အောင်မြင်ချမ်းသာသူတို့၏ အလေ့အကျင့်များ
ဒီနေ့ သင်ဘာလုပ်လဲဆိုတာက အရေးကြီးပါတယ်။ သင့်ရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေက အောင်မြင်ကြီးပွားရေးအတွက် အဓိကအခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ နှင်းတောင်ပြိုကျရာမှာ နှင်းဖတ်ကလေးတွေး စုစည်းများပြားလာပြီးမှ ဖြစ်ပွားသလို နေ့စဉ်အလေ့အကျင့်တွေ ပေါင်းစုတဲ့အခါကျမှ တဟုန်ထိုးအာင်မြင်မှုတွေကို ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်။
တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၁၆၀၀၀၀ နဲ့အထက်ရှိပြီး အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၃.၂ သန်းရှိတဲ့ လူချမ်းသာတွေနဲ့ တစ်နှစ် ဝင်ငွေ ဒေါ်လာ ၃၅၀၀၀ အောက်နဲ့ အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၅၀၀၀ အောက်သာရှိတဲ့ သာမန်လူတန်းစားတွေရဲ့ ဘဝရှင်သန်မှု အလေ့အကျင့်တွေကို လေ့လာကြည့်ရာမှာ သက်ဆိုင်ရာ အုပ်စုအလိုက် ကွဲပြားခြားနားတဲ့ အမူအကျင့်တွေရှိတာကို တွေ့ရှိခဲ့ပါတယ်။
ဒီတော့ ချမ်းသာကြွယ်ဝသူတစ်ယောက်ရဲ့ နေ့စဉ်လုပ်ဆောင်လေ့ရှိတဲ့ အလေ့အကျင့်တွေကို အတုယူနိုင်အောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ ရည်မှန်းချက်ကို မျက်ခြေပြတ်မခံပါဘူး။
ချမ်းသာကြွယ်ဝသူ ၆၂ ရာခိုင်နှုန်းက ရည်မှန်းချက် အထမြောက်ဖို့ နေ့တိုင်းအာရုံစိုက်လုပ်ဆောင်လေ့ရှိပြီး သာမန်လူတွေထဲက ၆ ရာခိုင်နှုန်းလောက်ပဲ အာရုံစိုက်ကြပါတယ်။ လူချမ်းသာတွေက လစဉ် နှစ်စဉ်ဆောင်ရွက်ရမယ့် ရည်မှန်ချက်တွေ ချမှတ်ထားရုံသာမက သူတို့ထဲက ၆၇ ရာခိုင်နှုန်းက ရည်မှန်းချက်တွေကို ချရေးထားတတ်ပါတယ်။ ရည်မှန်းချက်ဆိုတာ အကောင်အထည်ဖော်နိုင်ဖို့လို့ပါတယ်။ လုပ်ဆောင်နိုင်တဲ့ အတိုင်းအဆာနဲ့ ရယူနိုင်တဲ့ ရည်မှန်းချက်မျိုးတွေ ထားရှိရမှာဖြစ်ပါတယ်။
၂။ နေ့စဉ်အပြီးသတ်လုပ်ဆောင်ရမှာတွေကို သိကြပါတယ်။
နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စာရင်းပြုစုဆဲ့အလေ့အကျင့်က လူချမ်းသာတွေမှာ ၈၁ ရာခိုင်နှုန်း တွေ့ရပြီး သာမန်လူတွေမှာတော့ ၁၆ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ လူချမ်းသာတွေက နေ့စဉ်အလုပ်စာရင်းကို ချရေးထားပြီး အလုပ်တွေရဲ့ ၇၀ ရာခိုင်နှုန်းထက်မက ပြီးစီးအောင် လုပ်ဆောင်လေ့ရှိပါတယ်။
၃။ တီဗီကြည့်ပြီး အချိန်အကုန်မခံပါဘူး
လူချမ်းသာတွေထဲက ၆၇ ရာခိုင်နှုန်းက တစ်နေ့ကို အများဆုံး တစ်နာရီလောက်ပဲ တီဗီကြည့်ကြပေမယ့် သာမန်လူတွေကတော့ သူတို့ရဲ့အချိန်အများစုကို တီဗီကြည့်ရင်း ကုန်ဆုံးသွားတတ်ကြပါတယ်။ တီဗီကြည့်တဲ့နေရာမှာလည်း လူချမ်းသာတွေက ဗဟုသုတရမယ့်အစီအစဉ်တွေကိုပဲ ကြည့်ရှုလေ့ရှိပြီး reality show တွေကို သိပ်ကြည့်လေ့မရှိပါဘူး။ သူတို့တွေက တီဗီကြည့်ဖို့ထက် စာဖတ်ဖို့ကို အားသန်သူတွေဖြစ်ပါတယ်။
၄။ စာဖတ်ကြတယ်။
နေ့စဉ်စာဖတ်တဲ့အလေ့အကျင့်က လူချမ်းသာတွေမှာ ၆၀ ရာခိုင်နှုန်းလောက် ပိုများပါတယ်။ စာဖတ်တယ်ဆိုတဲ့နေရာမှာလည်း သာမန်လူတွေလို အပျော်ဖတ်စာပေတွေထက် အသိဉာဏ်ပညာဖွံံ႔ဖြိုးတိုးတက်စေမယ့် စာပေအမျိုးအစားတွေကို ပိုဖတ်လေ့ရှိပါတယ်။
၅။ Audiobook တွေကိုလည်း နားထောင်လေ့ရှိပါတယ်။
အလုပ်ကို အသွားအပြန်အချိန်တွေမှာ လူချမ်းသာတွေရဲ့ ၆၃ ရာခိုင်နှုန်းက အသိပညာရရှိစေမယ့် အကြောင်းအရာတွေကို ဟောပြောပို့ချထားတဲ့ အသံသွင်း audiobook တွေကို နားထောင်လေ့ရှိပါတယ်။
၆။ လိုတာထက် ပိုလုပ်တတ်ကြတယ်။
ချမ်းသာကြွယ်ဝသူတွေရဲ့ ၈၁ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်ထဲမှာ ဝတ်ကြေတန်းကျေထက်ပိုပြီး လုပ်ဆောင်လေ့ရှိပါတယ်။ လူချမ်းသာတွေက တစ်ပတ်ကို နာရီ ၅၀ နဲ့အထက်အလုပ်လုပ်နေကြပေမယ့် သာမန်လူတွေက အလုပ်မှာ မပျော်မရွှင်နဲ့ ဝတ်ကျေတန်းကျေသာ လုပ်တတ်ကြပါတယ်။
၇။ ကံအကျိုးပေးမယ့်အချိန်ကို မမျှော်လင့်တတ်ကြပါဘူး
ထီပေါက်ပြီးချမ်းသာလာဖို့ကို လူချမ်းသာတွေထဲက ၆ ရာခိုင်နှုန်းလောက်ကပဲ စိတ်ဝင်စားပြီး သာမန်လူတွေထဲက ၇၇ ရာခိုင်နှုန်းလောက်အထိ မျှော်လင့်တတ်ကြပါတယ်။
၈။ ကိုယ်အလေးချိန်ကို ထိန်းထားတတ်ကြတယ်။
ကျန်းမာရေးကို ဂရုစိုက်တတ်တာကိုဆိုလိုတာဖြစ်ပါတယ်။ လူချမ်းသာတွေထဲက ၅၇ ရာခိုင်နှုန်းလောက်က အစားအသောက် အနေအထိုင်ကို ဂရုစိုက်ဆင်ခြင်ပြီး ကိုယ်လက်လှုပ်ရှာ အားကစားတွေလည်း လုပ်လေ့ရှိပါတယ်။
၉။ အပြုံးတွေ လှပနေစေဖို့ ဂရုစိုက်ကြတယ်။
လူချမ်းသာတွေထဲက ၆၂ ရာခိုင်နှုန်းလောက်က ပြုံးတဲ့အခါမှာ လှပနေစေဖို့ နေ့တ်ိုင်း သွားသန့်ရှင်းရေးလုပ်တတ်ကြပါတယ်။
Ref ; Gentleman Magazine
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။