖစ္ေနခ်ိန္ ေသြးပူေနတုန္း နားေထာင္မေပးႏိုင္ရင္ တျခား ေအးေဆးသြားတဲ့ အခ်ိန္ေတြမွာ ႀကိဳးစားၾကည့္ပါ။

၇. သူမနဲ႔ ပလူးပလဲေနပါ
သူမကို ဂ႐ုစိုက္ေပးပါ။ သူမကို ပလူးတဲ့စာေလးေတြ ပို႔ပါ။ သူမကို လန္းတယ္လို႔ ေျပာပါ။ ေမြးေန႔ ႏွစ္ပါတ္လည္ေတြလမဟုတ္တဲ့ ညေတြမွာလည္း အိမ္ျပန္ရင္ သူမအႀကိဳက္ ကိတ္မုန္႔ေလး ရံဖန္ရံခါဆိုသလို ယူသြားပါ။ တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔ရဲ႕ ဇနီးမယားေတြကို တျခားသူစိမ္းေတြေလာက္ေတာင္ အာရံုမစိုက္မိတတ္ၾကပါဘူး။ သူမလည္း သင္ဂ႐ုစိုက္တာ အရမ္းလိုခ်င္မွာပါ။

၈. သင့္ဖိအားေတြကို ထုတ္ေျပာပါ
ေယာက္်ားေတာ္ေတာ္မ်ားမ်ားဟာ သူတို႔စိတ္ဖိစီးမႈေတြကို တိတ္တိတ္ေနျခင္းနဲ႔ျဖစ္ေစ၊ အျပင္ထြက္သြားျခင္းနဲ႔ျဖစ္ေစ ႐ွင္းတတ္ၾကပါတယ္။ ဒါေပမယ့္ အဲဒါဟာ သင့္မိန္းမကို တလြဲထင္သြားေစပါတယ္။ သင့္ရဲ႕ စိတ္ဖိစီးမႈေတြကို သင့္မိန္းမကို ေျပာျပၿပီး သူမဆီကေန အကူအညီ ရယူလိုက္ပါ။

၉. အတိတ္ကို ျပန္သြားပါ
တစ္ခါတစ္ေလမွာ သင္တို႔ႏွစ္ေယာက္ ဘယ္လိုကေနဘယ္လို တူတူေနမိၾကတာလဲဆိုတာ ျပန္စဥ္းစားရမွာပါ။ ပံုေဟာင္းေတြ၊ ရည္းစားစာေဟာင္းေတြ ျပန္ၾကည့္ ျပန္ဖတ္ပါ။ သင္နဲ႔သူ ပထမဆံုးေတြ႕တုန္းက ရင္ခုန္လႈပ္႐ွားမႈေတြကို ျပန္႐ွာၾကည့္လိုက္ပါ။ ျပန္ခံစားႏိုင္ပါေသးတယ္။

၁၀. သင္ သူမကို ခ်စ္တဲ့ အခ်က္ေလးေတြ ေျပာျပပါ
ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ တန္ဖိုးထား ခ်စ္ျခင္းတရားနဲ႔ တည္ေဆာက္ထားတာပါ။ သင္ကေတာ့ သင္ သူ႔ကိုလက္ထပ္လိုက္လို႔ သင္သူ႔ကို အရမ္းခ်စ္တယ္ဆိုတာ သူသိေနၿပီ ထင္မွာပါ။ ဒါေပမယ့္ သူမကို ခ်စ္တဲ့အေၾကာင္းေလးေတြ အျမဲ ေျပာေပးေနရမွာပါ။


Unicode
==============================================

လင်ယောကျ်ားကောင်းတစ်ယောက် ဖြစ်စေဖို့

ယောကျ်ားတွေဟာ ကောင်မလေးတစ်ယောက်ကို မရခင်ကတော့ အသေအလဲ ပိုးပန်းကြပါတယ်။ ရပြီးသွားတော့ အရမ်း အရေးမလုပ်တော့ပါဘူး။ ကောင်းမွန်ပျော်ရွှင်ရတဲ့ မိသားစုဘဝတစ်ခုကိုုရဖို့လျို့ဝှက်ချက်ကတော့ သူမကို ဂရုစိုက်တဲ့ အပြုအမူ အသေးစားလေးတွေပါပဲ။ အဲဒိလိုမျိုး အပြုအမူ အသေးစားလေး ဆယ်ချက်ကို ဖော်ပြထားပါတယ်။ ကြိုးစားပြီးလုပ်ကြည့်ပါ။ သင့်မိသားစုဘဝနဲ့ သင့်ဇနီးပျော်ရွှင်ဖို့ သင်အားထုတ်မှ ရမှာပါ။

၁. ကာမဆက်ဆံပါ
ဒါကို ထည့်ပြောစရာမလိုဘူး မထင်ပါနဲ့။ လက်ထပ်ပြီးတာ ကြာတဲ့ စုံတွဲတွေဟာ လိင်ကိစ္စကို စိတ်ဝင်စားမှု လျော့နည်းလာတတ်ပါတယ်။ နေ့စဉ်ဘဝ အလုပ်ပင်ပန်းမှု စိတ်ဖိစီးမှုကြားမှာ လိင်ကိစ္စဟာ အောက်ဆုံးကို ရောက်သွားတတ်ပါတယ်။ အဲဒါဟာ မှားပါတယ်။ လိင်ကိစ္စဟာ အိမ်ထောင်ရေးကို အမြဲ သစ်လွင် နုပျိုနေဖို့ ကူညီပေးပါတယ်။

၂. သင့်ကလေးတွေကို လျစ်လျူရှုထားပါ ( မိနစ်အနည်းငယ်ပါ)
သူမကို တစ်နေ့ကို သင့်အချိန် ၁၅ မိနစ်လောက် တခြား တီဗွီတွေ၊ ဖုန်းတွေ၊ ကလေးတွေ၊ အလုပ်ကိစ္စတွေ မပါပဲ သူမကိုပဲ လုံးဝ သီးသန့် အချိန်ပေးထားပါ။ သူမကို ဒီနေ့ အဆင်ပြေလား၊ ဘာတွေ ဖြစ်ခဲ့သေးလဲ။ မေးပေးပါ။ အဲဒါဟာ သူမကို သင် ဂရုစိုက်ကြောင်း ပြရာရောက်ပါတယ်။

၃. သူမကို အိမ်ပြင်ထွက်လည်ခွင့်ပေးပါ
အချိန်တိုင်း တူတူရှိနေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အောင်မြင်တဲ့ချစ်ဇာတ်လမ်းတွေမှာ လူနှစ်ယောက်ဟာ တစ်ယောက်ရဲ့ ဝါသနာ အမူအကျင့်တွေကို တစ်ယောက်က လေးစားနေရမှာပါ။ သင့်မိန်းမ သူ့သူငယ်ချင်းတွေနဲ့ သွားအိပ်ရင် မတားပါနဲ့။ သူ့သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ခရီးထွက်ခွင့်ပေးပါ။ သင့်မိန်းမကို သင်နဲ့ချည်းတစ်ချိန်လုံးမထားပါနဲ့။

၄. အသေးစိတ်တွေ လိုက်မပြောပါနဲ့
သူမကို အရာရာမှာ မထိန်းချုပ်ချင်ပါနဲ့။ ယောက်ျားနဲ့ မိန်းမဟာ ပြသနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းပုံခြင်းကွာပါတယ်။ သူမဖြေရှင်းနေပြီဆိုရင် သင့်ပါးစပ်ပိတ်ထားပါ။

၅. မရစ်ပါနဲ့
ကျွန်တော်တို့ဟာ လူနှစ်ယောက်ကြားပြသနာတွေရဲ့ သုံးပုံတစ်ပုံကိုပဲ ပြေပြေလည်လည် ဖြေရှင်းနိုင်ပါတယ်။ တကယ်လို့ အဆင်မပြေတာကြုံရတိုင်း ဖြေရှင်းဖို့ စကားများနေမယ်ဆိုရင် မဖြစ်နိုင်တာကို လုပ်နေတာပါပဲ။ တစ်ခါတစ်လေမှာ သဘောထားကွဲလွဲခွင့် ပေးလိုက်ပါ။

၆. သူမကိုလည်း နားထောင်ပေးပါ
သဘောထားကွဲလွဲခွင့်ပေးတာဟာ “ဟုတ်ကဲ့” ပြောပြီး ပါးစပ်ပိတ်ထားခိုင်းတာ မဟုတ်ပါဘူး။ သင်က သူမအကြောင်းပြချက်ကို နားထောင်ပေးပြီး သူမဘက်ကနေ စဉ်းစားပေးရမှာပါ။ သူမ ပြောတာ အဓိပ္ပါယ်မရှိဘူးထင်ရင်တောင် အဲလိုလုပ်ရမှာပါ။ အဲဒါ သဘောတူပေးတာမဟုတ်ပါဘူး။ အဲဒါ သူမကို ပိုနားလည်ပေးနိုင်အောင် ကြိုးစားတာပါ။ ရန်ဖြစ်နေချိန် သွေးပူနေတုန်း နားထောင်မပေးနိုင်ရင် တခြား အေးဆေးသွားတဲ့ အချိန်တွေမှာ ကြိုးစားကြည့်ပါ။

၇. သူမနဲ့ ပလူးပလဲနေပါ
သူမကို ဂရုစိုက်ပေးပါ။ သူမကို ပလူးတဲ့စာလေးတွေ ပို့ပါ။ သူမကို လန်းတယ်လို့ ပြောပါ။ မွေးနေ့ နှစ်ပါတ်လည်တွေလမဟုတ်တဲ့ ညတွေမှာလည်း အိမ်ပြန်ရင် သူမအကြိုက် ကိတ်မုန့်လေး ရံဖန်ရံခါဆိုသလို ယူသွားပါ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ ဇနီးမယားတွေကို တခြားသူစိမ်းတွေလောက်တောင် အာရုံမစိုက်မိတတ်ကြပါဘူး။ သူမလည်း သင်ဂရုစိုက်တာ အရမ်းလိုချင်မှာပါ။

၈. သင့်ဖိအားတွေကို ထုတ်ပြောပါ
ယောက်ျားတော်တော်များများဟာ သူတို့စိတ်ဖိစီးမှုတွေကို တိတ်တိတ်နေခြင်းနဲ့ဖြစ်စေ၊ အပြင်ထွက်သွားခြင်းနဲ့ဖြစ်စေ ရှင်းတတ်ကြပါတယ်။ ဒါပေမယ့် အဲဒါဟာ သင့်မိန်းမကို တလွဲထင်သွားစေပါတယ်။ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို သင့်မိန်းမကို ပြောပြပြီး သူမဆီကနေ အကူအညီ ရယူလိုက်ပါ။

၉. အတိတ်ကို ပြန်သွားပါ
တစ်ခါတစ်လေမှာ သင်တို့နှစ်ယောက် ဘယ်လိုကနေဘယ်လို တူတူနေမိကြတာလဲဆိုတာ ပြန်စဉ်းစားရမှာပါ။ ပုံဟောင်းတွေ၊ ရည်းစားစာဟောင်းတွေ ပြန်ကြည့် ပြန်ဖတ်ပါ။ သင်နဲ့သူ ပထမဆုံးတွေ့တုန်းက ရင်ခုန်လှုပ်ရှားမှုတွေကို ပြန်ရှာကြည့်လိုက်ပါ။ ပြန်ခံစားနိုင်ပါသေးတယ်။

၁၀. သင် သူမကို ချစ်တဲ့ အချက်လေးတွေ ပြောပြပါ
အောင်မြင်တဲ့ အိမ်ထောင်ရေးတွေဟာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထား ချစ်ခြင်းတရားနဲ့ တည်ဆောက်ထားတာပါ။ သင်ကတော့ သင် သူ့ကိုလက်ထပ်လိုက်လို့ သင်သူ့ကို အရမ်းချစ်တယ်ဆိုတာ သူသိနေပြီ ထင်မှာပါ။ ဒါပေမယ့် သူမကို ချစ်တဲ့အကြောင်းလေးတွေ အမြဲ ပြောပေးနေရမှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

Ref ;  Gentleman Magazine

Post a Comment

Blogger Disqus

Comment ေပးရန္ ညာဘက္ေထာင့္မွ Blogger or Facebook or Disqus ကုိႏွိပ္ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...